NEWS

စံချိန်တင်မြင့်တက်ဆဲ အခြေခံကုန်စည် ဈေးနှုန်းများ

CoverLogo
342 Views

ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ကျဆင်းမှုမရှိဘဲ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းတွေနဲ့သာဆက်ရှိနေပါတယ်။ 

ဒီလိုအမြင့်ဈေးမှာရှိနေတဲ့အတွက်ကြောင့် ဝင်ငွေနည်းပါးတဲ့အခြေခံပြည်သူတွေ စားဝတ်နေရေး ပိုမိုအခက်တွေ့လာရပါတယ်။ 
ပြည်တွင်းက ဈေးတွေမှာ ပြည်ပထုတ်ကုန်အချို့ပစ္စည်းပြတ်တာ၊ ဝယ်ယူမရတာအထိ ရှိနေပြီး ပြည်တွင်း ထုတ်ကုန်တွေ အစားထိုးဝင်ရောက်နေပေမယ့် ဈေးနှုန်းကတော့ အမြင့်မှာသာရှိနေတာပါ။ 

အခုလို မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းအခြေအနေကို နှိုင်းယှဉ်သိရှိနိုင်ဖို့  ယခုတစ်ပတ်တာနိုဝင်ဘာ ၁၈ ရက်က​နေ  ၂၄ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့   ရွှေဈေး ငွေဈေးနဲ့ အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

နိုဝင်ဘာ ၁၈ ရက်နေ့ကနေ နို၀င်ဘာ ၂၄ ရက်အထိ  စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ဈေးနှုန်းများဟာ ၉၂ တစ်လီတာလျှင် ၃၀၁၀ကျပ် ၉၅ တလီတာ  ၃၂၀၀ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ ၂၆၆၅ ကျပ်၊ ပရီမီယံဒီဇယ်လီတာ  ၃၃၁၀ ကျပ်ဖြစ်သတ်မှတ်ထားတာဖြစ်ပြီး နို၀င်ဘာ၂၂ရက်ကနေ ၂၄ရက်အထိဈေးနှုန်းကတော့ ၉၂တစ်လီတာလျှင်  ၂၉၅၅ကျပ် ၉၅ တလီတာ ၃၁၅၀ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ  ၂၆၂၀ ကျပ်၊ ပရီမီယံဒီဇယ်တလီလီတာ  ၃၂၅၅ကျပ်ဖြစ်လို့ အနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။  
စက်သုံးဆီဈေးနှုန်းဟာအပတ်စဉ် သောကြာနေ့တိုင်းမှာ ပြောင်းလဲမှုရှိနေတာဖြစ်ပြီး စက်သုံးဆီပြင်ပပေါက်ဈေးကတော့ ၉၂ တလီတာ  ၃၂၀၀ ကျပ်မှ  ၃၅၀၀ ကျပ်နှုန်းဖြင့် ဈေးအနည်းငယ်ကျဆင်းနေတာတွေ့ရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ နို၀င်ဘာ ၁၈ ရက်နေ့ရဲ့ကမ္ဘာ့​ရွှေရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၅၇၁ ရှိပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်တဲ့  အခေါက်ရွှေပေါက်ဈေးဟာကျပ် ၅၂သိန်း ၂ သောင်းကျော်ဖြစ်ကာ နိုဝင်ဘာ ၁၉ရက်နေ့မှာ  ၅၂ သိန်း၈သောင်းကျော်၊ ၂၀ရက်နေ့မှာတော့ ၅၃ သိန်း၄ သောင်းကျော်နဲ့ နို၀င်ဘာ ၂၂ရက်နေ့မှာတော့ ၅၄သိန်း ၁ သောင်းကျပ်ဖြစ်ကာ အဆိုပါသတ်မှတ်ဈေးနှုန်းဟာ  နိုဝင်ဘာ ၂၄ရက်နေ့အထိသတ်မှတ်ထားတာဖြစ်လို့ ရွှေအသင်းရဲ့ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၁သိန်း၈သောင်းဖြစ်တယ်လို့  သတ်မှတ်ထားတာကြောင့်  ယခုတစ်ပတ်တာရဲ့ရွှေလုပ်ငန်းရှင်များအသင်းရဲ့  သတ်မှတ်ဈေးနှုန်းဟာ  တပတ်တာလုံးဈေးတက်လာတာဖြစ်ပါတယ်။   

ပြင်ပရွှေဈေးကွက်မှာတော့ နိုဝင်ဘာ ၁၈ရက်နေ့  ပြင်ပအခေါက်ရွှေဈေးနှုန်းတွေဟာ သိန်း ၆၀ ကျပ်ဖြစ်ပြီး ၁၉ ရက်နေ့မှာတော့  ၆၂သိန်း၊ ၂၀ရက်နေ့မှာ ၆၁ သိန်း၈သောင်းဖြစ်ကာ  ၂၁ရက်မှာတော့ ၆၂သိန်းကျပ်ဖြစ်ကာ ၂၂ရက်မှာ ၆၂သိန်း၈သောင်းသို့ပြန်လည်မြင့်တက်လာသလို ၂၃ ရက်နေ့မှာလည်း ၆၃ သိန်း ၃ သောင်းအထိ ဆက်လက်မြင့်တက်လာတာတွေ့ရပါတယ်။  

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ရက်အထိ တပတ်တာလုံး တစ်ဒေါ်လာလျှင် ၄၄၈၀ ကျပ်မှ  အမြင့်ဆုံး ၄၅၀၀ ကျပ်အတွင်းဖြစ်ပြီး အဆိုပါ ၄၅၀၀ ပတ်ချာလည်ဖြင့်သာဈေးတန်းငြိမ်နေတာဖြစ်ပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်းဝယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။ 

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၅၇၅ ကျပ်လို့သာ အတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော် နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတပတ်တာ  နိုဝင်ဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂၄ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇၀၁၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကနှုန်းထား ၆၆၃၅ ထက် ၃၈၀ ကျပ် ခုန်တက်လာတာတွေ့ရပါတယ်။ 

ရည်ညွှန်းဈေးအနိမ့်ဆုံးသက်သားသောနှုန်းထားဖြင်ပ  သမဝါယမစနစ်နဲ့ စားဆီဝယ်ယူနိုင်ဖို့စီစဉ်ထားပေမဲ့လည်းစားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၃၀၀၀  ကျပ်မှ  ၁၅၀၀၀ အထိ အမြင့်ဈေးမှာသာရှိနေပါတယ်။ 

စားဆီကုန်သည်များကလည်းဖုန်းကြိုတင်ဆက်မှာယူခြင်းဖြင့်ရောင်းချပေးနေတာတွေပြုလုပ်နေတာဖြစ်ပေမဲ့လည်း  စားအုန်းဆီပြင်ပပေါက်ဈေးဟာ အမြင့်ဈေးသာဆက်လက်ရှိနေတာပဲဖြစ်ပါတယ်။ 

ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၈၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြပေါ်ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စသဖြင့်အစားစားရှိရာ  အခြေခံအလုပ်သမားတွေနဲ့အများစု၀ယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့တောင်ပျံရှယ်၀ယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ရောနှော၀ယ်ယူကြတယ်လို့လည်း သိရပါတယ်။ 

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့  ချဉ်ပေါင်ရွက်တစ်ထောင်ဖိုး ၃ စီး၊ ဗူးရွက်တစ်စီး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ ဆူးပုတ်ရွက်အနုတစ်စီး ၁၀၀၀ ကျပ်၊ မျှစ်အနည်းဆုံး ၁၀၀၀ ကျပ်၊  ငြုပ်သီးစိမ်းအနည်းဆုံး ၅၀၀ကျပ်(တစ်ခါခပ်သာ)၊ နံနံပင် တစီး ၁၀၀၀ကျပ်၊ ကြက်ဥ တစ်လုံး ၅၀၀အလုံးသေး၊ ဘဲဥတလုံး  ၇၀၀၊ မုံလာဥတစီး  ၁၅၀၀၊ ခဝဲသီးတစ်တောင့် ၈၀၀၊ ဂေါ်ရခါးညွန့် တစ်စီး ၁၅၀၀ကျပ်၊ ဂေါ်ရခါးသီး တစ်လုံး ၆၀၀၊ ပဲသီး ၁၂၀၀(အစီးသေး)၊  အာလူး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၆၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ၈၅၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅၀၀၀၊ ဂျင်းအနည်းဆုံး ၁၀၀၀ ကျပ် ဖြစ်ပါတယ်။ 

အသားဈေးနှုန်းတွေအနေနဲ့ ကြက်သားတစ်ပိဿာ ၂၂၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၂၆၀၀၀၊ ဝက်သား ၁ ပိဿာ ၃၀၀၀၀ ကျပ်နဲ့ ဝက်သား၊ ဆိတ်သား၊ ဘဲသား ၊ ငါး အနည်းဆုံး ၅၀၀၀ ကျပ်ဖိုးသာ၀ယ်ယူရတယ်လို့ ဈေးကွက်အရ သိရပါတယ်။ 
ဆေးဈေးနှုန်းတွေထဲမှာတော့ အသုံးများတဲ့ ပါရာစီတ​မော တစ်ကတ်  ၁၃၀၀ ( တလုံး ၁၅၀) ၊ သ​န္ဓေတားဆေး တစ်ကတ် ၄၀၀၀ ကျပ် ၊ သွေးပေါင်ကျဆေးတစ်ကတ် ၂၇၀၀ ၊ BPI ဓါတ်ဆားထုတ် ၈၀၀ ကျပ်၊ အစာကြေဆေး တစ်ကတ် ၃၀၀၀ ၊ အမျိုးသမီးသုံးပစ္စည်း တစ်ထုတ် ၂၇၀၀  ကျပ်ဖြစ်နေပါတယ်။ 

တပတ်တာကုန်ဈေးနှုန်းတွေကို ယွန်းဆက်က စုစည်းပေးထားတာပါ။ 


Related posts

Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ၂၉-ဇန်နဝါရီ၄)
Jan 10, 2026
Cover
ရွှေဈေး၂ သိန်းကျော်ပြန်ကျပြီး ရာသီပေါ်သီးနှံတချို့ စျေးအနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 08, 2026
Cover
အချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
Dec 29, 2025
Cover
ရွှေဈေး စံချိန်တင်မြင့်တက် အခြေခံစားသောက်ကုန်တွေလည်း ထင်သလောက်ဈေးမကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Dec 27, 2025