NEWS

စစ်​ကောင်စီ လက်​အောက်ခံ အစိုးရဝန်ထမ်း​တွေ တရားမဝင် လာဘ်​ငွေအဓမ္မ​တောင်းခံ​နေ

CoverLogo
501 Views

စစ်အာဏာသိမ်းပြီးနောက်မှာ အစိုးရဌာနတွေက လုပ်ငန်း လိုင်စင်လုပ်ဖို့ကို ပိုမိုကြပ်မတ်လာပြီး တရားဝင် အခွန်အခ တွေအပြင် လာဘ်​ငွေအဆမတန် တောင်းခံတာတွေပါ လုပ်ဆောင်နေတာကြောင့်တစ်နိုင်တပိုင်လုပ်ငန်းလုပ်ကိုင်သူတွေအခက်တွေ့နေပါတယ်။ 

အခွန်တိမ်းရှောင်နေသူ​တွေကို ထောင်ဒဏ်ချမှတ်နိုင်တဲ့  အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်အရေးယူမယ်လို့  ပြည်တွင်းအခွန်များဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါ​တယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်းမှာအစိုးရဝန်ထမ်းတွေကအခုလို လုပ်ငန်းဆိုင်ရာ အခွန်အခ ​ကောက်ခံတာပိုမို တင်းကြပ်လာတဲ့ အပြင် အပိုငွေကြေး လာဘ်​​ငွေတောင်းခံတာတွေကပိုမိုဆိုးရွားလာတာဖြစ်ပြီး မပေးတဲ့သူတွေကိုနည်းလမ်းမျိုးစုံနဲ့အခက်တွေ့အောင်လုပ်နေတယ်လို့သိရပါတယ်။ 

"ဌာနက လူကဖုန်းဆက်လာတယ်။ တရားဝင်ကဘယ်လောက်သွင်းရမယ်ပေါ့။နောက်သူတို့အတွက်သိန်းချီပေးရမယ်လို့ထုတ်တောင်းတယ်။တကယ်ဆိုဆိုင်ကိုကွင်းဆင်းပြီး စစ်တုန်းကလည်းလမ်းစရိတ်စီစဉ်ပေးဆိုတောင်းတယ်။အခုလည်းထပ်တောင်းနေတာခပ်တည်တည်ပဲ။ပြောမယ်ဆိုလိုင်စင်ကြေးထက်သူတို့ကိုအပိုပေးရတာကပိုများတယ်"လို့တရားဝင်လိုင်စင်ရရှိဖို့စောင့်စားနေသူတစ်ဦးကပြောပါတယ်။ 

လာဘ်​ငွေ​တောင်းခံတဲ့ ဝန်ထမ်း​တွေကို ​​​ပေးရန်ငြင်းဆန်ပါက လုပ်ငန်း​နှောင့်​နှေး​အောင်လုပ်တာ​တွေအပြင် တရားမ၀င်လုပ်ငန်းအဖြစ် သတ်မှတ်ခံရနိုင်တဲ့အထိ ခြိမ်း​ခြောက်တာ​တွေလုပ်​ဆောင်​နေတာလို့ အ​သေးစား လုပ်ငန်း လုပ်ကိုင်သူ​တွေက​ပြောပါတယ်။ 

လက်ရှိမှာတစ်နိုင်တပိုင်အရောင်းဆိုင်ဖွင့်လှစ်သူတိုင်းကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံဌာနကကလုပ်ငန်းလိုင်စင်လုပ်ဖို့ကြပ်မတ်မှုတွေလုပ်ဆောင်နေတာဖြစ်ပြီး ဝန်ထမ်း​တွေအ​နေနဲ့ အပိုကြေးငွေတောင်းခံတာတွေလည်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ 

"စည်ပင်လိုင်စင်လုပ်တုန်းကလည်းအပိုပိုက်ဆံပေးရတာပဲ။လုပ်ငန်းကမစရသေးဘူး။အမြတ်တော်ခွန်ဆောင်ရတယ်။နောက်ဌာနဆိုင်ရာထောက်ခံချက်တွေရဖို့လည်းပေးရတယ်။စည်ပင်လိုင်စင်ရပြီးတော့ကျန်းမာရေးတို့၊ အမှိုက်ခွန်တို့ကထပ်တောင်းတယ်။ဒီကာလကြီးလိုင်စင်လုပ်ချင်လွန်းလို့မဟုတ်ဘူး။မလုပ်ရင်သူတို့ကလာ‌​ဖို့စာထုတ်တယ်။သုံးကြိမ်ပြည့်ရင်ဆိုင်ပိတ်ရတယ်ဆိုလို့မဖြစ်မနေတွေလုပ်ရတယ်"လို့ရန်ကုန်မြို့က အ​သေးစား ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာတရားဝင်လုပ်ငန်းလိုင်စင် မလုပ်နိုင်သူ​တွေကညှိနှိုင်းတာတွေလုပ်ဆောင်ပြီး အပိုင်တာဝန်ခံကိုနှစ်စ‌ဉ်ကြေးပေးရတာ၊ လမ်းဘေးကွမ်းယာဆိုင်ကစ လို့ကုန်စုံဆိုင်နဲ့အထည်ဆိုင်စတာတွေကိုကျပ်ထောင်ဂဏန်းလစဉ်ကြေးကောက်တာတွေလုပ်ဆောင်နေပါတယ်။ 

အာ‌ဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီဟာအခွန်အခရရှိရေးကိုနည်းလမ်းမျိုးစုံနဲ့လုပ်ဆောင်နေတာဖြစ်ပြီး ဝန်ထမ်းတွေကလည်းအပိုငွေကြေးတောင်းခံတာကိုတရားဝင်လုပ်ပိုင်ခွင့်လိုလုပ်ဆောင်နေတာဖြစ်လို့ ပြည်တွင်း ​နေထိုင်သူ​​တွေ အခက်​တွေ့​နေရပါတယ်။ 

ဓါတ်ပုံ -MOI 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026