NEWS

စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂခေါင်းဆောင်နှင့် အဖွဲ့ဝင် ၁၈၈ ဦး ဖမ်းဆီးခံထားရပြီး သတ်ဖြတ်ခံရတဲ့အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ ရှိခဲ့

CoverLogo
1.3K Views

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမးသမဂ္ဂအသီးအသီးက ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် ၁၁၈ဦးအထိ ဖမ်းဆီးခံခဲ့ရပြီး စစ်တပ်က သတ်ဖြတ်ပစ်ခဲ့လို့ သေဆုံးခဲ့ရသူအလုပ်သမား ၃၀ ရှိနေပြီလို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM တာဝန်ရှိသူက ပြောပါတယ်။

"ကျွန်တော်တို့ CTUM အပါအဝင် အလုပ်သမားသမားသမဂ္ဂအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေကို အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးခဲ့တာ စုစုပေါင်း (၁၁၈) ဦးရှိနေပါပြီ။  သတ်ဖြတ်ခံခဲ့ရတာကတော့ စုစုပေါင်း (၃၀)  ရှိပါတယ်။ ဒါက CTUM မှာ ရရှိထားတဲ့ သတင်းတွေအရဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီ မရောက်တဲ့ သတင်းများလည်း ရှိနိုင်ပါတယ်"လို့ CTUM ဥက္ကဋ္ဌ ဦးမောင်မောင်ကပြောပါတယ်။

လက်ရှိ အလုပ်သမားသမဂ္ဂတွေအတွက် အလွန်အရေးပါတဲ့ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့် (Freedom of Association – FoA/ Right to organize) တွေ၊ စုပေါင်းညှိနှိုင်းတောင်းဆိုခွင့် (collective bargaining) တွေ ပျောက်ဆုံးနေပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ၊ စီးပွားရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေကပြောဆိုပါတယ်။

"အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် မတ်လ (၂) ရက်နေ့မှာ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့်အရ ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေ၊ အလုပ်သမားအရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းများတွေကို မတရားအသင်း ကြေညာခဲ့ပါတယ်။

ကျွန်တော်တို့ CTUM ရဲ့ ဗဟိုကော်မတီအဖွဲ့ဝင် (၂၇) ဦးကိုလည်း ဖမ်းဝရမ်း ထုတ်တာတွေ၊ နိုင်ငံကူး လက်မှတ်တွေကို ပယ်ဖျက်တာတွေ၊ သမဂ္ဂခေါင်းဆောင်တွေ နဲ့ အဖွဲ့ဝင်တွေကို ဖမ်းဝရမ်းထုတ်တာတွေ၊ ဖမ်းဆီးတာတွေ၊ ထောင်ချတာတွေ မတရားညှင်းပန်း နှိပ်စက်တာတွေ မီးရှို့သတ်ဖြတ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒီလိုချိုးဖောက်မှုတွေအပြင် ကျွန်တော့်ကို ပြီးခဲ့တဲ့  ၂၀၂၂ ခုနှစ်၊ မတ်လ (၈) ရက်မှာ နိုင်ငံသားအဖြစ်က ရပ်စဲခဲ့ ပါတယ်" လို့ ဦးမောင်မောင်က ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးချိန်ကစလို့ အလုပ်သမားသမဂ္ဂ အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ အများကြီး ထိခိုက်နေပြီးတော့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေခေါင်းဆောင်တွေ အပါအဝင် အလုပ်သမား ၁.၆ သန်းဟာ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာပါ။

"ဒီမိုကရေစီတော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး CDM ပြုလုပ်ခဲ့တဲ့ (၄)သိန်း လောက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိက ကဏ္ဍက အလုပ်သမားတွေကို ဖမ်းဝရမ်းထုတ်တာ၊ ဖမ်းဆီးတာ၊ ညှင်းပမ်းနှိပ်စက်တာ၊ ထောင်ချတာ၊ ခြိမ်းခြောက်တာ၊ နေအိမ်တွေကနေ မတရား ဖယ်ရှားခံရတာ၊ နေအိမ်တွေကို ချိတ်ပိတ်တာ စတာတွေ ရင်ဆိုင်ခဲ့ ရပါတယ်"လို့ ဦးမောင်မောင်က ပြောပါတယ်။

လက်ရှိ စစ်အာဏာသိမ်းထားတာကြောင့် မြန်မာ့စီးပွားရေးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ၁၈.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ ရတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပြီး  UNDP အဖွဲ့ကတော့  “COVID-19၊ အာဏာသိမ်းမှု အခြေအနေများ ကြောင့် လူပေါင်း ၁၂ သန်း အထိ ဆင်းရဲတွင်းနက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါး  လူဦးရေ ၂၅ သန်းဟာလည်း ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ဆင်းရဲနွမ်းပါးမှု နေထိုင်ရနိုင်ပါတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


 


Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
Yangon Nadia Clothing အထည်ချုပ် နိုင်ငံခြားသား စက်ရုံမှူးမှ ဆဲဆိုခိုင်း
May 18, 2026