NEWS

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ

CoverLogo
624 Views

စားအုန်းဆီ ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းပါ ဆက်လက်မြင့်တက်လာပြီး ပြင်ပပေါက်ဈေးမှာလည်း အမြင့်ဈေးနဲ့သာရှိနေတယ်လို့ ရန်ကုန်မြို့ရှိ ရပ်ကွက်နေပြည်သူများထံမှ သိရပါတယ်။ 

စစ်ကောင်စီရဲ့ဆီလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ဈေးအရ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ယခုတပတ်တာ  နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသတ်မှတ်ချက်မှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၇,၂၈၀ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ဆီလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ဈေးအရ ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ရန်ကုန်အထိုင်ရည်ညွှန်းလက်ကားဈေးဟာ ယခင်တစ်ပတ်တာများက ၆၀၀၀ ကျော်၊ ၇၀၅၀မှတစ်ဆင့် ယခုတပတ် စားအုန်းဆီ တစ်ပိဿာ လျှင် ၇,၂၈၀ ကျပ် ဖြစ်တာကြောင့် စားအုန်းဆီရည်ညွှန်းဈေးဟာ တစ်ဖြေးဖြးနဲ့မြင့်တက်လာတာဖြစ်သလို ပြင်ပပေါက်ဈေးကပါ ၁၁၀၀၀ မှ ၁၂၀၀၀ အထိ ယခုအခါ ၁၅၀၀၀ အထိမြင့်တက်လာတာပဲဖြစ်ပါတယ်။ 

"ဆီကရပ်ကွက်အလိုက်စာအုပ်နဲ့သွားထုတ်ရတာပြီးတဲ့တစ်ခေါက်ကတော့ ၇၅၀၀ ပေးရတယ်။ ခုတစ်ခေါက် ၇၈၀၀ ပေးရတယ်လို့တော့သူများတွေပြောနေကြတယ်။ ကိုယ်တွေကထုတ်ရမဲ့ရက်မရောက်သေးတော့မသိသေးဘူး။ အဲ့ဒီစာအုပ်လုပ်တုန်းကတော့ ရာအိမ်မှုးဆီမှာ စာအုပ်ဖိုးတစ်ထောင်ရယ်သူက ၅ထောင်တောင်းတာ မရှိလို့ပါတောင်းပန်ပြီး ၃ထောင်ပေးရတယ်။ ဆီကအပြင်မှာဈေးက ၁၅၀၀၀ လောက်အထိပေးရလို့သာလုပ်ထားရတာ"လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ ရပ်ကွက်နေပြည်သူတစ်ဦးကဆိုပါတယ်။ 

စစ်ကောင်စီက ဆီကုန်သည်တွေကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားပေမဲ့လည်း အရောင်းဆိုင်တွေမှာတော့ ၁၃၀၀၀ ကနေ  ၁၅၀၀၀ အထိပေး၀ယ်နေရတာဖြစ်တယ်လို့သိရပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးမှာ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီးပြီး စားအုန်းဆီ(၂)ပိဿ(၇၅)ကျပ်သားကို ကျပ်၂၅၀၀၀ ဝန်းကျင်ဖြင့် ဖုန်းဆက်မှာယူနိုင်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်းကရောင်းချပေးတယ်လို့ ဆိုပေမယ့်  အခြေခံလူတန်းစားတွေအနေနဲ့ကတော့ အသင်းကရောင်းပေးနေနဲ့ ၂၅၀၀၀ ဖိုးအထိမှာယူနိုင်ခြင်းမရှိဘဲ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ရပ်ကျေးကနေတစ်ဆင့်သက်ဆိုင်ရာဆီဆိုင်တွေမှာ စာအုပ်ဖြင့်ထုတ်ယူရာမှာလည်း တစ်လလျှင် တစ်ပိဿာခန့်သာရရှိလို့ အသုပ်ဆိုင် အကြော်ဆိုင် မုန့်လုပ်ငန်းမှာသုံးဖို့ ပြင်ပပေါက်ဈေးအတိုင်းသာ လိုအပ်သလိုဝယ်ယူနေရတာကြောင့် အသင်းရဲ့သတ်မှတ်ရည်ညွန်းဈေးမြင့်တက်မှုနဲ့အတူ ပြင်ပပေါက်ဈေးလည်းမြင့်တက်နေဆဲသာဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026