NEWS

ဆန်ဈေးတင်ရောင်းလိုဆိုကာ  ဂျပန်နိုင်ငံသားကို ထောင်ဒဏ် ၁ နှစ်နှင့် ငွေဒဏ် ၅ သိန်းကျပ် ပြစ်ဒဏ်ချ

CoverLogo
416 Views

ဆန်ဈေးတင်ရောင်းတယ်လိုဆိုကာ အဖမ်းခံရတဲ့ ဂျပန်နိုင်ငံသား ဟီရိုရှီကာဆာမက်ဆု ကို ထောင်ဒဏ်တစ်နှစ်နဲ့ငွေဒဏ် ကျပ်ငါးသိန်း ပြစ်ဒဏ်ချမှတ်လိုက်တယ်လို ဂျပန်သတင်းဌာနတွေနဲ့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းဝိုင်းမှ သိရပါတယ်။ 

ဇွန်လ ၃၀ ရက် မှာ ဆန်ဈေးနှုန်းကို သတ်မှတ်ဈေးထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့တဲ့ အတွက် ၂၀၁၂ခုနှစ် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅အရ   ဂျပန် နိုင်ငံသား ဟီရိုရှီကာဆာမက် ကို အရေးယူခဲ့တာ ဖြစ်ပါတယ်။ 

အခုလို အရေးယူခဲ့ပြီး အမှုကိုတရားစွဲတင်ခဲ့ကာ သြဂုတ်လ ၉ ရက်တွင် စစ်ဆေးမှု ပြီးခဲ့ပြီး သြဂုတ်လ ၁၂ ရက် မှာ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို သိရပါတယ်။ 

၂၀၁၂ခုနှစ် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ မှာ ထောင်ဒဏ်ခြောက်လ မှ ထောင်ဒဏ်သုံးနှစ်အထိ ချနိုင်တဲ့ အပြင် ကျပ်ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို သိရပါတယ်။ 

ပြစ်ဒဏ်ချမှတ်ခံရတဲ့ ဂျပန်နိုင်ငံသားမှာ အသက် ၅၃ အရွယ်ရှိပြီးAeon Orange ရဲ့ ဒါရိုက်တာဖြစ်တယ်လို သိရပါတယ်။ 

ဆန်ဈေးတင် ရောင်းတဲ့ အတွက် ဂျပန် နိုင်ငံသား အပါအဝင် ဆန်ကုန်သည်တွေအပါအဝင် တာဝန်ရှိသူ  ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့ကာ လက်ရှိအချိန်ထိ အဆိုပါ ၁၁ဦး ကို ပြစ်ဒဏ်ချမှတ်တာနဲ့ပက်သက်ပြီး စစ်ကောင်စီဘက်မှ သတင်းတစ်စုံတရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။ 


Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026