NEWS

ဆိုင်ခန်းငှားရမ်းခ မြင့်တက်လာမှုကြောင့် လက်လီအရောင်းဆိုင်ငယ်တွေ ရပ်တည်ရန်ခက်ခဲလာ

CoverLogo
378 Views
 
ရန်ကုန်မြို့မှာနေအိမ်ငှားရမ်းခတွေအဆမတန်မြင့်တက်လာပြီးနောက်မှာဆိုင်ခန်းငှားရမ်းခတွေပါမြင့်တက်လာတာကြောင့်တစ်နိုင်တစ်ပိုင်အရောင်းဆိုင်လေးတွေ ရပ်တည်ဖို့ အခက်တွေ့နေကြပါတယ်။
 
လက်ရှိမှာ ဆိုင်ခန်းငှား ရမ်းခတွေဟာမြို့နယ်ရဲ့အချက်အချာကျမှုနဲ့တည်နေရာကိုမူတည်ပြီးအရင်ကထက်နှစ်ဆကျော်မြင့်တက်လာတာပဲဖြစ်ပါတယ်။
 
"လမ်းမတန်းပေါ်ဆို ၁၀ ပေ ၆၀ ဆိုအနည်းဆုံးသုံးသိန်းခွဲနဲ့လေးသိန်းပေါက်ဈေးရှိတယ်။တစ်ချို့ဟာစပေါ်ငွေကိုသိန်း ၃၀ လောက်ပေးရတယ်လစာကသုံးသိန်းကိုတစ်လချင်းပေး၊ ရေဖိုး၊ မီးဖိုးကသပ်သပ်ပေးရတယ်။တစ်ချို့ကျ‌လည်းစ‌ပေါ် မယူဘူး။ လချုပ်၊‌ ၆ လချုပ်‌ တောင်းတယ်။အခုကအရောင်းအဝယ်တွေပါးတော့သိပ်တော့မကိုက်ဘူး။ဒါပေမယ့်လူပါနေရတော့ထိန်းစားပြီးလုပ်နေရတာပဲ"လို့‌ ရွှေပြည်သာမြို့နယ်သံဒင်းဈေးနားဆိုင်ခန်းဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။
 
ဒီလိုဆိုင်ငှားရမ်းခတွေမြင့်တက်လာတာကိုရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့မြို့နယ်တွေတင်မကဘဲအစွန်အဖျားမြို့နယ်တွေမှာပါရင်ဆိုင်နေရတာဖြစ်ပါတယ်။
 
အာဏာမသိမ်းခင်ကကျပ်တစ်သိန်းကျော်ရုံသာရှိခဲ့တဲ့ဆိုင်ခန်းငှားရမ်းခတွေကလက်ရှိမှာနှစ်ဆကျော်မြင့်တက်နေပေမယ့်ငှား ရမ်းလိုသူလည်းများနေတယ်လို့သိရပါတယ်။
 
"အခုကနေရာတိုင်းဈေးတက်တယ်။ကိုယ်ကမိတ်လေးလည်းရနေတော့နေရာကမပြောင်းချင်ဘူး။ဒါပေမယ့်သူ့အတွက်တစ်ရက်တစ်သောင်းကျော်ရှာပေးနေရတယ်။ဒီလိုအရောင်းပါးပုံနဲ့ရေရှည်မလွယ်ဘူး။အခုကအလုပ်သမားခေါ်လည်းလစာကအရင်လိုပေးလို့မရဘူး။ဒါပေမယ့်အရောင်းအဝယ်ကကျမရှိဘူး။ရေရှည်တော့မလွယ်ဘူး"လို့လက်လီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
 
လက်ရှိမှာဆိုင်ခန်းငှားရမ်းခတွေမြင့်တက်တာ၊ကုန်ပစ္စည်းအရင်းတွေတက်တာ၊ အခွန်အခတွေကိုအရင်ကထက်ပိုကောက်ခံလာတာနဲ့အလုပ်သမားငှားခတွေမြင့်တက်လာ‌ ပေမယ့်အရောင်းအဝယ်ကျဆင်းလာတာကြောင့်တစ်နိုင်တစ်ပိုင်အရောင်းဆိုင်တွေအခက်တွေ့နေရတာပဲဖြစ်ပါတယ်။
 

 


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026