NEWS

ဆိုင်ခန်းငှားရမ်းခ မြင့်တက်လာမှုကြောင့် လက်လီအရောင်းဆိုင်ငယ်တွေ ရပ်တည်ရန်ခက်ခဲလာ

CoverLogo
288 Views
 
ရန်ကုန်မြို့မှာနေအိမ်ငှားရမ်းခတွေအဆမတန်မြင့်တက်လာပြီးနောက်မှာဆိုင်ခန်းငှားရမ်းခတွေပါမြင့်တက်လာတာကြောင့်တစ်နိုင်တစ်ပိုင်အရောင်းဆိုင်လေးတွေ ရပ်တည်ဖို့ အခက်တွေ့နေကြပါတယ်။
 
လက်ရှိမှာ ဆိုင်ခန်းငှား ရမ်းခတွေဟာမြို့နယ်ရဲ့အချက်အချာကျမှုနဲ့တည်နေရာကိုမူတည်ပြီးအရင်ကထက်နှစ်ဆကျော်မြင့်တက်လာတာပဲဖြစ်ပါတယ်။
 
"လမ်းမတန်းပေါ်ဆို ၁၀ ပေ ၆၀ ဆိုအနည်းဆုံးသုံးသိန်းခွဲနဲ့လေးသိန်းပေါက်ဈေးရှိတယ်။တစ်ချို့ဟာစပေါ်ငွေကိုသိန်း ၃၀ လောက်ပေးရတယ်လစာကသုံးသိန်းကိုတစ်လချင်းပေး၊ ရေဖိုး၊ မီးဖိုးကသပ်သပ်ပေးရတယ်။တစ်ချို့ကျ‌လည်းစ‌ပေါ် မယူဘူး။ လချုပ်၊‌ ၆ လချုပ်‌ တောင်းတယ်။အခုကအရောင်းအဝယ်တွေပါးတော့သိပ်တော့မကိုက်ဘူး။ဒါပေမယ့်လူပါနေရတော့ထိန်းစားပြီးလုပ်နေရတာပဲ"လို့‌ ရွှေပြည်သာမြို့နယ်သံဒင်းဈေးနားဆိုင်ခန်းဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။
 
ဒီလိုဆိုင်ငှားရမ်းခတွေမြင့်တက်လာတာကိုရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့မြို့နယ်တွေတင်မကဘဲအစွန်အဖျားမြို့နယ်တွေမှာပါရင်ဆိုင်နေရတာဖြစ်ပါတယ်။
 
အာဏာမသိမ်းခင်ကကျပ်တစ်သိန်းကျော်ရုံသာရှိခဲ့တဲ့ဆိုင်ခန်းငှားရမ်းခတွေကလက်ရှိမှာနှစ်ဆကျော်မြင့်တက်နေပေမယ့်ငှား ရမ်းလိုသူလည်းများနေတယ်လို့သိရပါတယ်။
 
"အခုကနေရာတိုင်းဈေးတက်တယ်။ကိုယ်ကမိတ်လေးလည်းရနေတော့နေရာကမပြောင်းချင်ဘူး။ဒါပေမယ့်သူ့အတွက်တစ်ရက်တစ်သောင်းကျော်ရှာပေးနေရတယ်။ဒီလိုအရောင်းပါးပုံနဲ့ရေရှည်မလွယ်ဘူး။အခုကအလုပ်သမားခေါ်လည်းလစာကအရင်လိုပေးလို့မရဘူး။ဒါပေမယ့်အရောင်းအဝယ်ကကျမရှိဘူး။ရေရှည်တော့မလွယ်ဘူး"လို့လက်လီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
 
လက်ရှိမှာဆိုင်ခန်းငှားရမ်းခတွေမြင့်တက်တာ၊ကုန်ပစ္စည်းအရင်းတွေတက်တာ၊ အခွန်အခတွေကိုအရင်ကထက်ပိုကောက်ခံလာတာနဲ့အလုပ်သမားငှားခတွေမြင့်တက်လာ‌ ပေမယ့်အရောင်းအဝယ်ကျဆင်းလာတာကြောင့်တစ်နိုင်တစ်ပိုင်အရောင်းဆိုင်တွေအခက်တွေ့နေရတာပဲဖြစ်ပါတယ်။
 

 


Related posts

Cover
ပုဂ္ဂလိကလုပ်ငန်းများရှိ လုပ်သားများ အတွက် အပိုထောက်ပံ့ကြေး ၁၀၀၀ ထပ်တိုးပေးကာ နေ့စဉ်လုပ်ခ ၇၈၀၀ ကျပ် အဖြစ် သတ်မှတ် (ရုပ်သံသတင်း)
Oct 15, 2025
Cover
ပုဂ္ဂလိကလုပ်ငန်းများရှိ လုပ်သားများ အတွက် အပိုထောက်ပံ့ကြေး ၁၀၀၀ ထပ်တိုးပေးကာ နေ့စဉ်လုပ်ခ ၇၈၀၀ ကျပ် အဖြစ် သတ်မှတ်
Oct 15, 2025
Cover
ထိုင်းနိုင်ငံ၊ Home Richfull စက်ရုံတွင် မြန်မာလုပ်သားများ အတင်းအကျပ် ခိုင်းစေခံနေရ
Oct 14, 2025
Cover
လာအိုနိုင်ငံ၊ TIAN TAI စက်ရုံမှ မြန်မာအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံနေရ
Oct 14, 2025
Cover
အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါအဝင် အကျဉ်းထောင် အချုပ်ခန်းရှိ အချုပ်သား များကို ကြိုတင်မဲထည့်ဖို့ ဖိအားပေးနေဟုဆို
Oct 13, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ဖြေရှင်းပေးဖို့ လိုလားနေ
Oct 12, 2025
Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ (ရုပ်သံသတင်း)
Oct 09, 2025