NEWS

စစ်ကောင်စီဖမ်းဆီးထားတဲ့ အလုပ်သမားတွေပြန်လွတ်

CoverLogo
1.4K Views

ဇွန်လက စစ်ကောင်စီဖမ်းဆီးကာ စစ်ကြောရေးမှတဆင့် အင်းစိန်အကျဉ်းထောင်မှာဖမ်းဆီးခံခဲ့ရတဲ့နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ အထည်ချုပ် အလုပ်သမားတွေနဲ့ အလုပ်သမားအရေးကူညီသူတွေ စက်တင်ဘာ ၄ ရက်နေ့ ညမှာ ပြန်လည်လွတ်မြောက်လာပြီလို့ သတင်းရရှိပါတယ်။

Action Labor Rights အဖွဲ့ဝင်တွေ၊ ဟိုစိမ့်(မြန်မာ) အထည်ချုပ်စက်ရုံက အလုပ်သမားတွေနဲ့ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို စစ်ကောင်စီက  ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Action Labor Rights အဖွဲ့က အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသား တစ်ယောက်၊ ဟိုစိမ့်(မြန်မာ) အထည်ချုပ်စက်ရုံက အမျိုးသမီး လေးယောက်နဲ့ အမျိုးသားတစ်ယောက်၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အမျိုးသမီး တစ်ယောက်နဲ့ အမျိုးသားတစ်ယောက် စုစုပေါင်း (၁၀)ယောက်ကို ဖမ်းဆီးထားတယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ ထပ်မံပြီးတော့  ၂ ဦးဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လွတ်မြောက်လာသူတွေထဲပါပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ Action Labor Rights အဖွဲ့က ၄ ဦး ၊  Hosheng အထည်ချုပ်စက်ရုံက ၅ ဦး၊ Sun Apparel  အထည်ချုပ်စက်ရုံက ၂ ဦး နဲ့ လဘက်ရည်ဆိုင်ပိုင်ရှင် ၁ ဦးအပါ စုစုပေါင်း ၃ လနီးပါး  ဖမ်းဆီးခံခဲ့ရတဲ့ ၁၂ ဦးလုံး ပါဝင်တယ်လို့ သိရပါတယ်။

အခုလိုမျိုး ဖမ်းဆီးခံအလုပ်သမားတွေနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေကို ပြန်လွှတ်ပေးပေမဲ့ နောက်တကြိမ်ထပ်မံပြုလုပ်ပါက ဖမ်းဆီးမယ်လို့ ပြောဆိုခဲ့တာတွေရှိပြီး အလုပ်သမားတွေရဲ့အကျိုးစီးပွားကို ကြည့်တဲ့ သဘောထားမပါဘူး လို့ Action Labor Rights အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ပြန်လွှတ်တယ်လို့ ဆိုပေမယ့် အခုလွှတ်လိုက်တဲ့လူတွေကို ပြောတဲ့အထဲမှာ အခုကတော့ လွှတ်ပေးတယ်ပေါ့ နောက်တခါ ဒီလိုမျိုးတွေ လုပ်တယ်ဆိုလို့ရှိရင် တကယ်ဖမ်းမယ်တို့ ဘာတို့ အဲ့လိုမျိုးတွေပါ ထည့်ပြောလိုက်တာ မျိုးတွေ ခံဝန်ဆိုတဲ့ ဟာမျိုး မပါတာက လွဲလို့ ခြိမ်းခြောက်တဲ့ သဘာမျိုးတွေပါတာပဲ အဲ့သဘောတရားက အမှန်တကယ် အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို ကြည့်တယ် ဆို တဲ့ သဘာထား က မပါဘူးလို့ပဲ သုံးသပ်ရမှာပဲ အခုလုပ်တဲ့ဟာက လဲ လုပ်ခလစာတိုးတောင်းတဲ့ကိစ္စရပ်နဲ့ စပ်လျဉ်းပြီးတော့မှ နောက်ဆက်တွဲ ဖြစ်လာတဲ့ ကိစ္စလေ ဒီဥစ္စာကို မလုပ်စေချင်လို့ နောက်တခါလုပ်ရင်လုပ်ရင်လဲ ဆိုတဲ့ စကာလုံးကို သုံးလိုက်တယ်ဆိုထဲကိုက ကောင်းမွန်တဲ့ စေတနာတွေမပါဘူးပေါ့ဗျာ လွတ်တဲ့ အကြောင်းတရားတွေမှာတော့ ဘယ်လိုဟာတွေရှိလဲဆိုတာတော့ အသေးစိတ်တော့မပြောတတ်ဘူး"လို့ ယင်းက မှတ်ချက်ပြုပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၅)၊ မလိခလမ်းမှာရှိတဲ့ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား ၂ ဦးကို ဇွန်လ ဖမ်းဆီးခဲ့တာပါ။

အဆိုပါ အလုပ်သမားတွေဟာ ဇွန်လ ၆ ရက်က ဒေးကြေး ၁၂၀၀ ကျပ်နဲ့ ရက်မှန်ကြေး ကျပ်နှစ်သောင်း တိုးမြှင့်ပေးဖို့ ၊ လုပ်ငန်းခွင်ထိခိုက်မှုတွေကို အကာအကွယ်ပေးဖို့၊ သောက်ရေမသန့်ရှင်းမှု ကို စီစဉ်ပေးဖို့ ၊ လျှောက်လမ်းတွေကို အမိုးလုံအောင်ပြုပြင်ပေးဖို့ ၊ ထမင်းစားဆောင်သီးသန့်ပေးဖို့ အပါအဝင် အချက် ၂၅ ချက်ကို အလုပ်သမား ၄၀၀ ကျော်ကတောင်းဆိုခဲ့ပြီးနောက် အလုပ်သမား ခေါင်းဆောင် ၂ ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ထပ်မံပြီး ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် ရှိဟိုစိမ့်မြန်မာ Hosheng Myanmar အထည်ချုပ် စက်ရုံက အလုပ်ထုတ်ခံရတဲ့  အလုပ်သမား သမဂ္ဂခေါင်းဆောင် တွေကို စစ်တပ်က ဇွန် ၁၄ ရက်မှာ  ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ အလုပ်သမားအရေးဆောင်ရွက်တဲ့ Action Labor Rights  အဖွဲ့ဝင်တွေနဲ့ လဘက်ရည်ဆိုင်ပိုင်ရှင်တို့ပါ ဖမ်းဆီးခံခဲ့ရတာပါ။

ပြည်တွင်းက စက်ရုံအလုပ်ရုံတွေမှာ လုပ်ခလစာ နည်းပါးတာကြောင့် အလုပ်သမားတွေအနေနဲ့ အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုရင်း ဖမ်းဆီးခံရတာဖြစ်ပြီး လက်ရှိမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှု လုပ်ခလစာနည်းပါးမှုနဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။


Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026