NEWS

စစ်မှုထမ်းစာရင်းပါလို့ ထိုင်းကိုတိမ်းရှောင်လာသည့် မြန်မာလုပ်သား လုပ်ငန်းခွင်မှာ ထိခိုက်သေဆုံး

CoverLogo
355 Views
 
ဧရာဝတီတိုင်း ဒေသကြီး လေးမျက်နှာ မြို့နယ် ဝါးတောကွင်း ကျေးရွာ နေသူ တစ်ဦးဟာ စစ်မှုထမ်း ရန် စာရင်း ပါလို့ ထိုင်းနိုင်ငံ ကို တိမ်းရှောင်လာပြီးရက်ပိုင်းအတွင်း ထိုင်းလုပ်ငန်းခွင်မှာ မတော်တဆမှုနဲ့ ထိခိုက်သေဆုံးခဲ့တယ်လို့ မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
သေဆုံးသူ ကို_ ဟာ အသက်၂၈ နှစ်ရှိပြီ ဖြစ်ပြီး စစ်မှုထမ်း အတွက် လစဉ် ကျပ်ငါးသောင်း ကို အုပ်ချုပ်ရေးမှူးကို ပေးခဲ့တာနှစ်ချီ နေပြီ လို့သိရပါတယ်။ဒါပေမယ့် စစ်မှုထမ်း မဲပေါက်တဲ့ အတွက် လစဉ်ကြေးကို အုပ်ကြီးမှ လက်မခံတော့ဘဲ လူကိုယ်တိုင်စစ်မှုထမ်းရမယ်ဆိုတာကြောင့် ထိုင်းနိုင်ငံ ကို ထွက်ပြေးတိမ်းရှောင်လာတာ တစ်လ မပြည့်သေးခင်မှာပင်အခုလို လုပ်ငန်းခွင်မှာမတော်တဆ ထိခိုက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
 
"ထိုင်းရောက်တာရက်ပိုင်း ပဲ ရှိသေးတယ် လယောင် မြို့နယ်စည်ပင်သာယာ အစိုးရလုပ်ငန်းမှာ ပွဲစားက အလုပ်သွင်းပေးထားတာ ပြီးခဲ့တဲ့ ၉ ရက်နေ့က အမှိုက်ကား ဟိုက်ဒရောလစ်(အမှိုက်သွန်ရာမှာပင့်တင်တဲ့စနစ်) နှစ်ခုကြားမှာ ညှပ်ပြီး သေဆုံးသွားတာ""လို့ AAC -မဟာမိတ်အဖွဲ့မှဒါရိုက်တာ ဦးခိုင်ကြီးက MLN ကိုပြောပါတယ်။
 
လက်ရှိမှာ မြန်မာလုပ်သား သေဆုံးမှု အတွက် နစ်နာကြေး ပေးဖို့ ကို တရားဝင်အလုပ် လုပ်ကိုင်တဲ့ အထောက်အထားမရှိလို့ သက်ဆိုင်ရာက ငြင်းဆန်နေတဲ့ အတွက် AAC -မဟာမိတ်အဖွဲ့ မှ ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
 
"ထိုင်းဥပဒေအရ လုပ်ငန်းခွင်မှာသေဆုံးရင် နေထိုင်ခွင့်ရှိခြင်း မရှိခြင်း က အဓိကမဟုတ်ဘူး လုပ်ငန်းရှင်ဘက်က လျော်ရမှာ ကာယကံရှင်မိသားစု ကျေနပ်လောက်တဲ့ အထိ ပေါ့ ထိုင်းအစိုးရသတ်မှတ်တဲ့ နှုန်းထားမဟုတ်ရင်တောင် အနည်းဆုံး ညှိနှိုင်းတဲ့ ဈေးနဲ့ လျော်ရမယ် ဖြစ်နိုင်ရင်တော့ ထိုင်းအစိုးရသတ်မှတ်တဲ့ဈေးနှုန်းပေါ့ အခုက တရားဝင်အမှုဖွင့်ပြီး ဒီကိစ္စကိုတိုင်ကြားမယ် သူတို့ဘက်က လုပ်ငန်းခွင်မှာ မဟုတ်ဘူး ကားအာမခံနဲ့ရှင်းမယ်ဆိုရင်တော့ ရဲစခန်းနဲ့ ပြတ်တယ် တကယ်လို့ ရဲစခန်းမှ လာရောက်မဖြေရှင်းဘူး လုပ်ငန်းခွင်နဲ့ဆိုရင် လူမှုဖူလုံရေးရုံးကိုသွားပြီးအမှုသွားဖွင့်မယ်""လို့AAC -မဟာမိတ်အဖွဲ့မှဒါရိုက်တာ ဦးခိုင်ကြီးက MLN ကိုပြောပါတယ်။
 
လက်ရှိအချိန်မှာ သေဆုံးသူရဲ့ရုပ် အလောင်းထုတ်ယူဖို့ ထောက်ခံစာတွေ ပြုလုပ်လျက်ရှိပြီး ဒီရက်ပိုင်းအတွင်း သင်္ဂြုလ် နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026