NEWS

စစ်ကောင်စီအာဏာသိမ်းခြင်းကို ဆန့်ကျင်ခဲ့ကြသော နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ(၂၁၃၁)ထက်မနည်းရှိလာ

CoverLogo
712 Views

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာသိမ်းယူဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများရဲ့ဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၁၃၁) ဦးအထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ထုတ်ပြန် ချက်အရသိရပါတယ်။

“ကိန်းဂဏန်းတွေအရတော့  AAPPရဲ့စာရင်းတွေအရ ကျဆုံးသူအရေအတွက်နှစ်ထောင့်တစ်ရာကျော်ရှိ လာတယ်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့သူ နွေဦးတော်လှန်ရေးပါ၀င်သူတွေ CDM သမားတွေနဲ့ Supporting လုပ်ဆောင်သူတွေရဲ့နေအိမ်တွေကိုလည်းမတရားချိတ်ပိတ်သိမ်းဆည်းထားတာ ၆၇၈လုံးရှိလာပြီ။ ဒါကAAPPရဲ့ လက်လှမ်းမီသလောက်စုစောင်းထားတဲ့အချက်အလက်တွေပေါ့။  လက်အလှမ်းမမီတဲ့ကျဆုံးမှုတွေ ဖမ်းဆီးခံထားရမှုတွေဆိုတာ ဘယ်လောက်ကျန်နေအုံးမယ်ဆိုတာ မသိနိုင်ပါဘူး” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက  ပြေပါတယ်။

လက်ရှိမှာ AAPPရဲ့လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ယခုလ ဇွန်လကုန်ထိ စစ်ကောင်စီရဲ့မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၇၈) ခုထက်မနည်းရှိခဲ့ပြီး  မတရားစစ်အာဏာသိမ်းယူဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများရဲ့ဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာလည်း(၂၁၃၁) ဦးအထိ ရှိလာပြီလို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ  ဇူလိုင်လ ၂၇ ရက်ညနေပိုင်းက နောက်ဆုံး အပ်ဒိတ်သတင်းအချက်အလက်ကို ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင်၂၇ရက်နေ့မှာတင်မှာပဲ  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၈) ဦးတို့ ကျဆုံးသွားခဲ့တယ်လို့ အချက်အလက်များကောက်ယူနိုင်ခဲ့ပြီး အဆိုပါအရေအတွက်ဟာ  AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်၍ ၎င်းတို့ရဲ့ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၈၀၈) ဦးရှိပြီး (၁၃၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတာပဲဖြစ်ပါတယ်။

အဆိုပါပြစ်ဒဏ်ကျခံရသူများထဲမှ (၇၄) ဦးမှာ သေဒဏ်ချမှတ်ခံထားရပြီး မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိကာ  ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၀၆၈) ဦး ရှိတယ်လို့ ၎င်းတို့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

 


Related posts

Cover
ရွေးကောက်ပွဲ အပိုင်း ၂ကို ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ပြုလုပ်မည်ဟု စစ်ကော်မရှင်ကြေညာ
Oct 29, 2025
Cover
တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ကျပ်သိန်း ၁၀၀ ပေးမည်ဟုစည်းရုံးသူများနှင့် တရုတ်နိုင်ငံသားများကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီချ
Oct 29, 2025
Cover
မြန်မာနိုင်ငံ၏ လူဦးရေ ဆယ်စုနှစ်အတွင်း ပထမဆုံး အကြိမ် လျော့ကျလာဟု စစ်ခေါင်းဆောင်ပြော
Oct 29, 2025
Cover
ဒိုက်ဦးအကျဉ်းထောင် တွင် နိုင်ငံရေးအကျဉ်းသူများကို ဖိနှိပ်ကာ တိုက်ပိတ်အကျဉ်းချခြင်းပြုလုပ်နေ
Oct 28, 2025
Cover
ရန်ကုန် Job Fair မှာ အလုပ်သမားမှတ်ပုံတင် ၂၈၀ ကျော် ထုတ်ပေး
Oct 28, 2025
Cover
စစ်မှုထမ်းပြီးပါက ပြည်တွင်း အလုပ်သာမက ပြည်ပအလုပ်အကိုင်ရရှိဖို့ပါ လုပ်ဆောင်ပေးမယ်လို့ စစ်ကော်မရှင်စည်းရုံး
Oct 27, 2025
Cover
အွန်လိုင်း လောင်းကစားလုပ်ငန်း ပြုလုပ်သူများကို သိရှိပါက လျှို့ဝှက်စွာ သတင်းပေးပို့ နိုင်တယ်လို့ စစ်ကော်မရှင် ထုတ်ပြန်
Oct 25, 2025