NEWS

ဆောက်လုပ်ရေးနဲ့သစ်လုပ်ငန်းဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ်ကဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ကိုဂျူတီအောင်ရဲ့စစ်ကြောရေးအတွေ့အကြုံနဲ့ထောင်တွင်းဖြတ်သန်းမှု့

CoverLogo
4.2K Views

"ရင်ဝကိုစစ်ဖိနပ်နဲ့ကန်ပြီးလဲသွားတာကိုနားအုံကိုထပ်ရိုက်တာကျတော်နားကမကြားတော့ဘူး နားမကြားလို့လက်ဟန်ခြေဟန်နဲ့ပြောတာကိုလက်ကိုနံပါတ်တုတ်နဲ့ထပ်ရိုက်လို့ဘယ်လက်ကျိုးသွားတယ် ထောင်ထဲရောက်တော့လဲကျတော်တို့နိုင်ကျဥ်းတွေကိုမိလ္လာစုပ်စက်ရှိရဲ့သားနဲ့မိလ္လာကိုဘူးနဲ့ခပ်ခိုင်းတယ်ထောင်ပိုင်တွေကနိုင်ကျဥ်းတွေဆိုပိုလုပ်ခိုင်းတယ်"

ဒါကတော့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ဆောက်လုပ်ရေးနဲ့သစ်လုပ်ငန်းဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ်ကဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ကိုဂျူတီအောင်ရဲ့စစ်ကြောရေးအတွေ့အကြုံနဲ့ထောင်တွင်းဖြတ်သန်းမှု့ထဲကအကြောင်းအရာတခုဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေသမဂ္ဂအဖွဲ့ဝင်တွေနဲ့အလုပ်သမားခေါင်းဆောင်တွေကိုရှာဖွေဖမ်းဆီးပြီးပုဒ်မအမျိုးမျိုးနဲ့ဖမ်းဆီးထောင်ချနေခဲ့တာပါ။

ကိုဂျူတီအောင်ကတော့အာဏာသိမ်းပြီး၅လအကြာမေလ(၂၄)ရက်နေ့
မှော်ဘီသံတံတားကျေးရွာမှာရှိတဲ့ဦးမောင်မောင်ကြီးဆိုသူပိုင်ဆိုင်တဲ့Natural Clay အုတ်ကြွပ်မိုးစက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့တွေကိုကူညီနေရင်းကပဲစက်ရုံပိုင်ရှင်နဲ့မန်နေဂျာကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလက်ထောက်ချလိုက်လို့အဖမ်းခံခဲ့ရတာပါ။

"လာဖမ်းတာရဲတွေချည့်ပဲရဲကားနဲ့လာတာပေါ့စက်ရုံကလက်ထောက်ချလိုက်တာမှော်ဘီစခန်းကိုခေါ်သွားပြီးစစ်တော့ကျွန်တော်တို့ကအလုပ်သမားအခွင့်အရေးအတွက်ဥပဒေအရတရားဝင်လုပ်နေတာပြောလဲမရဘူးရိုက်တာလက်ဆိုခုထိမကောင်းသေးဘူး"လို့ကိုဂျူတီအောင်ကသူအဖမ်းခံခဲ့ရပုံနဲ့ပတ်သက်ပြီး Myanmar Labour Newsကိုပြောပါတယ်။

ရိုက်နှက်စစ်ဆေးခဲ့တဲ့အတွက်ဘယ်ဖက်လက်တဖက်ကျိုးပြီးနားကောင်းကောင်းမကြားရတော့ပေမယ့်သူထောင်ထဲရောက်တဲ့အထိဆေးကုသခွင့်ဆိုနထ္ထိပါ။

ထောင်ထဲရောက်ရင်နဲနဲတော့အဆင်ပြေသွားလောက်ပါရဲ့လို့ကိုဂျူတီအောင်ထင်ထားခဲ့ပေမယ့်-
"အထဲရောက်တဲ့အထိဆေးမကုပေးတော့ ရှိတဲ့ဆေးအပူလေးနဲ့ပုဆိုးပိုင်းလေးဖြဲပြီးပတ်ထားရတာအထဲမှာပိုဆိုးပါတယ်ကျတော်တို့နိုင်ကျဥ်းတွေကိုအလုပ်ကြမ်းခိုင်းတယ်မင်းတို့ကြောင့်​ေ-ာက်လုပ်ရှုပ်ရတာဆိုပြီးပြောပြီးတော့ခိုင်းတာ"လို့ မှော်ဘီရဲစခန်းကနေအင်းစိန်ထောင်ကိုရောက်ရှိစဥ်မှာပဲအခွင့်အရေးစချိုးဖောက်ခံရတဲ့အကြောင်းကိုသူကပြောပါတယ်။

အင်းစိန်ထောင်ကိုရောက်ရှိလာတဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေဟာဖမ်းဆီးစဥ်ဒါမှမဟုတ်စစ်ကြောရေးမှာရရှိလာတဲ့ဒါဏ်ရာတွေကိုအင်းစိန်ထောက်အာဏာပိုင်တွေကကုသခွင့်မပေးတဲ့အပြင်ယုံကြည်ချက်ကြောင့်အကျဥ်းကျခံနေရတဲ့နိုင်ငံရေးအကျဥ်းသားတွေကိုပိုပြီးနှိပ်ကွပ်ကြပါတယ်။

"မိလ္လာစုပ်တဲ့စက်ရှိတာပေးမသုံးဘူးခွက်နဲ့ခပ်ခိုင်းတယ်ဗျာဒါနဲ့အကုန်လုံးစုပြီးရှိတဲ့ပိုက်ဆံလေးနဲ့စက်ဖိုးပေးလိုက်တော့လဲသူတို့လက်ထဲမှာပဲပိုက်ဆံကပျောက်သွားတယ်နောက်ဆုံးတော့ခွက်နဲ့ပဲပြန်ခက်ခဲ့ရတာ"လို့ ကိုဂျူတီအောင်ကထောင်အာဏာပိုင်တွေရဲ့ ညစ်ညမ်းယုတ်မာပုံကိုပြောပါတယ်။

အကျဥ်းထောင်အာဏာပိုင်တွေရဲ့ဖိနှိပ်မှု့ကြောင့်ကိုဂျူတီအောင်ရဲ့ရဲဘော်အကျဥ်းသားအချို့ကိုဗစ် ဒါမှမဟုတ်အစာရေစာပြတ်လပ်ပြီးဖျားတဲ့အတွက်သေဆုံးခဲ့တာတွေရှိခဲ့တယ်လို့လဲသိရပါတယ်။

"ဘယ်လောက်ယုတ်မာလဲဆိုတော့ဖျားနေတာကိုခွဲပိတ်ထားပြီးအစာမကြွေးတော့သေ ရော
ကျွန်တော့်ရဲဘော်တွေကျွန်တော့်ရှေ့မှာပဲကိုဗစ်တတိယလှိုင်းတုန်းကမနည်းဘူးဗျာ"

လို့သူ့ရဲဘော်ရဲဘက်အတွက်ဒေါသနဲ့တုန်ရင်လာတဲ့အသံကိုထိန်းပြီး Myanmar Labour News ရဲ့မေးမြန်းချက်ကိုဆက်ဖြေပါတယ်

ဒီလိုတွေကြုံလာရပေမယ့်အာဏာကိုမတရားရယူထားတဲ့စစ်အစိုးရကိုတော်လှန်မယ်ဆိုတဲ့စိတ်ရှိနေသေးတယ်ဆိုတာကတော့ကိုဂျူတီအောင်ပြောတဲ့စကားတွေကဖော်ပြနေပါတယ်။

"ဒီလိုပြည်သူတွေကအာဏာပေးထားတဲ့တရားဝင်အစိုးရကိုမတရားအာဏာသိမ်းတဲ့စစ်အစိုးရကိုကျွန်တော်တို့ရောကျွန်တော်တို့ရဲဘော်တွေရောရရာနည်းနဲ့တော်လှန်မယ်ဆိုတာသံဓိဌာန်ချပြီးသား"လို့သူ့ကိုဒီလိုလုပ်ခဲ့တဲ့ စစ်အစိုးရကိုကြောက်ရွံ့သွားမျာမဟုတ်ပဲဆက်လက်တော်လှန်မယ့်အကြောင်းMyanmar Labour News ကိုအားနဲ့မာန်နဲ့ပြောပါတယ်။

နိုဝင်ဘာ ၊ ၆ ရက်
#Interview
#Labour
#MyanmarLabour
#နိုင်ငံရေးအကျဥ်းသား
#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026