NEWS

စားအုန်းဆီ အိမ်အရောက်ပို့စနစ်ရောင်းချမှုယာယီရပ်ဆိုင်း၊ ပြင်ပပေါက်ဈေး တပိဿာ ၁၄၀၀၀ အထက်သို့ရောက်ရှိလာ

CoverLogo
427 Views

 စစ်ကောင်စီလက်အောက်ခံ  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ စားအုန်းဆီအိမ်အရောက်ပို့စနစ်နဲ့ ဖုန်းဆက်မှာယူနိုင်တဲ့ ဆီကုန်သည်အသင်းရဲ့ဆီရောင်းပေးနေမှုကို call center phone system error ကြောင့် ယာယီရပ်ဆိုင်းထားတယ်လို့ အဆိုပါအသင်းက ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

ဆီကုန်သည်အသင်း ရဲ့  အိမ်အရောက် ဆီရောင်းပေးရာမှာ Call centerဖုန်း ၂လုံးနဲ့နံပါတ်လိုင်းခွဲတွေကို ဆက်သွယ်မှာယူသူများလွန်းတာကြောင့်  ဖုန်းခေါ်ရချိန်ကြာမြင့်ခြင်း၊ ဖုန်းခေါ်ဆိုမှုရသော်လည်း အချိန်ကြာမြင့်စွာစောင့်ဆိုင်းရမှုကြောင့် ဖုန်းဘေကုန်တာကြောင့်  ဝေဖန်မှုများစွာရှိနေတာလည်းဖြစ်ပါတယ်။ 

အသင်းအနေနဲ့ကလည်း  စားသုံးသူများ ဖုန်းဆက်အော်ဒါတင်ရာမှာ ဖုန်းဆက်မရတဲ့အခက်ခဲတွေ ရှိသလို ဆီအသင်းက ပေးထားတဲ့ဖုန်းတွေကလည်း ပျက်တာရှိလို့ပြင်ဆင်မှာဖြစ်တဲ့အတွက်  မှာယူသူတွေ ဖုန်းဆက်မရလို့ စိတ်အနှောက်အယှက် ဖြစ်ပါက အသင်းက တောင်းပန်ကြောင်းဆိုထားပါတယ်။ 

"စားဆီကအပြင်မှာ၀ယ်ရခက်လာပြီ။ သမီးတို့တန်းစီရင်နေ့လည်၂နာရီကတန်းစီရင်ညနေ ၅နာရီမှရတယ်။ ဆီကငါးဆယ်သားပဲရတယ်။ ၃၁၀၀ ပေးရတယ်။ ၁၀ပိဿာ တို့ ပိဿာ၂၀ တို့လာယူတာတွေရှိတယ်။ သူတို့ကိုပေးပြီးမှ  သမီးတို့ကိုပေးတာ။ အများကြီးတွေယူတဲ့သူတွေလည်း ၁၀ ပိဿာ ၆၂၀၀၀ တဲ့။ အတူတူပဲ။ ဈေးထဲမှာတော့ ၁၃၀၀၀ ပေးရတယ်။ တစ်ချို့ဆိုင်က ၁၄၀၀၀ အထက်ထိတောင်ရောက်နေပြီ" လို့စားဆီတန်းစီသူတစ်ဦးဆိုပါတယ်။  

စားအုန်းဆီအိမ်အရောက်ပို့စနစ်နဲ့ ဖုန်းဆက်မှာယူနိုင်တဲ့ ဆီကုန်သည်အသင်းရဲ့ဆီ ရောင်းချမှုကို ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ရက်က စတင်စရာင်းပေးခဲ့တာဖြစ်ပြီး   စားအုန်းဆီအိမ်အရောက်ပို့စနစ်နဲ့ ဆီရောင်းချပေးခဲ့တဲ့ call center ဖုန်းတွေကတော့  Call Center ဖုန်းနံပါတ် ၀၁- ၂၃၉၉၂၂၂  ကို (လိုင်းခွဲ-၇) ခုနဲ့ဆက်သွယ်မှာယူဖို့ ကြေညာခဲ့ပေမယ့် ဖုန်းနံပါတ် ၁လုံး ကို မြို့နယ်ပေါင်း ၄၀ ကျော်ကနေ ဖုန်းဆက်ခေါ်ယူရတဲ့အတွက် ဝယ်ယူသူတွေ အခက်ခဲရှိတယ်လို့သိရတာကြောင့်  ယခုသြဂုတ်လ ၈ရက် ကစပြီး နောက်ထပ် ဖုန်းလိုင်းနံပါတ်အသစ်ဖြစ်တဲ့ ၀၉-၇၇၉၇၇၈၈၈၇ ကို (လိုင်းခွဲ- ၉) ခုနဲ့ထပ်တိုးပေးခဲ့ပေမဲ့  ပြည်သူတွေအနေနဲ့ စားအုန်းဆီရောင်းချတဲ့ call centerတွေကို ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဖုန်းဆက်မရတာ ၊ ဖုန်းဝင်ပြီး လိုင်းခွဲဖုန်းအသံသာကြားရပြီး မှာယူလို့မရတဲ့အခြေအနေတွေကြောင့် ဖုန်းဘေဖိုးသာကုန်ပြီးဆီမရတဲ့ ပြစ်တင်ဝေဖန်မှုများစွာရှိခဲ့တာပဲဖြစ်ပါတယ်။  

"ဖုန်းခေါ်ရတာ အဆင်မပြေဘူး။ ဖုန်းကိုင်ထားပေးပါဆိုတာပဲ ပြောပြောနေပြီး အကြာကြီးပဲပြီးရင်ကျသွားတယ်။ မကျရင်လည်းကိုယ်ကပဲချလိုက်တယ်။ အရမ်းကြာတယ်လေ ဘေကုန်တယ်"လို့ စားအုန်းဆီဖုန်းဆက်မှာယူသူ တစ်ဦးကပြောပါတယ်။

အဆိုပါဆီကုန်သည်အသင်းရဲ့ အိမ်အရောက်စားအုန်းဆီပို့ဆောင်ရောင်းချပေးမှုစနစ်ကို ရောင်းချေပေးနေရာမှာတစ်အိမ်ထောင်ကို ဆီ၂ပိဿာ နှုန်းနဲ့ ၁လကို ၁ကြိမ်နှုန်းရောင်းပေးတာဖြစ်ပြီး ရန်ကုန်တိုင်းတစ်ခုထဲ မြို့နယ်(၄၄)မြို့နယ် ကို ရောင်းချပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

 


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026