NEWS

စမုစခွန်ရှိ စက်ရုံ မီးလောင်မှု တွင် မြန်မာအလုပ်သမား ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့်ဆေးကုသမှုခံယူနေရ

CoverLogo
168 Views
 
ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံ မီးလောင်မှု တွင် မြန်မာအလုပ်သမား ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် ဆေးကုသမှုခံယူနေရတယ်လို့ စစ်ကော်မရှင် လက်အောက်ခံ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားပါတယ်။
 
ဖေဖေါ်ဝါရီ ၁၀ရက် ညနေ ၄နာရီ ခွဲ ခန့်က Samut Sakhon ပြည်နယ် က ကားအပိုပစ္စည်း တွေ ထုတ်လုပ်တဲ့ စက်ရုံ မှာ မီးလောင်မှု ဖြစ်ပေါ်ခဲ့ပြီး မြန်မာအလုပ်သမား၇ဦး အပါအဝင် ၁၃ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
မီးလောင်ချိန်မှာ စက်ရုံ အတွင်း ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၂၀၀ကျော် အလုပ်ဆင်းနေကျတာ ဖြစ်ပြီး မီးလောင် မှု ကြောင့် အလုပ်သမားအချို့ မီးဟပ်ခံရတဲ့ ဒဏ်ရာတွေရရှိသလို တချို့မှာ တကိုယ်လုံး မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တာကြောင့် Vichavej International Hospital နှင့် Mahachai 2 Hospital တို့တွင် ဆေးကုသမှုခံယူ နေရတယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။
 
ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ မြန်မာအလုပ်သမား၇ဦး အတွက် ကုမ္ပဏီ ဘက်မှ လူမှုဖူလုံရေးအာမခံမှတစ်ဆင့် နစ်နာကြေးများ၊ ဆေးကုသစရိတ်များ နဲ့ဆေးရုံတက်နေစဉ်အတွင်း လစာအပြည့်အဝပေးအပ်မယ်လို့ ဆိုပါတယ်။
 
မြန်မာ အလုပ်သမားသံအရာရှိရုံးအနေ နဲ့ လည်း အလုပ်သမားများ ရသင့်ရထိုက်တဲ့ နစ်နာကြေးများ အပြည့်အဝရရှိစေရန် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
 

Related posts

Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026