NEWS

စားကုန်၊ လူသုံးကုန် ရှားပါးဈေးကြီးလာပြီး ရွှေ၊ဒေါ်လာ ဈေးတန့်နေတဲ့ လူထုကိုအကျပ်ရိုက်စေတဲ့ကုန်ဈေးနှုန်း

CoverLogo
350 Views
(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
ဩဂုတ်၂၉၊ ၂၀၂၅
 
မြန်မာနိုင်ငံ ရဲ့ လက်ရှိ စီးပွားရေးအခြေအနေ နဲ့ ကုန်ဈေးနှုန်း စီးဆင်းမှုတွေဟာ လုပ်သားပြည်သူလူထုအတွက် အသက်ရှူကျပ်ပြီး အကျပ်ရိုက်စရာဖြစ်လာနေပါတယ်။
 
ပြည်တွင်းမှာ လတ်တလော စစ်ကောင်စီရဲ့ ကုန်စည်တွေကန့်သတ်တာနဲ့ နိုင်ငံခြားငွေရလမ်း ပိတ်ပင်ကန့်သတ်မှုတွေဟာ နိုင်ငံတွင်း စီးပွားရေး အခြေအနေတွေကို ကမောက်ကမဖြစ်စေ ကာ အခြေခံလူထုရဲ့ စားဝတ်နေရေး ကို ထိခိုက်လာနေပါတယ်။
 
တစ်ပတ်တာ ကုန်ဈေးနှုန်းတွေကို လေ့လာပါက ဒေါ်လာ ဈေးဟာ ငွေကျပ် ၄၂၀၀ ပတ်ဝန်းကျင်ရောက်အောင်ကျဆင်းလာခဲ့ပေမယ့် ဒေါ်လာဈေးကျတိုင်း ကုန်ဈေးနှုန်းကျဆင်းတာမဟုတ်တော့ဘဲ ဒေါ်လာဈေးကသပ်သပ်၊ ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှုက သပ်သပ်ဖြစ်လာတဲ့အထိ တိုင်းပြည်စီးပွားရေးကယိုယွင်းလာပါတယ်။
 
ရွှေဈေးကို ကြည့်ပါကလည်း ပြင်ပရွှေဈေး သိန်း၇၀ကျော်၊ ရွှေအသင်းသတ်မှတ်ဈေး ၅၉သိန်း မှာသာ ဈေးတန့်နေတာ ဖြစ်ပါတယ်။
 
စားသောက်ကုန်နဲ့ လူသုံးကုန်တွေကတော့ ပြည်တွင်းမှာ အဆမတန်ဈေးကြီးလာရာ အခြေခံစားကုန် ဆန်၊ဆီများ တစ်ပတ်ထက် တစ်ပတ်ဈေးတက်လာပြီး ဟင်းစားအသားငါးများအပြင် ဟင်းသီးဟင်းရွက်တွေပါဈေးမြင့်လာတာပါ။
 
"အခုက ဈေးတွေထဲသွားကြည့်ရင် အရင်လို ဈေးသည်တွေလည်း များများစားစားမရှိ၊ ရှိတဲ့ဈေးသည်တွေ ရောင်းနေတဲ့ ဟင်းရွက်၊ သားငါးကလည်း ပေါပေါများများမရှိတော့ဘူး၊ ဈေးလည်းမပေါဘူး၊ကုန်ပစ္စည်းလည်းမပေါဘူးဖြစ်နေ‌တယ်"
"အရင်က ငွေ ၁ သောင်းလောက်ဆို အသားဟင်းအတွက်၊ အသီးအရွက် လေးတွေဝယ်လို့ရသေးတယ်။ အခုငွေ ၁ သောင်းက ငပိရည်နဲ့ တို့စရာအသီးအရွက်တောင် ကောင်းကောင်းမရချင်တော့သလိုဖြစ်လာတယ်"လို့ ရန်ကုန်မြို့နေအိမ်ရှင်မတစ်ဦးကပြောပြလာပါတယ်။
 
လူသုံးကုန်တွေဖြစ်တဲ့ ဆပ်ပြာ၊ တစ်ရှူး၊ ဖယောင်းတိုင်၊ မီးသီး၊ မီးချောင်း၊ ဆေးဝါး ၊အလှကုန်နဲ့အဝတ်အထည် တွေကလည်း တင်သွင်းခွင့် ကန့်သတ်ချက်တွေကြောင့် ဈေးကြီးလာသလို ဈေးကွက်မှာ ပစ္စည်းပြတ်လပ်တဲ့အခြေအတွေလည်းရှိနေတယ်လို့သိရပါတယ်။
 
ဒါကြောင့် ဩဂုတ်၂၃ရက်ကနေ ၂၉ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
ယနေ့ ဩဂုတ်၂၉ ရက်နေ့ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှု န်းတွေက ၉၂တစ်လီတာ ၂၉၃၅ကျပ် ၊ ၉၅ တစ်လီတာ ၃၀၂၅အကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅ ၃၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၀၄၀ကျပ်ဖြစ်ပါတယ်။
 
အဲဒီမတိုင်မီဩဂုတ်၂၈ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၉၁၅ကျပ်၊ ၉၅ တစ်လီတာ ၂၉၉၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၄၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၀၄၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက၂၀ကျပ်နှုန်းနဲ့ ဒီဇယ်ဈေးက၅ကျပ်နှုန်းဖြင့်မဆိုသလောက် ဓာတ်ဆီဈေးတက်ကာ ဒီဇယ်ဈေးကျလာပါတယ်။
 
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ ကနေ ၃၂၀၀ကျပ်ကြား ရောင်းချတာကို တွေ့ရပါတယ်။
 
တစ်ပတ်ကြာ အတွင်း ပြည်တွင်း ရွှေဈေးနှုန်းဟာ တကျပ်သား ၇၇ သိန်းကျော်အထိဈေးမှာပဲရှိရာ
တစ်ပတ်အတွင်း ရွှေဈေး ကို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ တော့ ယခင် တစ်ပတ်ကဈေး ကျပ်၅၉၀၀၀၀၀ကျပ် နဲ့ပဲ ဈေးငြိမ်နေပါတယ်။
 
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ မှာဆိုရင် အမေရိကန်ဒေါ်လာကာ ငွေကျပ် ၄၂၀၀ ကျော် ဝန်းကျင်ဈေးခုန်ဆင်းကာ ဒေါ်လာဈေးအကျဘက်ကို ရောက်ရှိလာ‌ပါတယ်။
 
အမေရိကန်ဒေါ်လာ ၁‌ ဒေါ်လာဈေးက ယနေ့ဩဂုတ်၂၉ရက်မှာ ရောင်းဈေး ၄၂၉၀ ၊ဝယ်ဈေး ၄၃၄၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၃ကျပ်ကျော်၊ ဝယ်ဈေး ၁၃၅ကျပ် ကျော် ၊ယွမ်းငွေကရောင်းဈေး၅၉၂ကျပ်၊ဝယ်ဈေး ၆၀၅ကျပ်၊ဂျပန်ယန်းဈေးက ရောင်းဈေး၂၉၄နဲ့ဝယ်ဈေး၂၉၆ ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
 
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၃၃၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၃၇၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာကတော့ ယခင်တစ်ပတ်ကထက် ငွေလဲနှုန်းအနည်းငယ်တက်လာပါတယ်။
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျင် ငွေကျပ် ၆၃၀၀ကျပ်အဖြစ် ဩဂုတ်၂၅ရက်မှ ၃၁ရက်အထိသတ်မှတ်ရောင်းချနေတာဖြစ်ရာ ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ်ကြာကဆီဈေးထက် ငွေ ၁၅ ကျပ် နှုန်းဈေးတက်လာတာဖြစ်ပါတယ်။
 
ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀၀၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
 
ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၉၀၀၀၊ တောင်ပျံရှယ် တစ်ပြည် ၈၀၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့တစ်ပတ်ကြာကထက် ဆန်ချောဈေးမြင့်လာတာပါ။
 
ရပ်ကွက်ဈေးတွေမှာ သားငါးဈေးတွေလည်း တစ်ပတ်အတွင်းမြင့်လာရာ ယခင်ဈေးသက်သာခဲ့တဲ့ ငါးမြစ်ချင်း က ယခု 
တစ်ဆယ်သား ၂၀၀၀ ကျပ်ဈေးဖြင့် အမြင့်ဈေးတွင် ရှိပြီး တစ်ကောင်ကို တစ်သောင်းကျပ်ဈေးနဲ့ ရောင်းချနေရာ ယခင်က ငါးမြစ်ချင်းတစ်ဆယ် သား ၁၃၀၀-၁၅၀၀ ကျပ်ဈေးသာရှိခဲ့တယ်လို့သိရပါတယ်။
 
အခြားငါးတွေဖြစ်တဲ့ ငါးကြင်း တစ်ဆယ်သား ၂၅၀၀ ကျပ်၊ ငါးတန်တစ်ဆယ်သား ၂၂၀၀-၂၃၀၀ ကျပ်၊ ငါးပုတ်သင်တစ်ဆယ်သား ၁၈၀၀-၂၀၀၀ ကျပ်၊ ငါးပုဏ္ဏားတစ်ဆယ်သား ၄၅၀၀-၅၀၀၀ ကျပ်၊ငါးစင်ရိုင်းတစ်ဆယ်သား ၂၅၀၀ ကျပ်၊ ငါးပြေမ တစ်ဆယ်သား ၃၀၀၀-၃၅၀၀ ကျပ်၊ ငါးခူတစ်ဆယ်သား ၃၅၀၀ ကျပ်ဈေးတွေနဲ့ ဈေးတက်နေပါတယ်။
ကျန်တဲ့ ငါးဈေး၊ ပုစွန်ဈေးများလည်း အမြင့်ဈေးတွေမှာပဲရှိနေပါတယ်။
 
ဆိတ်သားဈေးက တစ်ဆယ်သား ၅၅၀၀ ကျပ်ဈေးနဲ့ ဈေးထပ်မံမြင့်တက်ကာ အမဲသားဈေးမှာလည်း တစ်ဆယ်သား ၃၂၀၀ ကျပ်နဲ့ ယခင်တစ်ပတ်ကြာက အမြင့်ဈေးအတိုင်းပဲရှိနေပါတယ်။
 
လူအစားများတဲ့ ကြက်သားဈေးကလည်း တစ်ဆယ်သား၂၀၀၀ ကျပ် နဲ့ဝက်သားတစ်ဆယ်သား ၃၅၀၀ကျပ် ဈေးနဲ့တက်ဈေးအတိုင်းပဲရှိပြီး ပြန်ကျမလာသေးပါဘူး။
 
ကြက်ဥ၊ ဘဲဥ ဈေးကတော့ လက်ရှိမှာ လက်လီဈေးကအလုံးကြီး ၅၀၀ကျပ်၊ ၇၀၀ကျပ် ကနေ အလုံးသေး ၄၀၀ကျပ်၊ ၅၀၀ကျပ် ဈေးတွေရှိနေပြီး လက်ကား ၁၀လုံးဈေးအများဈေး တစ်လုံးကို ၃၉၀ကျပ်နှုန်းသာ ကျသင့်တယ်လို့ဆိုပါတယ်။
 
ဆေးဘဲဥဈေးယခင်၈‌၀၀ကျပ်ကနေ ၉၀၀ကျပ်အထိတက်ဈေးနဲ့ငြိမ်နေပါတယ်။ ဟင်းသီးဟင်းရွက်တွေကတော့ ပြီးခဲ့တဲ့တစ်ပတ်ကြာက ကန်စွန်းရွက်တစ်စည်းကို ၈၀၀ ကျပ်နဲ့ရခဲ့ပေမယ့် ယခုဈေးမှာ ၁၀၀၀ ကျပ်အနည်းဆုံးကနေ ၁၂၀၀ ကျပ်ဈေးအထိဖြစ်နေပါတယ်။
 
အခြားဟင်းသီးအရွက်တွေဖြစ်တဲ့ပန်း ဂေါ်ဖီတစ်ပွင့်၁၇၀၀ ၊‌ဂေါ်ဖီထုပ် တစ်ထုပ်ကို ၁၀၀၀ကျပ် ဘူးသီးအလုံးကြီးတစ်လုံး ၄၀၀၀- ၅၀၀၀ ကျပ်၊ ကျောက်ဖရုံသီးအသေးတစ်လုံး ၃၀၀၀ ကျပ်၊ ဒန့်ဒလွန်သီးတစ်တောင့် ၇၀၀ ကျပ်၊ ကြောင်ရှာသီးတစ်တောင့် ၆၀၀ ကျပ်၊ ဘုံလုံသီးတစ်လုံး ၅၀၀ ကျပ်၊ ခရမ်းသီးတစ်လုံး ၄၀၀ ကျပ်၊ ထောပတ်ခရမ်းသီးတစ်လုံး ၈၀၀ ကျပ်၊မန်ကျည်းသီးစိမ်းတစ်ဆယ်သား ၁၀၀၀ ကျပ်၊ ပဲပင်ပေါက်တစ်ဆယ်သား ၇၀၀ ကျပ်၊ ပဲပြားတစ်တွဲ ၁၂၀၀ ကျပ်၊ ပြောင်းဖူးတစ်ဖူး ၇၀၀ ကျပ်၊ မျှစ်တစ်ဆယ်သား ၇၀၀-၈၀၀ ကျပ်၊ ပဲသွေးတစ်တုံး ၁၅၀ ကျပ်၊ ချဉ်ပေါင်ရွက် ၃ စည်း ၅၀၀ ကျပ်၊ကန်စွန်းဥတစ်ဆယ်သား ၁၀၀၀ ကျပ်၊ ဟင်းနုနွယ်ရွက်တစ်စည်း ၆၀၀ ကျပ်၊ ကိုက်လန်ရွက်တစ်စည်း ၁၂၀၀ ကျပ်၊ ဖရုံညွန့်တစ်စည်း ၁၂၀၀ ကျပ်၊ ဒန့်ဒလွန်ရွက်တစ်စည်း ၅၀၀ ကျပ်၊ ဘူးညွန့်တစ်စည်း ၅၀၀ ကျပ်၊ မြင်းခွာရွက်တစ်စည်း ၃၀၀ ကျပ်၊ ဆလပ်ရွက်တစ်စည်း ၅၀၀ ကျပ် ဈေးတွေရှိနေပါတယ်။
 
စားသုံးတာမဟုတ်တဲ့ အခြေခံလူသုံးကုန် ၊အလှကုန်နဲ့ ဆေးဝါး ပစ္စည်းတွေကတော့ နယ်စပ်ဂိတ်တွေပိတ်တာ၊ ကုန်တင်ယာဉ်တွေ တားဆီးကန့်သတ်ခံရတာတွေကြောင့် ဈေးကွက်ထဲပစ္စည်းပြတ်လပ်ကာဈေးကြီးမှုတွေနဲ့ကြုံတွေ့နေရပါတယ်။
 
ဆေးဝါးပစ္စည်တွေကို ကြည့်ပါက ဈေးကွက်ထဲမှာအလွယ်ရနေတဲ့ အိမ်သုံးဆေးဝါး ပါရာစီတမောက အစ အရင်ထက်ဈေးတက်ကာ ဆေး၁ကတ် ၂၀၀၀ ကျပ်နီးပါးဈေးရှိလာနေပြီး ၊ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနေရတဲ့ သွေးတိုး၊ ဆီချိုဆေးတွေလည်း ဈေးတက်တာ ၊ ပစ္စည်ပြတ်တာတွေဖြစ်ပေါ်နေပါတယ်။
 
တခြားအကိုက်အခဲ ပျောက်ဆေးတွေက ဆေးအမျိုးအစားလိုက် တစ်ကတ် ၄၀၀၀ ပတ်ဝန်းကျင် အထိ ဈေးနှုန်းရှိနေပြီး အမူးပြေဆေး ၃၀၀၀ကျပ်၊ သွေးပေါင်ကျဆေးတစ်ကတ် ၃၈၀၀ ကျပ်၊ အစာကြေဆေး တစ်ကတ် ၄၀၀၀ကျပ်အထိ ဈေးကွက်ထဲ ဈေးမြင့်တက်နေပါတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026