(ဇန်နဝါရီ၁၂-ဇန်နဝါရီ၁၈)
ဇန်နဝါရီ ၁၈၊ ၂၀၂၆
Myanmar Labour News ရဲ့ ဇန်နဝါရီ၁၂ရက်နေ့မှဇန်နဝါရီ၁၈ရက်အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၂
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊မြစိမ်းရောင်စက်မှုဇုန်က Golden Five Myanmar Co.,Ltd ပိုင် အထည်ချုပ် စက်ရုံလုပ်သား၃၀၀က လုပ်ခလစာ တန်းတူပေးဖို့ အပါအဝင် လုပ်ခလစားတိုးမြှင့်ပေးဖို့ တောင်းဆိုတာကို ဇန်နဝါရီ၇ရက်ထဲကစတင် တောင်းဆိုကာဇန်နဝါရီ၁၂ရက်အထိမှာ၆ရက်ကြာမြှင့်နေပြီလို့ အလုပ်သမားတွေဆီက သိရပါတယ်။
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)ကိုင်ဆောင်ထားတဲ့ လုပ်သားတွေ အနေနဲ့ ပြည်ပနိုင်ငံများသို့ ထွက်ခွာတဲ့အခါ စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ထွက်ခွင့်ပြုတဲ့ စာရရှိမှသာ ရန်ကုန်လေဆိပ်ကနေ ထွက်ခွင့်ရမယ် လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အွန်လိုင်း( Facebook) ပေါ်မှ အလုပ်ခေါ်စာ တွေ့ပြီး ကမ္ဘောဒီးယား ကို တရားမဝင် သွားရောက် ဖို့ လုပ်ဆောင်တဲ့ မြန်မာလုပ်သား၁၆ဦးကို ထိုင်းနယ်စပ်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ၁၃
လုပ်ငန်းခွင်စည်းကမ်းနှင့် ဥပဒေချိုးဖောက်မှုများကြားက မြန်မာ့ CMP ကဏ္ဍ (ဒီဇင်ဘာ ချိုးဖောက်မှု အချက်အလက်များ)ကို Myanmar Labour Society က မြန်မာအလုပ်သမားကဏ္ဍအတွင်းက လူ့အခွင့်အရေး ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ဥပဒေ ပြဌာန်းချက် ချိုးဖောက်မှုတွေကို စောင့်ကြည့်ပြီး အချက်အလက်တွေကို ကောက်ယူပြီး လစဉ် ထုတ်ပြန် နေပါတယ်။
Grand Forest အထည်ချုပ် လုပ်သား ၈၀၀ ကျော်ဟာ ရက်မှန်ကြေး ဖြတ်တာ၊ ဂရိတ်ကြေးဖြတ်တောက်မှုတွေမှာ နစ်နစ်မှုတွေအတွက် ဇန်နဝါရီ ၁၃ ရက် မနက်ကစပြီး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)ကိုင်ဆောင်ထားတဲ့ လုပ်သားတွေ အနေနဲ့ ဇန်နဝါရီ ၁၄ ရက်မှ စပြီး ပြည်ပ ပြန်လည်ထွက်ခွာ လိုပါက အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ပြန်လည်ထွက်ခွာရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန၊ အလုပ်သမားရေးရာဦးစီးဌာနထံ ပြည်ပရောက် မြန်မာလုပ်သားတွေ က တိုင်ကြားလာတဲ့ အမှု တွေထဲမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံရပြီး အလုပ်ထုတ်နစ်နာကြေး မပေးခြင်း၊ လုပ်အားခများမရရှိခြင်း စတဲ့အမှု အများဆုံး ဖြစ်တယ်လို့ NUG တိုင်ကြားရေးယန္တရား-အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဇန်နဝါရီ၁၄
ထိုင်းနိုင်ငံ မှာ အကြောင်း အမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံ ပြီးတဲ့ မြန်မာ ၁၀၀ခန့်ကို ဇန်နဝါရီ ၁၃ရက် ရက်က ရနောင်းမှ တစ်ဆင့် မြန်မာဘက်ခြမ်းကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊မြစိမ်းရောင်စက်မှုဇုန်ကတောင်းမှုတွေ ဖြစ်ပွားခဲ့တဲ့ Golden Five Myanmar Co.,Ltd ပိုင် အထည်ချုပ် မှာ အလုပ်သမားတွေ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နေကာ စက်ရုံလုပ်သားတွေက လုပ်ခလစာ တန်းတူပေးဖို အပါအဝင် လုပ်ခလစားတိုးမြှင့်ပေးဖိုကို ဇန်နဝါရီ ၇ ရက်ကတည်းက တောင်းဆိုခဲ့တာပြီး ဇန်နဝါရီ ၁၂ ရက်မှာ ပြီးဆုံးခဲ့တယ်လို့အလုပ်သမားေတွကMyanmar Labour Newsကို ပြောပါတယ်။
ရန်ကုန်မြို့ ၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ရွာသာကြီးစက်မှုဇုန်က Grand Forest အထည်ချုပ် လုပ်သားများ အလုပ်ခံစားခွင့်အတွက်တောင်းဆိုမှု ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ပြည့်ဝ ခဲ့ကာ တောင်းဆိုမှုတစ်ရက်ထဲနဲ့ပြီးဆုံးခဲ့ကြောင်း အလုပ်သမားေတွကMyanmar Labour Newsကို ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ လက်ကရာဘန်ခရိုင်အတွင်းရှိ စကျင်ကျောက်ရောင်းဝယ်ရေးနှင့် ထုတ်လုပ်ရေးဆိုင်တစ်ခုတွင် စကျင်ကျောက်ပြား ပုံ ပြိုကျရာမှ ကျောက်ပြားပိမိပြီး မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ဇန်နဝါရီ ၁၄ရက်ကစလို့ စံချိန်တင်မြင့်တက်လာပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ကတည်းက Myanmar LNY (1) CAPS CO,LTD (ဦးထုပ်) စက်ရုံမှာ"မတရားသဖြင့် အလုပ်ထုတ်ခံရမှုအပေါ် မူလရာထူးဖြင့် အလုပ်ပြန်လည်ရရှိရေး ရင်ဖွင့်တိုင်ကြားစာကို အလုပ်ထုတ်ခံရသူ မဇာခြည်ဦးက Myanmar Labour Newsကို ပေးစာပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေထိုင်နေကျတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အိမ်ရှင် ထိုင်းနိုင်ငံသားများရဲ့ လူမှုအသိုင်းအဝိုင်းရဲ့ လူနေမှု ပုံစံနဲ့ အညီ သဟဇာတ ဖြစ်အောင် နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရNUGက ဇန်နဝါရီ၁၄ရက်နေ့မှာ အသိပေးချက်ထုတ်ပြန်လာပါတယ်။
ဇန်နဝါရီ ၁၅
ရွှေပြည်သာစက်မှုဇုန်က Chi Mei အထည်ချုပ်မှာ QC မန်နေဂျာက အတင်းအကျပ် ဖိအားပေး အချိန်ပို ဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ကDenko Petrochemical Management ကုမ္ပဏီ ခွင့်မပေးဘဲ ဥပဒေ ချိုးဖောက်ကြောင်း အလုပ်သမားတွေက Myanmar Labour Newsကို ပေးစာပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း အလုပ်သမားအမြောက်အများ ရှိနေတဲ့ သတင်းတွေ ထွက်ပေါ် လာပြီးနောက် တရားမဝင် နိုင်ငံခြားသားလုပ်သားများ တင်းကျပ်စွာ စစ်ဆေးရန် စစ်ဆေးမှု အရှိန်မြှင့်တင်ရန်ထိုင်းအလုပ်အကိုင်ခန့်ထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာဆွန်ချိုင်းက ဇန်နဝါရီ ၁၄ရက်မှာ ညွှန်ကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ နောင်ခမ်းမြို့နယ်အနီး တွင် မြန်မာလုပ်သားတွေ စီးနင်းလာတဲ့ စက်ရုံဝန်ထမ်း ကြိုပို့ ဘတ်စ်ကား တိမ်းမှောက် တာကြောင့် မြန်မာလုပ်သား ၄၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်း
တွေ အရ သိရပါတယ်။
ပြည်ပနိုင်ငံ သို့ ကျွမ်းကျင် လုပ်သားဖြင့် သွားရောက်မယ့်သူတွေနဲ့ ပြည်ပမှ ခွင့် ဖြင့် ပြန်လာ သူတွေ အား ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် OWIC လျှောက်ထားရာမှာ လုပ်ငန်းရှင်ကိုဆက်သွယ်နိုင်မယ့်ဖုန်းနံပတ် နဲ့ အီးမေးလိပ်စာ တို့ကိုပါ ထည့်သွင်း လျှောက်ထားရမယ်လို့စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ရဲ့ Safe Migration တယ်လီဂရမ် ကနေ ထုတ်ပြန်အသိပေးထားပါတယ်။
ဇန်နဝါရီ၁၆
ဇန်နဝါရီ၁၃ရက်နဲ့၁၄ရက်အတွင်း ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာတဲ့ အထောင်အထားမဲ့ မြန်မာလုပ်သား ၁၀၀ကျော် အဖမ်းခံရကြောင်း ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
နိုင်ငံကူးလက်မှတ် PJနှင့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ကိုင်ဆောင်ထားတဲ့ လုပ်သားတွေ အနေနဲ့ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ပါက အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ လေဆိပ်က ဆိုက်ရောက် ကောင်တာ မှာ သတင်းပို့ခဲ့မှသာ ပြန်ထွက်ခွင့် ပြုမယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းမှာ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်မြို့ ၊လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်၂ ကMyanmar Guotai Huasheng Glory Fashion Co.,Ltd ပိုင် အထည်ချုပ်စက်ရုံမှာ ည ကိုယ်ဝန်ဆောင်အလုပ်သမားကို က လိုင်းစူပါတဦးက ခွင့်မယူနဲ့ ပြောဆိုပြီး ကိုယ်ဝန်ဖျက်ချ ခိုင်းတယ်လို့ အလုပ်သမားတွေကMyanmar Labour News ကိုပြောပါတယ်။
ရန်ကုန်မြို့၊ မှော်ဘီမြိုနယ်၊ မြောင်းတကာစက်မှုဇုန်က Wonderful April အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတာကို အရေးယူပေးစေချင်လိုပါတယ်လို့ အလုပ်သမားတွေကMyanmar Labour News ကို ပေးစာပေးပို့ထားပါတယ်။
ပြည်တွင်းမှ အဆိုတော် ရှင်မင်းမြတ်ကို ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မင်္ဂလာဆောင်မှာ ဖျော်ဖြေရန် အကြောင်းပြ၍ လိမ်လည် ခေါ်ယူကာ ကျားဖြန့် ဂိုဏ်းမှ ပြန်ပေးဆွဲ ရိုက်နှက် နှိပ်စက်ပြီး ကျပ်သိန်းထောင်ချီ တောင်းယူမှု ဖြစ်ပွားခဲ့တယ်လို့ အဆိုတော် ရှင်းမင်းမြတ်က ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အသိပေးဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ကုရပ်ကွက် ရှိ အလုပ်ရုံ တစ်ရုံမှ အကြောင်းမဲ့ အလုပ် ဖြုတ်ခံလိုက်ရတဲ့ မြန်မာလုပ်သား ၄၂ဦး ဟာ နစ်နာကြေး ဘတ်၃သန်း ခန့်ရရှိတယ်လို့ ၎င်းအမှု ကို ကူညီပေးခဲ့တဲ့ MHACမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြိုနယ်၊ သာဒုကန်စက်မှုဇုန်က Shwe Zarmani အထည်ချုပ် မှာ အချိန်ပိုအတွက်အလုပ်သမားတွေ သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေကMyanmar Labour News ကို ပေးစာ
ပေးပို့ထားပါတယ်။
ရန်ကုန်မြို့ ၊ရွှေပြည်သာမြို့နယ်၊စက်မှုဇုန်၃ က Sheng Tai (ST) အထည်ချုပ်မှာ ဒေးကြေးလျှော့ပေးပြီး WCC လုပ်ငန်းခွင်အဖွဲ့အစည်းကို ဥပဒေမဲ့ ဖွဲ့စည်းခဲ့ကြောင်း အလုပ်သမားတွေကMyanmar Labour News ကို ပေးစာပေးပို့ထားပါတယ်။
အသက် ၃၅နှစ်အောက် လူငယ်တွေ ကို နိုင်ငံကူးလက်မှတ် PJအမျိုးအစားကနေ PV အမျိုးအစားသို့ ပြောင်းလဲ ပြုလုပ်ပေးတာ ကို ရပ်ဆိုင်းထားတယ်လို့ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ဝန်ဆောင်မှုပေးသူတွေနဲ့သွားရောက်ပြုလုပ်တဲ့ လူငယ်တွေ ထံမှ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်သို့ အကြောင်းအမျိုးမျိုးနဲ့ တိမ်းရှောင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် တောင်ကိုရီးယားနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိဖို့ ဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရNUGက ဇန်ဝါရီ ၁၆ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Myanmar Labour News ရဲ့ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း ကဏ္ဍမှာနိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာတာကို ဖော်ပြခဲ့ပါတယ်။
ဇန်နဝါရီ၁၈
Between Workplace Discipline and Legal Violations: Myanmar’s CMP Sector (2025 December Violation Data)ကို Myanmar Labour News မှာဖော်ပြထားပါတယ်။
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။









