NEWS

စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေး ယန္တရားပျောက်ကွယ်နေပြီး ခုံသမာဓိကောင်စီမှာလည်း တိုင်ကြားမှုမရှိသလောက်ဖြစ်နေ

CoverLogo
1K Views

စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအငြားပွားမှုတွေဟာ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးယန္တရားတစ်ခုဖြစ်တဲ့ ခုံသမာဓိကောင်စီသို့ တက်ရောက်တိုင်ကြားမှုတွေမရှိသလောက်ဖြစ်လာတာကြောင့်  ခုံကောင်စီအနေဖြင့်  အလုပ်သမားအငြင်းပွားမှုဖြေရှင်းနိုင်မှုတွေ  ယိုင်နဲ့ပျက်စီးလာတယ်လို့  အလုပ်သမားအရေးလေ့လာသူတွေက ပြောဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြားကာလမှာ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ပြဿနာ တစ်စုံတစ်ရာ ရှိပါက အငြင်းပွားမှုဖြေရှင်းရေး ယန္တရားကို အယုံအကြည်မရှိတော့တာကြောင့် တိုင်ကြားတာတွေ လုပ်ဆောင်မှုမရှိသလောက်ဖြစ်လာနေတယ်လို့ သိရပါတယ်။

"တကယ်လို့ အငြင်းပွားမှုဖြေရှင်းဆောင်ရွက်နိုင်တယ်ဆိုရင်တောင်မှ သူတို့အတွက်အမှန်တရား အကျိုးခံစားခွင့်တွေက မြို့နယ်အဆင့် တိုင်းအဆင့်ကိုရောက်လာလည်း သူတို့အတွက်ကဘာမှမ ထူးခြားလာဘူး။ အလုပ်သမားရေးဆောင်ရွက်သူတွေအနေနဲ့ကလည်း အရင်လိုထင်ထင် ရှားရှားဘာမှမဖြေရှင်းပေးနိုင်တော့တဲ့အနေထားမှာ အစိုးရကနေလုပ်ငန်းရှင်ဘက်ကနေ ကျွန်တော်တို့အလုပ်သမားကို ပုံစံမျိုးစုံနဲ့ဖိနှိပ်တဲ့အခါကျတော့ သေချာတယ် အငြင်းပွားမှုတွေက မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရှိမယ် တိုင်းရှိမယ် ခုံကောင်စီရှိမယ် သေချာတယ် အမှန်တရားမရှိဘူး အဂတိတွေပဲရှိမယ် ဖိနှိပ်မှုတွေပဲရှိမယ်။  ဒါကြောင့်အငြင်းပွားမှုတွေကတက်မလာတော့တာ မရှိဘူးလားမဟုတ်ဘူး ရှိတယ်။ ခြိမ်းခြောက်မှုတွေရှိတာကြောင့်လည်း အလုပ်သမားတွေကစိုးရိမ်တာမျိုးလည်းရှိတယ်။  တိုင်တာရှိလည်းသေချာတယ်အလုပ်ထုတ်ခံရတယ်"လို့  ခုံသမာဓိကောင်စီမှ  CDM အလုပ်သမားကိုယ်စားလှယ်ဟောင်း ဦးရဲကျော်သူက ဆိုပါတယ်။    

လက်ရှိမှာ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုပြဿနာတွေ ဖြေရှင်းပေးတဲ့ ခုံသမာဓိကောင်စီယန္တယားဟာ   ပုံမှန်လည်ပတ်နေတဲ့အတိုင်းလည်ပတ်နေပေမဲ့   အလုပ်သမားတွေအနေနဲ့ ခုံကောင်စီကို  ယုံကြည်မှုမရှိတော့တာကြောင့် ခုံသမာဓိကောင်စီရဲ့  အငြင်းပွားဖြေရှင်းနိုင်မှုယန္တယားကပျောက်ဆုံးနေတာဖြစ်တယ်လို့သိရပါတယ်။  

မကြာခင်အချိန်က PMG ကုမ္ပဏီအနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်တာ သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ထုတ်တာနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေကြောင့် အလုပ်သမားတွေအနေနဲ့ ခုံကောင်စီသို့တိုင်ကြားတောင်းဆိုခဲ့ပေမဲ့ အမှုကို ပယ်ချလိုက်တာကြောင့်  စက်ရုံလုပ်သားတွေဟာ စက်ရုံတွင်းသပိတ်မှောက်တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ 

"ကျွန်တော်တို့ဆိုရင်  ပုံမှန်ဆိုရင် ကျွန်တော်က ၂၀၁၇ က၀င်ခဲ့တာခုံကောင်စီကို ကျွန်တော်ကအမှုအ ရေတွက်အများဆုံးဖြေရှင်းရတယ်။  အမှုကအနည်းဆုံးက ပုံမှန်ဆိုရင်အမှုအရေအတွက် တစ်လကို ၁၅ မှုရှိတယ် ခုံကောင်စီကို။ ခုကတစ်လတစ်မှုတောင်ပုံမှန်မရှိဘူးဆိုတော့ ရာခိုင်နှုန်းအားဖြင့်၁၀ရာခိုင်နှုန်းတောင်မရှိလာဘူး။တစ်ရာရာခိုင်နှုန်းအရ ပုံမှန်ဆိုအနည်းဆုံး ၁၀မှု၁၅မှုရှိတယ်။ခုကတစ်လတစ်မှုတောင်ပုံမှန်မရှိတော့တာပါ"လို့  ၎င်းရဲ့ပြောဆိုချက်အရ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့လည်း  မြေပြင် စက်ရုံလုပ်ငန်းခွင်မှာအငြင်းပွားမှုဖြစ်ပွားပါက  မြို့နယ်အဆင့်ကိုအရင်တိုင်ကြားမှုမှာပင် ကြီးကြပ်သူတွေဖြစ်တဲ့  မန်နေဂျာတွေ စူပါတွေ လီဒါတွေကနေ အလုပ်ဖြုတ်မယ် စစ်တပ်နဲ့တိုင်မယ်ဆိုတဲ့ နည်းအမျိုးမျိုးခြိမ်းခြောက်မှုတွေရှိတာကြောင့် တိုင်ကြားမှုမရှိတော့တာဖြစ်သလို ခုံကောင်စီအနေနဲ့လည်း အလုပ်သမားတွေရဲ့နစ်နာမှုတွေကိုမကြည့်ဘဲ အလုပ်ရှင်ဘက်ကိုသာရပ်တည်ပေးပြီး တိုင်ကြားစာကိုပင်လက်မခံဘဲဖြုတ်ချမှုတွေပြုလုပ်တာကြောင့် အယုံအကြည်မရှိတော့ဘဲ တိုင်ကြားမှုတွေမပြုလုပ်တော့တာဖြစ်တယ်လို့လည်း သိရပါတယ်။

"ဘယ်လိုပြောရမလဲ ကြောက်လဲကြောက်တယ် သူတို့က အလုပ်သမားလာတိုင်ပြီဆိုရင် စက်ရုံဘက်ကို လှမ်းအကြောင်းကြားတယ် အဲ့တော့ အလုပ်သမားက အလုပ်ဖြုတ်ခံရရော ဖြုတ်ခံရရင် သူတို့လဲ မကယ်နိုင်ဘူး ၊ စားဝတ်နေရေးကလည်းရှိတော့ တိုင်စရာရှိလည်း ဘယ်ကိုမှ မတိုင်ရဲဘဲ  ကြိတ်မှိတ်လုပ်နေရတော့တာ"လို့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားအပေါ် အမည်မဖော်လိုတဲ့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအများစုဟာ လုပ်ခလစာအပြည့်မရရှိခြင်း၊  အချိန်ပိုကြေးမရရှိခြင်း၊ သတ်မှတ်စံနှုန်းထက်လျော့တာတွေ ခွင့်ရက်နဲ့အလုပ်ပိတ်ရက်တွေ၊  ရက်မှန်ကြေးတွေ၊ အချိန်ပိုတွေမရတဲ့အပြင် လခစား၀န်ထမ်းကနေနေ့စားအလုပ်သမားအဖြစ်သို့ လုပ်ကိုင်ရတာတွေ ဖြစ်ပွားနေပေမဲ့  ခုံကောင်စီသို့တက်ရောက်တိုင်ကြားမှုတွေကတော့ ၉၀ ရာခိုင်နှုန်းကျော်အထိ ပျောက်ဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။

 


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026