NEWS

စိုက်ပျိုးရေးလုပ်သားရှားပါးတာကြောင့် ယခင်နှစ်ထက်လုပ်ခသုံးဆခန့်တိုးပေးခေါ်ယူနေရ

CoverLogo
385 Views

စိုက်ပျိုးရေး လုပ်သား ရှားပါးလာတဲ့ အတွက် ယခု နှစ် စိုက်ပျိုးရာသီ မှာ ယခင် က ထက် လုပ်အားခ သုံးဆ ခန့် တိုးမြှင့် ပေး ခေါ်ယူနေရတယ် လိုလယ်၊ ယာ လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။

အခုလို လုပ်အား ခ တိုးပေးခေါ်ယူပေမယ့် စိုက်ပျိုးရေး လုပ်သား လိုအပ်သလောက် ခေါ်ယူမရတာ တွေရှိတဲ့ အတွက် အခြားဒေသ ကနေ ခေါ်ယူရတာတွေ ပါရှိတယ်လို သိရပါတယ်။

ပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အရွယ်ရောက်လူငယ်တွေ ပြည်ပထွက် အလုပ်လုပ်တာများပြားနေသလို စစ်ကောင်စီပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကြောင့် အရွယ်ရောက်လူငယ်တွေ ပြည်ပထွက်ခွာမှုတွေရှိနေတာပါ။

ဒီအခြေအနေတွေကလည်း ပြည်တွင်းက လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို ရိုက်ခတ်မှုရှိနေပြီး လုပ်သားရှားပါးတဲ့ ဒဏ်ကို ကြုံတွေ့နေကြတာဖြစ်ပါတယ်။

"အရင်က နေ့စားခ က ၈၀၀၀ ကျပ် လောက်ပဲရှိတာ အခု ဆို ၂သောင်းကျော်လောက်ပေးရတယ် ဒါတောင် ကိုယ်နေတဲ့ မြို့နယ် ဘက်က လုပ်သားနဲ့ လယ်သမား ယာသမားတွေ လိုအပ်တဲ့ လုပ်သားအရေ အတွက် နဲ့ က မလုံလောက်လို့ အခြားဒေသ က လုပ်သား ကို  ရွာမှာ နေဖို့ ပေးထားပြီး ခေါ်ရတယ် ဒါတောင် စက်နဲ့ငှားပြီး ထွန်ယက်တာတွေ ရှိလို မဟုတ်ရင် လုပ်သား လိုအပ်ချက် က ပိုများ မှာ""လို မကွေးတိုင်းဒေသကြီးမှ တောင်သူတစ်ဦးကပြောပါတယ်။

အခုလို စိုက်ပျိုးရေး လုပ်သား များ ကို  လုပ်အားခ တိုးပေးရတဲ့ အပြင် အချို့ဒေသ တွေ မှာ စိုက်ပျိုးရာသီ မရောက် ခင်ကတည်းက လုပ်အားခ ကြိုပေးထားရတာ တွေလဲရှိတယ်လို့  ဧရာဝတီတိုင်းဒေသကြီးက လယ်ပိုင်ရှင်တစ်ဦးကအခုလိုပြောပါတယ်။

"' ဦးတို့ဘက် မှာ က လယ်မစိုက် ခင် ကတည်း လုပ်သား ကို လုပ်အားခ ကြိုငွေ ထုတ်ပေးထားရတယ် မဟုတ်ရင် ကိုယ်လယ်လုပ်ချိန် မှ လုပ်သားရှာမယ်ဆိုရင် လူရှာမရတော့ဘူး အဲ့တော့ လယ်ပိုင်ရှင် တော်တော်များများက ကြိုငွေ ထုတ်ပေးကြတယ်"လို့  လယ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

တောင်သူတွေ အနေနဲ့ ယခုနှစ် စိုက်ပျိုးရာသီ မှာ  အလုပ်သမား စရိတ်အပါအဝင် အခြား စရိတ် တွေ ပိုမို ကုန်ကျတဲ့ အတွက် သီးနှံပေါ်ချိန် မှာ ယခင် နှစ်ထက် ဈေးပိုရရှိမှာသာ အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

"အခု နှစ်က လုပ်အားခ တွေ လည်းတက် စက်ဖိုး ဓါတ်မြေဩဇာ ဖိုးတွေ မျိုးစေ့ဖိုးတွေ အခြား စိုက်ပျိုးစရိတ် တွေ အကုန် တက်တာ ရာသီ ပေါ်လို့ သီးနှံ ထွက်ချိန်မှာ ယခင်နှစ်ထက် ဈေးပိုရမှ တောင်သူတွေ အတွက် ကိုက်မှာ ဈေးကျတယ်ဆိုရင်တော့ တောင်သူတွေ အရှုံးပေါ်ပြီပဲ"လို့  ဧရာဝတီတိုင်းမှ တောင်သူတစ်ဦးကပြောပါတယ်။

ဓါတ်ပုံ- အင်တာနက်

 


Related posts

Cover
Prettex Myanmar စက်ရုံ အထည်ကြေး ရက် ၂၀ ကျော် ကြာသည်အထိ ရှင်းမပေး
Jun 22, 2025
Cover
S.H UNITED COMPANY LIMITED လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှု ကျူးလွန်နေ
Jun 22, 2025
Cover
မြန်မာနိုင်ငံသား ၃၀ ကျော် လက်ခံထားသည့် ထိုင်းကျောင်းထိုင်ဘုန်းကြီးအဖမ်းခံရ
Jun 22, 2025
Cover
Chi Mai အထည်ချုပ်စက်ရုံမှူး ဆဲဆို ခြိမ်းခြောက် ခိုင်းစေ
Jun 21, 2025
Cover
Hosheng Myanmar အထည်ချုပ် ကိုယ်ဝန်ဆောင်ပါ ညနက် အချိန်ပိုဆင်းခိုင်း
Jun 21, 2025
Cover
အလုပ်အချိန် အလွန်အကျွံဖိအားပေးခိုင်းစေပြီး အခွင့်အရေးချိုးဖောက်
Jun 20, 2025
Cover
Myanmar Ayeyarwaddy MFG စက်ရုံ ရက်ပျက်ဆိုပြီး ၂ ရက်အတွက် ဒေးကြေးဖြတ်
Jun 20, 2025
Cover
အချိန်ပိုကြေးမပေးတဲ့အပြင် အထည်စံချိန်အလွန်အကျွံတောင်းခံတာကြောင့် အလုပ်သမားအချို့ အာဟာရချို့တဲ့ပြီး ကျန်းမာရေးထိခိုက်တာတွေရှိနေ
Jun 19, 2025