“ဆရာတို့ဘက်တော့ တစ်ရက်မလာဘူးဆိုရင် ရက်မှန်ကြေးတွေ၊ လစာတွေရော ဖြတ်လိမ့်မယ်။ ၃ ရက်မလာရင် အလုပ်ထွက်ရမှာနော်” ( စက်ရုံတာဝန်ရှိသူ) “လုပ်မယ်ဆို အထဲဝင်၊ ဒီနယ်မြေက စစ်အုပ်ချုပ်ရေး နယ်မြေ။ ပြောထားပြီးသား။ သမဂ္ဂတွေ ဘာတွေ လာမလုပ်နဲ့ ။ စစ်အုပ်ချုပ်ရေးမှာ ဘာ သမဂ္ဂမှ မရှိဘူး။” ( စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး) ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှူဇုန်ရှိ Hosheng (Myanmar) Garment Company Limited မှာ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၇ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်လိုက်လို့ စက်ရုံအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြနေတယ်လို့ သိရပါတယ်။ စက်ရုံအတွင်း အလုပ်သမားတွေက ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်တွေနဲ့ စက်ရုံတာဝန်ရှိသူတွေက ခြိမ်းခြောက်ပြောဆို ခဲ့ပါတယ်။ ဆန္ဒ ပြနေစဥ် စက်ရုံဘက်ကရဲနဲ့စစ်တပ်ကိုခေါ်ယူကာ အလုပ်ဆက်လုပ်ရန် နှင့်အလုပ်မလုပ်ဘဲ ဆန္ဒပြပါက အလုပ်ထုတ်ခံရနိုင်တယ်လို့ ခြိမ်းခြောက်ဖိအားပေးတာတွေပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်မှ "ကိုယ့်ဘ၀ကိုယ်သိ ဆို ကိုယ့်မိသားစုအတွက်ကိုစဥ်းစား လုပ်မယ်ဆိုအထဲဝင် မလုပ်ချင်ပြန်သွား ရွှေပြည်သာက စစ်အုပ်ချုပ်ရေးနယ်မြေ တခြားနယ်မြေနဲ့မတူဘူး စစ်အုပ်ချုပ်ရေးမှာဘာသမဂ္ဂမှမရှိဘူး" ဆိုကာ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။ အဆိုပါ စက်ရုံမှာ ZARA , Inditexစတဲ့ အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။ #MyanmarLabourNews
VIDEO
စစ်အုပ်ချုပ်ရေးမှာဘာသမဂ္ဂမှမရှိဘူးလို့စစ်တပ်ကအလုပ်သမားတွေကို ခြိမ်းခြောက်

1.5K Views
Related posts

ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026

အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026

မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026

လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026

ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ် စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026

ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026

ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026

Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
