NEWS

စစ်ကောင်စီရဲ့ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့် အသက်အရွယ်ကန့်သတ်ချက်ကြောင့် MOU လုပ်သားရှားပါးလာ

CoverLogo
610 Views

ပြည်ပရွှေ့ပြောင်း အလုပ်လုပ်ကိုင်ခွင့်အပေါ် အသက်အရွယ်ကန့်သတ် တင်းကြပ်လိုက်တာ ကြောင့် ပြည်ပနိုင်ငံအ သီးသီးသို့  နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့်သွားရောက်မဲ့ ပြည်တွင်းအလုပ်သမားရှားပါးမှု တွေ ကြုံနေရတယ်လို့ သိရပါတယ်။

"ခုချိန်က ဒမန်း demand တွေပုံနေပြီ။ ဒမန်းတွေကထိုင်းရယ် ဂျပန်ရယ် အိုမန်ရယ်အများကြီးပုံနေတယ်။  ပြည်ပကိုထွက်မဲ့ အလုပ်သမားများနေတယ်ဆိုပေမဲ့ တစ်ကယ်သွားမဲ့ အလုပ်သမားအစစ်မှန်ကရှားပါတယ်။ သူတို့ သတ်မှတ်လိုက်တာကလည်း ၂၃ ကနေ ၃၁ဆိုတော့ ဟိုဘက်ကမလုပ်နိုင်မကိုင်နိုင်တော့တဲ့ အလုပ်သမား တွေကိုပဲခေါ်ရမှာဆိုတော့ အဆင်မပြေတာတွေရှိတယ်။ ထင်လို့ပါ တစ်ကယ် အစစ်အမှန်ကမရှိတော့ဘူး။  R တွေပဲရှိတယ်။ အာတွေဆိုတာက( ခေါ်စာအတု) ဒမန်းတွေပြတယ် အလုပ်သမားရပြီး ရောဟိုဘက်ပို့တယ်  ဟိုရောက်တော့အလုပ်ကမရှိဘူး။ အလုပ်သမားကလည်း မြန်မြန်ထွက်ရပြီးရော အဲလိုတွေရှိပါတယ်"လို့ ထိုင်းနိုင်ငံ အလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ 

အခုလို တရား၀င် MoU လုပ်သားစေလွှတ်မှုကို နည်းမျိုးစုံတင်းကြပ်လိုက်မှုကြောင့် အလုပ်သမားတွေဟာ  တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာနိုင်ပြီး တရားမ၀င်ထွက်ခွာမှုများပြားလာတဲ့အတွက် လက်ရှိမှာ တရား၀င်အလုပ်အကိုင်တွေအတွက် လုပ်သားမရှိသလောက်ဖြစ်လာတယ်လို့ သိရပါတယ်။ 

"အလုပ်ရှင်တွေကရွေးလာမှာပဲ။ တစ်ကယ်အလုပ်လုပ်နိုင်တဲ့ အလုပ်သမားရဲ့အသက်အရွယ်အပိုင်းအခြားနဲ့  အလုပ်သိပ်မလုပ်နိုင်တော့တဲ့အသက်ရွယ်အပိုင်းအခြားကိုရွေးချယ်ကြမှာပဲ၊  တရား၀င်ခေါ်ရကြပ်လာရင် အခြားနိုင်ငံတွေဘက်လှည့်မယ်။ တရားမ၀င်လုပ်သားကိုခေါ်မယ် ဒီနှစ်ခုပဲရှိတယ်"လို့ ၎င်းကဆိုပါတယ်။ 

ပြည်ပထွက်ခွာမည့် လူငယ်များအား အသက်ကန့်သတ်ချက်ဖြင့် ထွက်ခွာစေခြင်းအပြင် နိုင်ငံကူးလက်မှတ် အလည်အပတ် PV ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်မှုများကို ထိန်းချုပ်လိုတာကြောင့် အလုပ်အကိုင်အမျိုးအစား PJ မှ အလည်အပတ်အမျိုးအစား PV သို့ ပြောင်းလဲမှုကိုပါပိတ်ပစ်ခြင်းတို့ကြောင့် တရားမဝင်နည်းလမ်းဖြင့်သာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာပြီး  အလုပ်အလုပ်ကိုင်ရတဲ့ အခြေအနေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ 

အသက်အရွယ်ကန့်သတ်မှုမရှိခင်က ခေါ်စာကျထားတဲ့အလုပ်သမားတွေရဲ့ အလုပ်ခေါ်စာတွေအရ အဆိုပါအ လုပ်သမားတွေကိုတော့ စေလွှတ်ပေးဖို့ညှိနှိုင်းပေမဲ့ ဖြေလျှော့ရန်မရှိဘဲ ဆက်လက်ပိတ်ပင်ထားတာကြောင့် လက်ရှိတွင် ပြည်ပနိုင်ငံများသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာသွားကြသူများပြားကာ   အသက်အရွယ် ကန့်သတ်ချက် အပါအဝင် အခြားသော တင်းကြပ်မှုများနဲ့ကြုံတွေ့နေရသူများကတော့  ပြည်ပသို့သွားရောက်လုပ်ကိုင်ရမည့်အခွင့်အရေးမရှိတော့တာကြောင့်  ပြည်ပသို့ထွက်မဲ့ တရား၀င်လုပ်သားများရှားပါးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီများတွင် ပြည်ပအလုပ်ခေါ်စာများရှိသော်လည်း လုပ်သားရှားပါးနေမှုက လတ်တလောမှာ အနည်းအကျဉ်းပို့နိုင်ပေမဲ့ ပြည်ပနိုင်ငံမျာသို့ လုပ်သားစေလွှတ်ရေးမှာ လုပ်သား လျော့ကျသွားနိုင်တယ်လို့ အေဂျင်စီတွေက ဆိုပါတယ်။ 


Related posts

Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026