NEWS

စစ်​ကောင်စီက ထောင် ၇၇ နှစ် ချထားတဲ့ ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကို ထပ်တိုး ၃နှစ် ချမှတ်

CoverLogo
884 Views

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့က ဘားအံအကျဉ်း ထောင်အတွင်း တရားရုံကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကို အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၁၃၀ ကနဲ့ အမြင့်ဆုံး  အပြစ် ဒဏ် ၃နှစ် ထပ်မံ တိုးချလိုက်တယ်လို့ ဘားအံအကျဉ်းထောင်နဲ့ နီးစပ်သူ တဦးထံက သိရပါတယ်။

ပထမ အမှုတွေ ထောင်ဒဏ် ၇၇နှစ် ချမှတ်ထားပြီးနောက်ပုဒ်မနဲ့ ထပ်တိုးပြီး ယခုဒီဇင်ဘာလထဲမှာ စွဲ ချက် တင်ပြီး ချလိုက်တာကြောင့် ထောင်ဒဏ်နှစ် (၈၀) ဖြစ်သွားတာပါ။

ဒါအပြင် ယခုအမှုကို ရွေးကောက်ပွဲကာလ မဲမသမာမှုပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်သုံးနှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားချက်နဲ့ ချမှတ်လိုက်တာလို့  ရှေ့နေတဦးထံက သိရပါတယ်။

ဒီအပြင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်သလို ၁၉၉၀မှာ တကြိမ်၊၂၀၁၅မှာ အနိုင်ရပြီး ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာပီနောက် ပြီခဲ့တဲ့   ၂၀၂၀ ရွေးကောက်ပွဲအထိ ၃ကြိမ်ဆက်တိုက် အနိုင်ရခဲ့သူဖြစ်ပါတယ်။ 
 


Related posts

Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025