NEWS

စားသုံးဆီ၊ စက်သုံးဆီနဲ့ ရွှေဈေးအတက်ဘက်ရောက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
413 Views
 
 
ယခုတစ်ပတ်အတွင်းဖြစ်တဲ့ ဩဂုတ်၂ရက်ကနေ ဩဂုတ် ၈ ရက်အထိ ကုန်ဈေးနှုန်း အခြေအနေတွေ အနေနဲ့ အတက်ဘက်ကိုသာဦးတည်နေရာမှာ စားသုံးဆီဈေးကစလို့ စက်သုံးဆီ နဲ့ ရွှေဈေးတွေပါ ခုန်တက်နေပြီး ဒေါ်လာဈေးကတော့ ကျပ် ၄၀၀၀ ကျော် ဝန်းကျင်မှာပဲ တည်ငြိမ်နေတာကိုတွေ့ရပါတယ်။
ဒါကြောင့် လက်ရှိကာလ ရဲ့ မြင့်တက်နေဆဲ ကုန်ဈေးနှုန်း‌တွေ ကို လုပ်သား မိဘပြည်သူတွေ သိရှိနိုင်စေဖို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။
ရွှေဈေးဟာ ဩဂုတ်လရဲ့ ပထမတစ်ပတ်တာမှာ မကျဈေးအဖြစ် ရှိနေခဲ့ကာ ယခု ဒုတိယတစ်ပတ်ကြာမှာတော့ ရွှေကုန်သည်လုပ်ငန်းရှင်များအသင်း YGEA ရဲ့ဈေးသတ်မှတ်ချက်မှာ ၅၉,၀၀၀၀၀ အထိယခင်တစ်ပတ်ကထက် ငွေကျပ် ၁၀၀၀၀ နှုန်းဈေးတက်လာခဲ့ပါတယ်။
အသင်းရဲ့ လက်ကားဈေး သတ်မှတ်ချက်က ပိုလာတာကြောင့် ပြင်ပလက်လီရွှေဈေးကွက်မှာလည်း
ယခင်တစ်ပတ်က ပြည်တွင်းရွှေဈေး ၁၆ပဲရည်တစ်ကျပ်သား ၇၆သိန်းထက် ယခုအခါ ၁၆ပဲရည်တစ်ကျပ်သားကို ၇၇သိန်းနှုန်း ‌အတက်ဈေးဘက်ဦးတည်လာပါတယ်။
စက်သုံးဆီ‌ လက်ကားရန်ကုန်အထိုင်ဈေးအနေနဲ့ ဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၉၄၀ကျပ် ၊ ၉၅ တစ်လီတာ ၂၉၉၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၇၁၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၃၅၅ကျပ်ဖြစ်ပါတယ်။
ဩဂုတ်လ၂ ရက်က‌ ၇ရက်အတွင်း မှာတော့စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၈၈၀ကျပ်၊ ၉၅ တစ်လီတာ ၂၉၃၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၇၁၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၃၆၀ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေး၊ ဓာတ်ဆီ ဈေးဟာ သောကြာနေ့တိုင်း ဈေးအပြောင်းအလဲဖြစ်နေကျအတိုင်းအထက်‌ေဖာ်ပြပါဈေးတွေထက် ဓာတ်ဆီဈေးမှာ‌ ငွေကျပ်ဆယ်ဂဏန်းလောက်ဈေးတက်လာပါတယ်။
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ ကျပ် ကနေ ၄၀၀၀ ကျပ်ကြား မှာပဲ ရောင်းချနေဆဲဖြစ်ပါတယ်။
နိုင်ငံခြားငွေကြေးဈေးကွက်မှာတော့ အမေရိကန်ငွေကြေးက ယခင်တစ်ပတ်ကြာကထက်၁ဒေါ်လာကို ငွေကျပ် ဆယ်ဂဏန်း နှုန်း ပဲ ဈေးအတက်အကျဖြစ်ပေါ်နေကာ ငွေကျပ်၄၀၀၀ကျော်ပတ်ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေတာပါ။
ယနေ့ ဩဂုတ် ၈ ရက် ရဲ့ ဒေါ်လာ လဲလှယ်နှုန်းမှာ ၁ဒေါ်လာကို မြန်မာကျပ်ငွေ၄၃၅၀ကျပ်ရောင်းဈေးရှိကာ ၄၃၉၀ကျပ် ဝယ်ဈေး ပေါက်နေတယ်လို့ သိရပါတယ်။
အခြားငွေကြေးတွေဖြစ်တဲ့ ထိုင်းဘတ်နဲ့ တရုတ်ယွမ် ၊ ဂျပန်ယန်းတွေရဲ့ငွေလဲလှယ်နှုန်းကလည်း ယနေ့သြဂုတ်၈ရက်မှာ ဘတ်ဈေး ရောင်းဈေး ၁၃၃ကျပ် ၊ဝယ်ဈေး ၁၃၆ကျပ်ရှိကာ၊ ယွမ်ဈေး‌ ရောင်းဈေး၆၀၂ကျပ်၊ဝယ်ဈေး၆၁၅ကျပ် နဲ့ ဂျပန်ယန်းဈေး ရောင်းဈေး၂၉၀ကျပ်ကျော်၊ ဝယ်ဈေး၃၀၀ကျပ်ကျော်ဈေးရှိနေတယ်လို့သိရပါတယ်။
စင်ကာပူ ငွေလွှဲဈေးကလည်း ရောင်းဈေး၃၃၆၀ကျပ်နဲ့ဝယ်ဈေး၃၄၀၀ကျပ် ရှိနေခဲ့လို့ ပြီးခဲ့တဲ့တစ်ပတ်ကထက် ငွေ၁၀၀ကျပ်နှုန်းဈေးကျလာပါတယ်။
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ သြဂုတ်၄ရက်ကနေသြဂုတ်၁၀ရက်အထိ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၂၄၀ကျပ်အဖြစ် သတ်မှတ်ရောင်းချနေတာဖြစ်ပြီးဒါဟာ ယခင်တပတ်ကြာက ဆီဈေးသတ်မှတ်ချက်ထက် ငွေကျပ် ၁၁၀နှုန်းအထိဈေးခုန်တက်လာတာပါ။
ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀၀၀၀ ဈေးမှာ ရှိနေရာကနေ ငွေကျပ်၁၂၀၀၀အထိ ငွေ ၁၅၀၀ကျပ်နှုန်းယခင်တစ်ပတ်ကထက်ဈေးတက်လာတာပါ။
ပဲဆီဈေးအနေနဲ့ က တစ်ပိဿာ ငွေကျပ်၂၀၀၀၀ နဲ့အထက်ရှိနေပြီး နေကြာဆီ၊ နှမ်းဆီ နဲ့ ပဲပိစပ် ဆီတွေ ကလည်း ငွေကျပ်၂၀၀၀၀ ပတ်ဝန်းကျင်ဈေးနှုန်းမှာ ရှိနေပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၀၀၀ကျပ်၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၇၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
လုပ်သားပြည်သူအများဝယ်ယူစားသုံးနေကြတဲ့ရပ်ကွက်ဈေးများထဲမှာ အသားငါးနဲ့ဟင်းသီးဟင်းရွက်ဈေးတွေက သိသိသာသာကျဆင်းတာမရှိပဲ ယခင်တစ်ပတ်ကြာနဲ့နှိုင်းယှဉ်ပါက ပေါတဲ့ကုန်ကပေါလာသလို ရှားတဲ့ကုန်ကလည်းဈေးမြင့်နေဆဲဖြစ်ပါတယ်။
ဟင်းစားအနေနဲ့ စားသုံးကြတဲ့ ဟင်းသီးဟင်းရွက်အသား၊ ငါးဈေးတွေကတော့ အသားဈေးတွေ ဈေးမြင့်တက်နေဆဲဖြစ်ရာ ရပ်ကွက်ဈေးတွေမှာ ငါးကြင်းများ ဈေးထပ်မံမြင့်တက်ရာငါးကြင်းဖြူခုတ်သားတစ်ဆယ်သား ၂၅၀၀ ကျပ်ဈေးမှ ၃၀၀၀ ကျပ်ဈေးအထိရှိပြီးငါးမြစ်ချင်း တစ်ဆယ်သား ၂၀၀၀ ကျပ်ဈေး၊ငါးမြစ်ချင်းအကောင်လိုက် တစ်ကောင် ၈၀၀၀-၁၀၀၀၀ ကျပ်ဈေးတွေနဲ့ဈေးမြင့်နေရာ အခြားငါးတွေအနေနဲ့ငါးပုတ်သင် တစ်ဆယ်သား ၁၅၀၀-၂၀၀၀ ကျပ်ဈေး၊ ငါးပုဏ္ဏားဈေးကတော့ တစ်ဆယ်သား ၄၀၀၀-၄၅၀၀ ကျပ်ဈေး၊ တီလာဗီးယားတစ်ဆယ်သား ၁၅၀၀ ကျပ်၊ ငါးတန် တစ်ဆယ် သား ၂၀၀၀ ကျပ်ဈေး၊ငါးကျည်းတစ်ဆယ်သား ၃၅၀၀ ကျပ်ဈေးမှ ၄၀၀၀ ကျပ်ဈေး၊ငါးဘတ်တစ်ဆယ်သား ၃၀၀၀-၃၅၀၀ ကျပ် ဈေး၊ ငါးပြေမတစ်ဆယ်သား ၃၀၀၀ ကျပ်‌ေစျး၊ ငါးခူတစ်ဆယ်သား ၃၀၀၀ -၃၅၀၀ ကျပ်ဈေးများနဲ့ အမြင့်ဈေးများဖြစ်လာပါတယ်။
ဆိတ်သားဈေးက တစ်ဆယ်သား ၅၅၀၀ကျပ်ဈေးနဲ့ ဈေးထပ်မံမြင့်တက်ကာ အမဲသားဈေးမှာလည်း တစ်ဆယ်သား ၃၂၀၀ ကျပ်နဲ့ ယခင်တစ်ပတ်ကြာက အမြင့်ဈေးအတိုင်းပဲရှိနေပါတယ်။
လူအစားများတဲ့ ကြက်သားဈေးကလည်း တစ်ဆယ်သား၂၀၀၀ ကျပ် နဲ့ဝက်သားတစ်ဆယ်သား ၃၅၀၀ကျပ် ဈေးနဲ့တက်ဈေးအတိုင်းပဲရှိပြီး ပြန်ကျမလာသေးပါဘူး။
ကြက်ဥ၊ ဘဲဥ ဈေးကတော့ လက်ရှိမှာ လက်လီဈေးကအလုံးကြီး ၅၀၀ကျပ်၊ ၇၀၀ကျပ် ကနေ အလုံးသေး ၄၀၀ကျပ်၊ ၅၀၀ကျပ် ဈေးတွေရှိနေပြီး လက်ကား ၁၀လုံးဈေးအများဈေး တစ်လုံးကို ၃၉၀ကျပ်နှုန်းသာ ကျသင့်တယ်လို့ဆိုပါတယ်။
ဆေးဘဲဥဈေးယခင်၈‌၀၀ကျပ်ကနေ ၉၀၀ကျပ်အထိတက်ဈေးနဲ့ငြိမ်နေပါတယ်။
စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ အာလူး တစ်ပိဿာ ၆၀၀၀ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၀၀၀ကနေ ၂၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၇၀၀၀ကျပ် အထိ ဈေးနှုန်းတွေ ဖြစ်ပေါ်ကာ ယခင်ထက်ဈေးအနည်းငယ်ပြန်ကျလာတာတွေ့ရပါတယ်။
ရပ်ကွက်ဈေးများထဲ က ဟင်းသီးဟင်းရွက်ဈေး‌ တွေကတော့ ဂေါ်ရခါးသီးများ တစ်လုံး ၅၀၀-၆၀၀ ကျပ်ဈေးဖြင့် အနည်းငယ်ဈေးကာ သံပု ရာသီး ၃ လုံး ၅၀၀ ကျပ်ဈေးဖြင့် ဈေးအနည်းငယ်တက်ပြီးထိုင်ဝမ်ကန်စွန်းရွက်တစ်စည်း ၆၀၀ ကျပ်၊ တရုတ် ကန်စွန်းရွက်တစ်စည်း ၁၂၀၀ ကျပ်၊ဟင်းနုနွယ်ရွက်တစ်စည်း ၅၀၀ ကျပ်၊ ဂေါ်ရခါးညွန့်တစ်စည်း ၁၂၀၀ ကျပ်၊ ကိုက်လန်ရွက်တစ်စည်း ၁၂၀၀ ကျပ်၊ ကြက်ဟင်းခါးသီးတစ်လုံး ၅၀၀-၇၀၀ ကျပ်၊ဂေါ်ဖီတစ်ထုပ် ၁၀၀၀ ကျပ်ဖြင့် ဈေးပေါနေဆဲဖြစ်ပြီး ဂေါ်ဖီပန်းပွင့်က တစ်ပွင့် ၃၀၀၀ ကျပ်ဈေး၊ မုန်ညှင်းဖြူထုပ် တစ်ထုပ် ၁၅၀၀ ကျပ်ဈေး၊ခရမ်းချဉ်သီးတစ်ဆယ်သား ၅၀၀ ကျပ်၊ ဆလပ်ရွက်တစ်စည်း ၅၀၀ ကျပ်၊ ဂျူးမြစ်တစ်စည်း ၁၀၀၀ ကျပ် ၊ဇရစ်ရိုးတစ်စည်း ၇၀၀ ကျပ်၊ ကြောင်လျှာသီးတစ်တောင့် ၁၀၀၀-၁၅၀၀ ကျပ်၊ မန်ကျည်းသီးစိမ်း တစ် ဆယ်သား ၁၅၀၀ ကျပ်ဈေးများဖြင့် ဈေးတက်နေတာဖြစ်ပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026