NEWS

စစ်မှုထမ်းရန် အမျိုးသမီးများကိုစာရင်းကောက်ယူနေခြင်းမရှိဘူးလို့ စစ်ကောင်စီငြင်းဆိုပေမဲ့ ရပ်ကွက်အချို့မှာအမျိုးသမီးတွေကို စစ်မှုထမ်း ဆင့်ခေါ်မှုတွေရှိနေ

CoverLogo
224 Views
 
စစ်ကောင်စီရဲ့ စစ်မူထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆောင်ဖို့အတွက် အမျိုးသမီးများကို စာရင်းကောက်ယူနေခြင်း မရှိသေးဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ကြေငြာလိုက်ပေမဲ့ ရပ်ကွက်အချို့မှာတော့ အမျိုးသမီးဆင့်ခေါ်မှုတွေအထိပါရှိလာတယ်လို့ သိရပါတယ်။
"သူတို့ကမဟုတ်ဘူးဆိုပြီးသတင်းထုတ်ပြန်တာ တို့သင်္ဃန်းကျွန်းမှာဆိုရင် ဆင့်ခေါ်တာတွေအထိရှိနေပြီ။ ဆင့်ခေါ်စာနဲ့ကိုခေါ်တာ။ စစ်မှုထမ်းကိစ္စအတွက်ဆိုပြီးတောင် စာမှာပါသေး။ သူကတော့ဆွေးနွေးညှိနှိုင်းဖို့ဆိုပြီး အစည်းအဝေးခေါ်တာ။ ကောင်မလေးက စက်ရုံမှာလုပ်တာမဟုတ်ဘူး။ အပြင်ကအလုပ်ကုမ္ပဏီလည်းမဟုတ်ဘူး။ ဘယ်လိုဖြစ်မယ်တော့မသိဘူး"လို့ သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်ကွက်နေပြည်သူတစ်ဦးကဆိုပါတယ်။
ဇန္နဝါရီ ၂၉ရက်နေ့က စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အမျိုးသမီးများကို စာရင်းကောက်ယူမှုတွေရှိနေတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာအချို့ရဲ့ မေးမြန်းမှုတွေ အပေါ် စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါရှင်းလင်းချက်အရ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အမျိုးသမီးများကို စာရင်းကောက်ယူနေခြင်း မရှိသေးကြောင်းဘူးလို့ ငြင်းဆိုလိုက်တာဖြစ်ပေမဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် မှော်ဘီမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်သာယာနဲ့ ရွှေပြည်သာ စတဲ့မြို့နယ်တွေက ရပ်ကွက်အချို့မှာတော့ အမျိုးသမီးများ၏ စာရင်းများ ပါရှိနေသလို ရပ်ကွက်ရုံးသို့ဆင့်ခေါ်မှုတွေပါရှိလာတယ်လို့ Myanmar Labour News မှစုံစမ်းသိရှိရသလို စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာအချို့ကပါ စုံစမ်းဖော်ပြထားလာတာတွေ့ရပါတယ်။
မြို့နယ်အချို့တွင် စစ်မှုထမ်းရန် အမျိုးသမီး စာရင်းအချို့ ရပ်ကွက်ရုံးသို့ ရောက်ရှိနေသည်ဟူသော ပြောဆိုမှုအချို့လည်း ရှိနေသလို စစ်မူထမ်းအတွက်အစည်းဝေးဖိတ်ကြားခြင်းဟူသောဆင့်ခေါ်စာများနဲ့ စစ်မူထမ်းဖို့အတွက် အမျိုးသမီးပါအလှည့်ရောက်ရှိလာပြီဖြစ်လို့ သန်ခေါင်စာရင်းမိတ္တူတောင်းယူတာရှိသလို နောက်ဆုံးတိုင်ကြားထားတဲ့ ဧည့်စာရင်းမိတ္တူတောင်းယူတာတွေလည်းရှိနေတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီကတော့ မီဒီယာ တွေက ပြည်သူ့စစ်မှုထမ်း ဆောင်ခြင်းနှင့်ပတ်သက်ပြီး အများပြည်သူ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေဖို့ ကောလာဟလသတင်း များဖြင့်ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်တယ်လို့ ရှင်းလင်းချက်မှာ ထည့်သွင်းတုံ့ပြန်ထားတာဖြစ်ပါတယ်။

Related posts

Cover
Rum Yang အထည်ချုပ်စက်ရုံလုပ်သားများ အား တိုင်းဦးစီးခြိမ်းခြောက်၊ တောင်းဆိုမှု ရပ်တန့်
Jun 16, 2025
Cover
Dong Chen Handbag စက်ရုံမှူး ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး ကြီးကြပ်ရေးမှူးများမှ ဆဲဆို ခိုင်းစေ
Jun 16, 2025
Cover
Mai Yi Bei (Yangon) အော်စူပါ လာဘ်ယူ အလုပ်ခန့်၊ အလုပ်သမားလစာပါ ဖြတ်ယူ
Jun 16, 2025
Cover
Dong Chen Handbag စက်ရုံ ဖူလုံရေး မွေးဖွားစာရိတ် ကျပ် ခုနှစ်သောင်း ရမည်ဟု ပြောဆို
Jun 14, 2025
Cover
Yuan Hong Garment စက်ရုံ အလုပ်ချိန် ၆ နာရီကျော် ဆက်တိုက်ခိုင်းစေပြီး တစ်ပတ် နာရီ ၄၀ အချိန်ပို လုပ်ကိုင်ခိုင်း
Jun 14, 2025
Cover
ဒေးကြေး ၁၃၀၀၀ ကျပ်သို့ တိုးမြှင့်ရေး Rum Yang လုပ်သားတွေ ၄ ရက်မြောက်တောင်းဆို
Jun 11, 2025
Cover
Shunrong Garment Myanmar လူမှုဖူလုံရေး လစဉ် ပေးသွင်းရပေမဲ့ ဆေးခွင့်မပေး
Jun 11, 2025
Cover
Create Beauty (Myanmar) Kinitted စက်ရုံ တစ်လ ၂ ရက်ပဲ အနားပေး၊အချိန်ပို မဆင်းသည့် လုပ်သားများအား အလုပ်ထုတ်
Jun 10, 2025