NEWS

စစ်သား စုဆောင်းမှု တတိယအကြိမ် ခေါ်ယူဖို့ စစ်ကောင်စီ  ပြင်ဆင်

CoverLogo
643 Views

စစ်သား စုဆောင်းမှု တတိယအပတ်အနေနဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၃  ဖွင့်လှစ်ဖို့ ပြင်ဆင်နေ တယ်လို့ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးက မေလ ၂၀ ရက်ရက် က ပြောဆိုခဲ့ပါတယ်။  

နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲ မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ပြည်သူ့စစ်မှုထမ်း နည်းဥပဒေက လက်ရှိ ရေးဆွဲနေဆဲဖြစ်ပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီက တဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြ အတည်ပြုချက်ရယူသွားမယ်လို့ အဲ့ဒီအစည်းအဝေးမှာ ပြောကြားထားပါတယ်။

စစ်ကောင်စီက စစ်သားစုဆောင်းမှုကိုတွေကို အပတ်စဉ်တိုင်း နိုင်ငံသား ၅၀၀၀ ခေါ်ယူသွားမယ်လို့ ပြောဆို ထားပြီး လက်ရှိမှာတော့ အပတ်စဉ် ၂ အထိ ခေါ်ယူထားပြီး ဖြစ်ပါတယ်။ 

“ လူစားထိုးဖို့ ဆိုပြီး ရက်ကွက် အုပ်ချုပ်ရေမှူးနဲ့ အဖွဲ့ဝင်တွေက ရပ်ကွက်ထဲက တအိမ်ကို ကျပ်တသောင်း တောင်းသွား တယ်။ ဘယ်သူကို ဘယ်လိုထည့်မလဲတော့ မသိဘူး။ ဘယ်အပတ်စဉ်လို့လည်း မသိရဘူး။ အိမ်မှာတော့ အသက်မီတဲ့သူတွေ မရှိတော့ ၊ ပိုက်ဆံတော့ ပေးလိုက်ရတယ်” လို့ မြိတ်မြို့မှာ နေထိုင်သူတဦး က ပြောပါတယ်။

ဒါအပြင် စစ်မှုထမ်းဖို့  လူဦးရေ ၆၀၀၀၀ အထိ စုဆောင်းသွားမှာ ဖြစ်ပြီး နိုင်ငံအတွင်း အမျိုးသား ၆ သန်းကျော်နဲ့ အမျိုးသမီး ၇ သန်းကျော်  စုစုပေါင်း ၁၄ သန်းနီးပါးက စစ်မှုထမ်းဖို့ အကျုံးဝင်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုထားပါတယ်။ 

စစ်သားစုဆောင်းမှုတွေကြောင့် နိုင်ငံအတွင်းမှာ လုပ်သားအင်အား လိုအပ်ချက် တွေ ဖြစ်ပေါ်နေတာကြောင့် စက်ရုံလုပ်ငန်းတချို့က လုပ်ခလစာ တိုးမြှင့် ခေါ်ယူတာတွေ ပြုလုပ်နေသလို့  ပြည်ပ လုပ်ငန်းတချို့လည်း နိုင်ငံအတွင်း လုပ်သားအင်အားရှားပါးလို့ဆိုပြီး  ကိုရီးယား ကြက်သားပေါက်လုပ်ငန်း CJ က မြန်မာနိုင်ငံအတွင်းက လုပ်ငန်းတွေ ယာယီရပ်နားတယ်ဆိုပြီး ကြေညာထားပါတယ်။  

“ စစ်မှုထမ်းဥပဒေ ကြောင့် လုပ်သားလိုအပ်ချက်တွေ ဖြစ်ပေါ်နေတာဆိုမှန်ပါတယ်။ နောက်ထပ်က လုပ်ခလစာ နည်းတာ လည်း ပါတယ်။ ဒီကနေ ပြည်ပထွက်ဖို့ပဲ လုပ်လာကြတာများတယ်။ “ လို့ အလုပ်သမားရေး လှုပ်ရှားသူတဦးက ပြောပါတယ်။ 

စစ်မှုထမ်းဆင့်ခေါ်ရာမှာ လာရောက်ဖို့ ပျက်ကွက်သူအားလုံးကို တည်ဆဲဥပဒေအရ ဆောင်ရွက်သွားမှာ ဖြစ်ပြီး အခု ဖွင့်လှစ်မဲ့ အပတ်စဉ် ၃ မှာတော့ လျာထားချက်အမီ ဖွင့်လှစ်ဖို့ကိုလည်း စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026