NEWS

စာရွက်စာတမ်းအတုဖြင့် အေဂျင်စီ များထံ အချက်အလက် တောင်းယူမှုရှိနေဟုဆို

CoverLogo
133 Views
 
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အသွင်ဖြင့် စာရွက်စာတမ်း အတု ပြုလုပ်ကာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေ ထံ စာရွက်စာတမ်းအတု ကို Email ကတစ်ဆင့် ပို့ဆောင်တာတွေ ရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မှ သိရပါတယ်။
 
ဇွန်လ ၂၃ရက် ရက်စွဲ ဖြင့် Migrant Workers Information System စနစ် ချိတ်ဆက် အသုံးပြုနိုင်ဖို့ ဆိုကာ ဝက်ဆိုက်ဘ်လင့် တင်ပြရန် ဆိုပြီး အကြောင်းကြား ဖို့ ထိုင်း လိုင်စင်ရအေဂျင်စီ အချို့ ထံ ပေးပို့တာတွေရှိတယ်လို့ သိရပါတယ်။
 
စာရွက်ထဲမှာတော့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင် ထိုင်း လိုင်စင်ရအေဂျင်စီ တွေအနေနဲ့ အေဂျင်စီ ရဲ့ဝက်ဆိုက်ဘ်လင့်ခ့် ကို ဇွန်လ ၂၇ ရက်မှာ နောက်ဆုံးတင်ပြဖို့ ရေးသားထားပါတယ်။
 
""လိုင်စင်ရ အေဂျင်စီ အချို့စီ ကို mail လိပ်စာအသစ်နဲ့ အလုပ်သမားဝန်ကြီးဌာနက ပေးပို့တဲ့ ပုံစံ နဲ့ ပို့တာ ပထမ တခါ ကလည်း gmail လိပ်စာ ကို ဆင်တူရိုးမား လုပ်ပြီး ပို့သေးတယ် Migrant Workers Information System ကလည်း အခုမှ ဝန်ကြီးဌာနဘက်က လုပ်နေဆဲရှိသေးတာ သူ့စနစ်က လုပ်သားစေလွှတ် ဖို့ ဌာနဆိုင်ရာကို တင်ပြတဲ့အခါ အွန်လ်ိုင်းကပဲ လုပ်လို့ရမယ့်စနစ် အဲ့ အတွက် လည်း အေဂျင်စီက အလုပ်သမား တစ်ဦးကို ၃၀၀၀ ကျပ် နှုန်း နဲ့ ဝန်ကြီးဌာနကို ပေးရမယ် ဒါကို လိမ်လည်မယ့်သူက အသုံးချပြီး အေဂျင်စီ တွေ ဆီပို့တာ အေဂျင်စီတွေ အနေနဲ့ ဆုံးရှုံးနစ်နာတာတွေ မဖြစ် ဖို့ သတိတော့ထားရတယ်""လို့ လိုင်စင်ရအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။
 
အခုလို စာရွက်စာတမ်းအတု နဲ့ အေဂျင်စီ တွေ ထံ ပို့ဆောင်တာတွေဟာ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန တွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ အပေါ် အထင်မြင်လွဲမှားစေဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ဆိုပါတယ်။
ဒါကြောင် ဦးစီးဌာန အနေနဲ့ လိုင်စင်ရအေဂျင်စီိ ထံ အချက်အလက် တွေ တောင်းခံရန်ရှိပါက တရားဝင်အသုံးပြုနေတဲ့ Email ကတစ်ဆင့် အကြောင်းကြားစာ တရားဝင် ထုတ်ပြန်ပေးနေပြီး မရှင်းလင်းပါက ဦးစီးဌာန ကိုသာ ဆက်သွယ်မေးမြန်းဆောင်ရွက်ဖို့ အသိပေးထားပါတယ်။

Related posts

Cover
ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ
Aug 20, 2025
Cover
ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး
Aug 20, 2025
Cover
မြန်မာ လုပ်သား ၄၀၀ ကျော် ကို သူဌေးက လစာမပေးလို့ စားဝတ်နေရေး အခက်ခဲဖြစ်နေ
Aug 19, 2025
Cover
EPS လုပ်သားများ ခွင့်ဖြင့် ပြန်လာပါက POEA ရုံးကို လူကိုယ်တိုင် သတင်းပို့ရမည်ဟုဆို
Aug 19, 2025
Cover
ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခံ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေကို စစ်ကောင်စီထံ လစဉ်ပြန်ပို့နေ
Aug 18, 2025
Cover
ထိုင်းက မြန်မာ အလုပ်သမား ၄ သောင်းကျော်ခေါ်မယ်လို့ ပြောပေမယ့် စစ်ကောင်စီက အလုပ်ထွက်လုပ်ခွင့်ပေး မပေးမသိရသေး
Aug 15, 2025
Cover
အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားအပါအဝင် လုပ်သား၂၀၀ကျော် လစာနှင့်နစ်နာကြေး ဘတ်၂သန်းကျော်ပြန်ရ
Aug 15, 2025
Cover
မလေးရှား သို့ တရားမဝင်လမ်းကြောင်း မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦး အဖမ်းခံရ
Aug 14, 2025