NEWS

စစ်မှုထမ်းရှောင်ရှားတဲ့သံသယနဲ့ ရန်ကုန်လေဆိပ်မှာ ပြည်ပသို့ထွက်မဲ့အလုပ်သမား ၄၀ ကျော်တားဆီးခံရ

CoverLogo
610 Views
အာဏာသိမ်းစစ်ကောင်စီက ပြည်ပသို့ထွက်ခွာအလုပ်လုပ်ခွင့်တွေကို ကန့်သတ်ပိတ်ပင်လျှက်ရှိရာ မနေ့ကသြဂုတ် ၁ ရက်နေ့ကလည်း စစ်မှုထမ်းဖို့ရှောင်ရှားတယ်ဆိုတဲ့ သံသယနဲ့ပြည်ပသို့ထွက်ခွာအလုပ်လုပ် မဲ့အလုပ်သမား ၄၀ကျော်ကို တားဆီးခဲ့တာကြောင့် ရန်ကုန်လေဆိပ်ကနေလှည့်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။
 
"ဟုတ်တယ်အဲလိုဖြစ်သွားတယ်လို့ကြားရတယ်။ သူတို့ကတော့ စစ်မှုထမ်းဖို့ရှောင်တယ်ထင်မှာပေါ့ အသက်အရွယ်အပိုင်းခြားကလည်းရှိနေတာကိုး။ တစ်ကယ်က OWIC ကတ်အတုမိသွားတာကနေစတာပါ။ ကတ်အတုကိုဘယ်ကလုပ်လဲဆိုတော့ OSS ကနေလုပ်တယ်ဆိုတော့ OSS တွေအကုန်ပိတ်တော့ အေဂျင်စီတွေပါထိကုန်တယ်။ ခုမနက်တော့အမှန်တွေထွက်ခွင့်ရမယ်လို့ ကြားရပါတယ်"လို့ ပြည်ပအလုပ်သမားစေလွှတ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။
 
အဆိုပါအလုပ်သမား ၄၀ ကျော်ဟာ ပြည်ပတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးပြီး အကြောင်းအမျိုးမျိုးဖြင့် အိမ်ပြန်လာ သူများဖြစ်ကာ လုပ်ငန်းရှင်နဲ့ပြန်လည်ချိတ်ဆက်ပြီးပြန်ထွက်သူများလည်းပါ၀င်သလို စစ်ကောင်စီ ကပြည်ပပြန်ထွက်ခွင့်ပိတ်လိုက်တဲ့ အသက်အရွယ်ကန့်သတ်ချက်များလည်းပါ၀င်နေတယ်လို့သိရပါတယ်။
 
ဒါ့အပြင်ရန်ကုန်လေဆိပ်တွင်လေယာဉ်ပေါ် တက်ခွင့်မရလိုက်သူအလုပ်သမား ၄၀ကျော်ထဲမှာ အေဂျင်စီ ၅ ခုနှင့် ချိတ်ဆက်လုပ်ကိုင်နေသူများလည်း ပါ၀င်နေပြီးသေချာစစ်ဆေးခြင်းမပြုလုပ်ဘဲ OSS (One Stop Services)ကိုပါစစ်ဆေးခဲ့တာကြောင့် လုပ်ထားတဲ့ အေဂျင်စီ၅ခုကိုပါစစ်ဆေးခံခဲ့ရတာကြောင့် အဆင်မပြေဖြစ်ကာ ဂျပန်အပါအဝင်ပြည်ပနိုင်ငံအသီးသီးသို့ တိုက်ရိုက်လေကြောင်း၊ တစ်ဆင့်ခံလေကြောင်းများဖြင့် သွားရောက်မည့် အလုပ်သမားများအတွက် လေယာဉ်လက်မှတ်များ ဆုံးရှုံးခဲ့ကြတယ်လို့ သိရပါတယ်။
 
OWIC ကတ်အတုကို OSS (One Stop Services)ကနေပြုလုပ်ခဲ့ကြတာကြောင့် တစ်နေရာတည်းတွင် အလုံးစုံဝန်ဆောင်မှုပေးတဲ့ OSS (One Stop Services)မှာ အထောက်အထားလက်မှတ် လျှောက်ထားခဲ့သူများအားလုံးကို ပြည်ပထွက်ခွင့် ပိတ်ပင်ခံလိုက်ရခြင်းဖြစ်တယ်လို့ အေဂျင်စီအချို့ကဆိုပါတယ်။
 
"အမှန်ကတော့ စစ်မှုမထမ်းချင်လို့ ထွက်တဲ့ကလေးတွေ ပါတယ်ဆိုပြီး သံသယနဲ့စစ်တာ။ စစ်ရင်းကတ်အတုမိပြီး One Stop Service နဲ့အကုန်လုံး ပိတ်တယ်ဆိုပြီးလုပ်ပစ်လိုက်တော့၊ One Stop Service နဲ့ လွှတ်တဲ့အေဂျင်စီတွေပါ အစစ်ဆေးခံရတယ် လို့ အမည်မဖော်လိုသူတစ်ဦးကဆိုပါတယ်။
 
အလုပ်သမားများပြည်ပပြန်ထွက်မည်ဆိုပါက စစ်ကောင်စီ ထုတ်ပေးတဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရရှိပြီးမှသာထွက်ခွာခွင့်ရရှိမှာဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အခွန်ပေးဆောင်ထားမှု၊ အလုပ်လုပ်ခွင့်ပါမစ်နှင့် လိုအပ်တဲ့ အထောက်အထားများ ပြသနိုင်သူကို ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားရုံးတွင် One Stop Service ဖြင့် OWIC ကဒ်ထုတ်ပေးခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
 
စစ်ကောင်စီက သက် ၃၅ နှစ်အောက် အမျိုးသားများ၊ ၂၇ နှစ်အောက် အမျိုးသမီးများ စစ်ထဲဝင်ရမည့် စစ်မူမထမ်းမနေရအမိန့်ထုတ်ပြန်ပြီးနောက် ပြည်ပထွက်အလုပ်လုပ်မည့် အလုပ်သမားတွေရဲ့ အသက်အရွယ်အပိုင်းအခြားကိုလည်း ကန့်သတ်လိုက်ကာပြည်ပနိုင်ငံများသို့ အလည်အပတ်ဖြင့်ထွက်ခွာမှုကိုလည်း ပိတ်ပင်လိုက်တဲ့အပြင် PJ to PV ပြောင်းလဲမှုကိုလည်း ပြုလုပ်ခွင့်မပေးတော့ဘဲ ပိတ်ပင်ထားတာပဲဖြစ်ပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ဇူလိုင် ၃၀ ရက်ကလည်း ထိုင်းနိုင်ငံတွင် နှစ်နိုင်ငံသဘောတူညီမှု (MoU) စနစ်ဖြင့် ၀င်ရောက်အလုပ်လုပ်နေတဲ့ အလုပ်သမားများကို လေးနှစ်ပြည့်၍ ပြည်တွင်းပြန်လာပြီး MoU U-Turn စနစ်ဖြင့် သက်တမ်းတိုးပြန်လည်ထွက်ခွာရန် မိမိတို့မိသားစုထံသို့ စစ်ကောင်စီလက်အောက်ခံ တရားဝင်ဘဏ်စာရင်းမှ တရား၀င်ငွေလွှဲထားတဲ့ အထောက်အထားပြသနိုင်ရမယ်လို့လည်း စည်းကမ်းချက်အသစ် ထပ်တိုးထုတ်ပြန်ထားပါသေးတယ်။

Related posts

Cover
ယခုလ အတွင်း ကမ္ဘောဒီးယား ကျားဖြန့် မှ မြန်မာနိုင်ငံသား ၅၆၀ ကျော် ပြန်ပို့
Jan 27, 2026
Cover
မလေးရှားမှ ပြစ်ဒဏ်ကျခံ ပြီးသည့် မြန်မာနိုင်ငံသား ၆၀ကျော် ပြန်ပို့ခံရ
Jan 27, 2026
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ကန်ချနဘူရီ မှတစ်ဆင့် မြန်မာသို့ ပြန်ပို့
Jan 23, 2026
Cover
မြန်မာလုပ်သားများ တင်ဆောင်လာသည့် ကားတိမ်မှောက်သဖြင့် ၂ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရ
Jan 22, 2026
Cover
အလုပ်ရှင် ကို ဖုန်းဆက်မရလို့ဆိုကာ ခွင့်ပြန် လုပ်သား အချို့ကို OWIC ကတ် ပြုလုပ်ခွင့်မပေး
Jan 22, 2026
Cover
ဘတ် စာရင်းတင်ရာတွင် အလိမ်ခံရသည့် မြန်မာလုပ်သား ၁၄၀၀ကျော် ကို TMIA မှ ကူညီ ဆောင်ရွက်ပေးမည်ဟုဆို
Jan 22, 2026
Cover
တရားမဝင် ဝင်ရောက်သဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သားများက ဖမ်းဆီးတဲ့ ထိုင်းအရာရှိ အတွက် မွေးနေ့သီချင်း ဆိုပေးခဲ့
Jan 20, 2026
Cover
ယခုလအတွင်း တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၂၆၀ ဦး စေလွှတ်
Jan 20, 2026