ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများ လုပ်ငန်းခွင်အတွင်း မတော်တဆသေဆုံး မှု တွေ ဖြစ်ပေါ် ပါက ရသင့်ရထိုက်တဲ့ လျော်ကြေးငွေ ရရှိရေးအတွက် လုပ်ဆောင်ပေးရာမှာ စာရွက်စာတမ်းအတုတွေနဲ့ လိမ်လည်တင်ပြ ကာ လျော်ကြေးငွေတောင်းခံတာတွေရှိနေတယ်လို့ စစ်ကောင်စီရဲ့ မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားပါတယ်။
လုပ်ငန်းခွင်အတွင်း မတော်တဆမှုတွေ အပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့ရဲ့ မိသားစုဝင်တွေမှ ရသင့်ရထိုက်တဲ့ လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာတဲ့ စာရွက်စာတမ်းတွေကို စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
ထိုသို့ ထုတ်ပေးလျက်ရှိရာ မှာ အချို့ဟာ စာရွက်စာတမ်းများအတုတွေ နဲ့ လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုတွေ ရှနေတယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။
အခုလို စာရွက်စာတမ်းအတုအပ ကိုင်ဆောင်သူ၊ အတုအပပြုလုပ်ပေးသူများကို စစ်ဆေးတွေ့ရှိပါက မြန်မာသံရုံးအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ နဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ရက် က ယာဉ်မတော်တဆ မှု နဲ့ သေဆုံးခဲ့တဲ့ မြန်မာလုပ်သား တစ်ဦးရဲ့ ရသင့်ရထိုက်တဲ့ လျော်ကြေးငွေရရှိဖို့ ကျန်ရစ်သူမိသားစုဝင်က ထောက်ခံစာ လာရောက် လျှောက်ထားရာမှာ အချက်အလက် တွေ ကွဲ ပြားနေလို့ စာရွက်စာတမ်းမူရင်းများနှင့်တကွလာရောက်ဖြေရှင်းပေးဖို့ ဆက်သွယ်ပေမယ့် လက်ရှိအချိန်အထိ လာရောက်ခြင်း မရှိလို ခာမယ့် ဒီဇင်ဘယ ၁၉ရက်အတွင်း လာရောက် ဖြေရှင်းဖို့ စစ်ကော်မရှင်ရဲ့ မြန်မာသံရုံး (ဗန်ကောက်မြို့) သို့ အသိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။









