NEWS

စစ်တပ်ပိုင်မြန်မာဘီယာအတွက် ဂျပ်ဖာထုတ်ပေးနေတဲ့ရွှေပြည်သာစက္ကူစက်ရုံမှာအဓမ္မစေခိုင်းမှု့

CoverLogo
3.9K Views

ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်အမှတ် ၃ စက်မှု့ဇုန်၊ မြသာဝန်ကြီးဦးမော့လမ်းမှာလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားပိုင် (San Yee Enterprise Co.,Ltd) စမ်းရီစက္ကူစက်ရုံမှာလုပ်သားတွေအပေါ်အခွင်အရေးချိုးဖောက်ပြီး အဓမ္မစေခိုင်းတာတွေရှိနေတယ်လို့စက်ရုံဝန်ထမ်းတွေက MLN ကိုပြောပါတယ်။

အဆိုပါစက်ရုံမှာစစ်တပ်ပိုင် ယမကာလုပ်ငန်းမှအမှတ်တံဆိပ်တခုဖြစ်တဲ့မြန်မာဘီယာအတွက်ဖာ(ဂျပ်ဖာ)များထုတ်လုပ်ပေးနေတဲ့ကုမ္ပဏီတခုဖြစ်တယ်လို့လဲသိရပါတယ်။

"အသံတိတ်သပိတ်နေ့မှာအလုပ်မဆင်းလို့ဆိုပြီးတနဂ်နွေကိုအတင်းဆင်းခိုင်းတယ်ပုံမှန်ဆိုရုံးပိတ်ရက်ကိုဆင်းခိုင်းတယ်ဆိုရင်တောင်၂ ဆပေးရတာလုံးဝမပေးတဲ့အပြင် အိုတီတွေတောင်ဖြတ်နေတယ်"လို့စက်ရုံဝန်ထမ်းတဦးကMLNကိုပြောပါတယ်။

အဆိုပါစက်ရံပိုင်ရှင်မှာမြန်မာစကားကိုလည်လည်ပတ်ပတ်ပြောဆိုတတ်တဲ့တရုတ်လူမျိုးတဦးဖြစ်ပြီးဝန်ထမ်းတွေကိုအစည်းအဝေးခေါ်တိုင်းစစ်ခေါင်းဆောင်အကြောင်းချီးကျူးပြောဆိုလေ့ရှိသူဖြစ်တာ်လို့လဲဝန်ထမ်းတွေကဆိုပါတယ်။

"သူကနင်တို့ဒေါ်စုကလက်ထက်မှာအလုပ်သမားအခွင့်အရေးရရင်ရမယ် မင်းအောင်လှိုင်လက်ထက်မှာတော့မရဘူး တိုင်ချင်တဲ့နေရာသွားတိုင်ဆိုတာမျိုးတွေအမြဲပြောတယ် ကျမတို့ကလဲဒီကာလအလုပ်ကရှာရဖွေရခက်ခဲတော့ဒုက္ခရောက်နေလဲလုပ်ရတာပဲ"လို့စက်ရုံလုပ်သားတဦးကပြောပါတယ်။

စက်ရုံတွင်းအခြေအနေနဲ့ပုံမှန်လုပ်အားထက်တိုးတောင်းတာတွေ ခွင့်ရက်မပေးတာတွေအပြင်အလုပ်ရှင်အလုပ်သမားဆိုင်ရာဥပဒေတွေကိုကျော်လွန်ချိုးဖောက်နေတဲ့အပြင်အဓမ္မခိုင်းစေတာတွေလဲရှိနေတယ်လို့အလုပ်သမားတွေရဲ့ပြောကြားချက်အရသိရပါတယ်။

စမ်းရီစက္ကူစက်ရုံမှအလုပ်သမားတဦးလျှင်တနေ့ ၃၆၀၀ ကျပ်ရရှိပြီးအချိန်ပိုကြေးပေးပေမယ့် ခေါ်ချင်တဲ့အချိန်ကြိုက်လိုသလိုခေါ်နေတဲ့အပြင် တရက်မဆင်းရင်လစာထဲကတစ်သောင်းကျော်နီးပါးဖြတ်တောက်တယ်လို့လဲစက်ရုံဝန်ထမ်းတွေကတဆင့်သိရပါတယ်။

အဆိုပါအလုပ်ရှင်တွေအနေနဲ့ယခုလိုတော်လှန်ရေးကာလမှာအလုပ်သမားတွေအပေါ်အခွင့်အရေးချိုးဖောက်နေတာတွေအတွက်အမျိုးသားညီညွတ်ရေးအစိုးရကပြင်းပြင်းထန်ထန်အရေးယူမယ်လို့အတိအလင်းထုတ်ပြန်ထားပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026