NEWS

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံအလုပ်ရုံပိတ်သိမ်းရာတွင် အလုပ်သမားတွေ အလုပ်ပိတ်နစ်နာကြေးတွေမရရှိတော့

CoverLogo
907 Views

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာမှုတွေကြောင့်  စက်ရုံအလုပ်ရုံပိတ်သိမ်းမှုတွေရှိလာပြီး  အလုပ်သမားတွေက အလုပ်ပိတ်နစ်နာကြေးမ​ရရှိဘဲ ပိတ်သိမ်းတာတွေက ပိုများလာတယ်လို့ သိရပါတယ်။

''ပိတ်ဖို့တော့အသံကြားတယ်။ တစ်ကယ်တမ်းက မပိတ်ကြသေးဘူး ပိတ်ခဲ့ရင်လဲ အလုပ်ထုတ်နစ်နာကြေးရဖို့ကမလွယ်ဘူး။ အနည်းစုစက်ရုံတွေလောက်ပဲ မဖြစ်မနေ အဖြစ်သဘောမျိုးလောက်ပဲပေးတာမျိုးရှိတယ်။ ဘယ်အလုပ်သမားမှ နစ်နာကြေးအပြည့်အဝ မရဘူး။ လုံးဝမရတာက များတယ်'' လို့ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

စက်ရုံလုပ်ငန်းရှင်တွေဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်က စီးပွားရေးကျဆင်းမှုတွေနဲ့အတူ စစ်အာဏာသိမ်းပြီးနောက် စီးပွားဆင်းရေးကျဆင်းလာခြင်းဆက်တိုက်ဖြစ်ပေါ်ခဲ့ရတဲ့အပြင် ကုန်စျေးနှုန်းမြင့်တက်ခြင်း ကုန်ကြမ်းမရရှိခြင်းနဲ့ အမှာမရရှိခြင်တွေကြောင့် စက်ရုံပိတ်သိမ်းမှုတွေရှိလာတာဖြစ်ပြီး အလုပ်သမားတွေအပေါ် အလုပ်ပိတ်နစ်နာကြေးအပြည့်အဝပေးဆောင်တာတွေလည်း မရှိဘူးလို့သိရပါတယ်။

"တချို့ကျတော့စက်ရုံပိတ်တယ် နစ်နာကြေးမရဘူး တချို့ကျတော့စက်ရုံမပိတ်ဘဲနဲ့ လူတွေတဖြေးဖြေးနဲ့လျှော့ထုတ်ပစ်တာပေါ့ ၊ အဲ့လိုလျော့တဲ့အခါမှာလည်း နစ်နာကြေးမရကြဘူး"လို့ အလုပ်သမားရေးရာ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောဆိုပါတယ်။

လုပ်ငန်းဆက်လက် မလည်ပတ်နိုင်တော့တဲ့အတွက် လုပ်ငန်းပိတ်သိမ်းတာ၊ ယာယီပိတ်တာ ဒါမှမဟုတ် လူအင်အားလျှော့ချတဲ့အခါမှာ လုပ်သက်အလိုက်နစ်နာကြေးပေးချေရမယ်လို့အလုပ်အကိုင်နဲ့ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ဖော်ပြထားပါတယ်။ 

ဒါပေမယ့်လက်တွေ့မှာတော့ နစ်နာကြေးတစုံတရာမရရှိဘဲ အထုတ်ခံရတာက ပိုများလာနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၉ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက စက်ရုံပိတ်သိမ်းတာတွေဟာကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် နိုင်ငံရေးအခြေအနေများအရ ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် စက်ရုံ၊ အလုပ်ရုံ ၂၉၁ ရုံပိတ်သိမ်းခဲ့ရပြီး အလုပ်သမား ၁၀၄၇၉၈ ဦး အလုပ်ရပ်နားခံခဲ့ရတယ်လို့ ပြောဆိုထားပါသေးတယ်။

ဒါ့အပြင် အသစ်ဖွင့်လှစ်သည့်စက်ရုံ၊ အလုပ်ရုံ ၁၁၄ ရုံနှင့် ပိတ်သိမ်းရာကနေ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့စက်ရုံ ၁၀၀ ရုံနဲ့ စုစုပေါင်း ၂၁၄ ရုံ ရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအများစုဟာ အလုပ်ရှင်တို့ရဲ့ဖိနှိပ်မှုတွေဖြစ်တဲ့ အလုပ်ထုတ်ခြင်း၊ အချိန်ပိုကြေးမရရှိခြင်း၊ နေ့စားအဖြစ်ပြောင်းလဲလုပ်ကိုင်ရခြင်း၊ အချိန်ပိုကြေးမရဘဲ စံချိန်တိုးလုပ်ပေးရခြင်း၊ ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးတွေမရတာတွေ စတဲ့နစ်နာမှုတွေအပြင် စက်ရုံတွင်းဥပဒေမဲ့အပစ်ပေးမှုတွေနဲ့ ကိုယ်ထိလက်ရောက်ရိုက်နှက်ကျူးလွန်တာတွေပါ ခံစားနေကြရတာဖြစ်တယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026