NEWS

စက်သုံးဆီ‌ဈေး ၁ ရက်အတွင်းအနည်းငယ်ပြန်ကျကာရွှေဈေးအတက်အကျကြမ်းနေ

CoverLogo
437 Views
 
(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
 
ပြီးခဲ့တဲ့ ရက်အတွင်း ရွှေဈေး၊ ငွေလွှဲဈေး၊ စက်သုံးဆီဈေးနှုန်းနဲ့ ဆန်၊ဆီ၊စားသောက်ကုန်ဈေးတွေမှာ ဈေးအပြောင်းအလဲ အနည်းငယ်တွေ မြင့်တက်မှုရှိနေကာ ၁ရက်အတွင်း စက်သုံးဆီဈေး ၂၅ကျပ် မှ ၁၀၀ ကျပ်အတွင်းဈေးအနည်းငယ် ကျဆင်းနေရာ၊ရွှေဈေးကတော့ အတက်ကြမ်းနေတာပါ။
 
ဒါကြောင့် ဇွန် ၂၈ ရက်ကနေ ဇူလိုင်၄ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 

စက်သုံးဆီဈေးနှုန်း

ယနေ့ဇူလိုင် ၄ ရက်နေ့ စက်သုံးဆီဆိုင်တွေမှာ ရောင်းချလျက်ရှိတဲ့ဈေးနှုန်းတွေက ၉၂တစ်လီတာ ၃၀၁၅ကျပ် ၊ ၉၅ တစ်လီတာ ၃၀၇၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆ ၃၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၂၆၅ကျပ်ဖြစ်ပြီး အဲဒီမတိုင်မီ ၁ရက်ကြာဖြစ်တဲ့ ဇူလိုင်၃ရက်မှ ဇွန်လ၂၈ရက်အတွင်း စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၃၀၄၀ကျပ်၊ ၉၅ တစ်လီတာ ၃၂၁၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၇၃၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၃၈၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေး ဟာ မနေ့ကနဲ့ ယနေ့ကြား ၁ ရက်အတွင်းမှာ ဈေးအနည်းငယ်ပြန်ကျလာတာပါ။
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ ကျပ် ကနေ ၃၄၀၀ကျပ်ကြား ရောင်းချတာကို တွေ့ရပါတယ်။

ရွှေဈေးနှုန်း

ရက်သတ္တပတ်အတွင်း ပြည်ပရွှေဈေးနှုန်း ကတော့ အတက်အကျတွေဖြစ်ပေါ်ခဲ့ရာ လက်ရှိ ပြည်တွင်း ရွှေဈေးနှုန်းဟာ အတက်‌ ဈေးနဲ့ တကျပ်သား ၇၉ သိန်းကျော်အထိမြင့်တက်‌နေခဲ့ပါတယ်။
 
ဒါပေမဲ ဒီကနေ့အထိ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းကတော့ ကျပ် ၅၉ သိန်း ဝန်းကျင်သာ ဖြစ်ပါတယ်။
 
ပြင်ပရွှေဈေးကွက်မှာ ဇွန် ၂၈ရက်ကစလို့ ဇွန်၂၇ရက်က ရွှေဈေးထက်ပြန်ကျလာရာ ရွှေတကျပ်သားကို ၇၉ သိန်းဝန်းကျင်ကနေ ၇၈သိန်းဝန်းကျင်ဈေးနှုန်း၁သိန်းနှုန်းဈေးခွာပြီးပြန်ကျလာရာ ဇူလိုင်၃ရက်နေ့မှာ အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ်၇၉ သိန်းကျော်တဲ့အထိပြန်မြင့်တက်လာခဲ့ပြီး ဇွန်၂၈ရက်ကနေစလို့ ဒီကနေ့ ဇူလိုင်၄ရက်အထိ ၇၉သိန်းကျော်မှာပဲ ဆက်ရှိ နေပါတယ်။
 

ငွေဈေးနှုန်း

အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေဟာအပြောင်းလဲ ကြီးကြီးမားမား မရှိခဲ့ပဲ ငွေကျပ် ဆယ်ဂဏန်းလောက်အခွာဈေးတွေသာပြောင်းလဲဖြစ်ပေါ်ခဲ့တာပါ။
 
ဇွန်၂၈ ရက်ကနေစလို့ ဇူလိုင်၄ရက်အထိ တစ်ပတ်တာလုံးမှာ တစ်ဒေါ်လာလျှင် ၄၅ ၂၀ကျပ်နှုန်းအမြင့်ဆုံးဈေးနဲ့ယခင်သတ်မှတ်ဈေးအတိုင်း မှာ အနည်းငယ်သာဈေးကွာဟကာ ဆက်လက်ဈေးငြိမ်နေတာပဲဖြစ်ပါတယ်။
 
ယနေ့ဇူလိုင်လ ၄ရက်ရဲ့ ဒေါ်လာငွေလဲလှယ်နှုန်းကတော့ မနေ့ကထက် တစ်ဒေါ်လာကို ၁၀ ကျပ်နှုန်းပြန်ကျလာကာ ၄၅၁၀ ကျပ်နဲ့ ဈေးဖွင့်နေတယ်လို့ဆိုပါတယ်။
 
အခြားငွေကြေးတွေဖြစ်တဲ့ ထိုင်းဘတ်နဲ့ တရုတ်ယွမ် ၊ ဂျပန်ယန်းတွေရဲ့ငွေလဲလှယ်နှုန်းကလည်း ယနေ့ဇူလိုင်၄ရက်မှာ ဘတ်ဈေး ရောင်းဈေး ၁၃၉ကျပ် ၊ဝယ်ဈေး ၁၃၅ကျပ်ရှိကာ၊ ယွမ်ဈေး‌ ရောင်းဈေး၆၃၃ကျပ်၊ဝယ်ဈေး၆၁၅ကျပ် နဲ့ ဂျပန်ယန်းဈေး ရောင်းဈေး၃၁၀ကျပ်ကျော်၊ ဝယ်ဈေး ၃၀၀ ကျပ်ကျော်ဈေးရှိနေတယ်လို့သိရပါတယ်။
 
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကို ၃၅၇၀ အထိ ဈေးပေါက်ခဲ့ပြီး လက်ရှိမှာတော့ အကျဘက်ကို ဦးတည်ပြီး ၃၅၆၀ မှာ ငြိမ်သက်နေတာကိုတွေ့ရပါတယ်။
 

အခြေခံစားသောက်ကုန်ဈေးနှုန်းများ

စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ ဇွန်၃၀ကနေဇူလိုင်၆ရက်အထိ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆၀၆၀ ကျပ်အဖြစ် သတ်မှတ်ရောင်းချနေတာဖြစ်ပြီးဒါဟာ ယခင်တပတ်ကြာက ဆီဈေး၆၀၈၀ကျပ်ထက် ငွေကျပ်၂၀နှုန်းဈေးလျော့လာရာ ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀၀၀၀ အထိ ဝယ်ယူသုံးစွဲနေရတယ်လို့ အိမ်ရှင်မတွေက ပြောဆိုပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၉၀၀၀ကျပ်၊ တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၇၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
အခြေခံ အလုပ်သမားတွေနဲ့အများစုဝယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့ တောင်ပျံရှယ်ဝယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ ရောနှော စားသုံးကြတယ်လို့ သိရပါတယ်။
 
ဟင်းစားအနေနဲ့ စားသုံးကြတဲ့ ဟင်းသီးဟင်းရွက်အသား၊ ငါးဈေးတွေကတော့ အသားဈေးတွေ ဈေးမြင့်လာကာ ရပ်ကွက်ဈေးများတွင် ဆိတ်သားဈေးက တစ်ဆယ်သား ၅၀၀၀ ကျပ်ဈေးဖြင့် ဈေးထပ်မံမြင့်တက်ကာအမဲသားဈေးများလည်း တစ်ဆယ်သား ၃၂၀၀ ကျပ်ဖြင့် ယခင်ထက် ဈေးထပ်မံမြင့်ပါတယ်။
 
လူအစားများတဲ့ ကြက်သားဈေးကလည်း တစ်ဆယ်သား၂၀၀၀ ကျပ် နဲ့ဝက်သားတစ်ဆယ်သား ၃၅၀၀ကျပ် ဈေးနဲ့ ထက်ဈေးတက်နေတာပါ။
 
ငါးဈေးကွက်ထဲမှာတော့ငါးကြင်းဖြူတစ်ဆယ်သား ၂၅၀၀-၂၈၀၀ ကျပ် ဈေး၊ငါးမြစ်ချင်းဆယ်သား ၁၈၀၀ ကျပ်၊ ငါးတန်တစ်ဆယ်သား ၁၈၀၀-၂၀၀၀ ကျပ်ဈေး ၊ငါးပုဏ္ဏားတစ်ဆယ်သား ၄၅၀၀ ကျပ်၊ ငါးခူတစ်ဆယ်သား ၃၀၀၀-၃၅၀၀ ကျပ်ဈေး၊ကကတစ်တစ်ဆယ်သား ၄၀၀၀ ကျပ်၊ ငါးကွမ်းရှပ်တစ်ဆယ်သား ၃၀၀၀ ကျပ်၊ ငါးသလောက်တစ် ဆယ်သား ၃၅၀၀-၄၀၀၀ ကျပ်ဈေးနဲ့ ယခင်ကထက် ငွေကျပ် ၃၀၀ကနေ ၅၀၀နီးပါးဈေးတွေ မြင့်တက်လာပါတယ်။
ကြက်ဥ၊ ဘဲဥ ဈေးကတော့ ယခင်အတိုင်း အလုံးကြီး ၅၀၀ကျပ်၊ ၇၀၀ကျပ် ကနေ အလုံးသေး ၄၀၀ကျပ်၊ ၅၀၀ကျပ် ဈေးတွေရှိနေပြီး ဆေးဘဲဥဈေးယခင်၈‌၀၀ကျပ်ကနေ ၉၀၀ကျပ်အထိဈေးတက်လာနေပါတယ်။
 
စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ အာလူး တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၈၀၀ ကနေ ၃၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၀၀၀၀ကျပ် အထိ ဈေးနှုန်းတွေ ဖြစ်ပေါ်နေတာပါ။
ရပ်ကွက်ဈေးများတွင် မန်ကျည်းသီးစိမ်းများက တစ်ဆယ်သား ၂၅၀၀ ကျပ်ဈေးဖြင့် ပေါ်ဦးပေါ်ဖျား ဈေး အမြင့်ပိုင်းတွင်ရှိနေသလို မန်ကျည်းရွက်ကတော့ တစ်ဆယ်သား ၂၀၀၀ ကျပ်ဈေး၊သံပုရာသီး ၆ လုံး ၅၀၀ ကျပ်ဈေးဖြင့် ဈေးပေါ‌နေကာ သံပုယိုသီးက တစ်လုံး ၂၀၀-၂၅၀ ကျပ်ဈေး ၊ရှောက်သီးတစ်လုံး ၇၀၀-၁၀၀၀ ကျပ်ဈေးရှိပါတယ်။ ခဝဲသီးတစ်တောင့် ၁၀၀၀ ကျပ်၊ ဘုံလုံသီးတစ် တောင့် ၇၀၀-၁၀၀၀ ကျပ်၊ ဒန့်သလွန်သီး တစ်တောင့် ၇၀၀-၁၀၀၀ကျပ်‌ဈေး၊ခရမ်းချဉ်သီး တစ်ဆယ်သား ၄၀၀-၅၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၁၅၀၀-၂၀၀၀ ကျပ်၊ ရုံးပတီသီးတစ်စည်း ၅၀၀ ကျပ် ဈေး၊ဟင်းနုနွယ်ရွက်တစ်စည်း ၅၀၀-၆၀၀ ကျပ်၊ ကန်စွန်းရွက်တစ်စည်း ၃၀၀ -၅၀၀ ကျပ်၊ တရုတ် ကန်စွန်း ရွက် တစ်စည်း ၁၀၀၀-၁၂၀၀ ကျပ်၊ ကိုက်လန်ရွက်တစ်စည်း ၁၂၀၀ ကျပ်၊ ရွှေပဲတစ်ဆယ်သား ၁၆၀၀ ကျပ်၊ မုန် ညှင်းရွက်တစ်စည်း ၅၀၀ ကျပ်၊ မုန်လာဥဖြူတစ်စည်း ၁၂၀၀-၁၅၀၀ ကျပ်ဈေးများဖြင့် ပုံမှန်ဈေးအတိုင်းရှိနေပါတယ်။
ပဲပြားတစ်တွဲ ၁၀၀၀ ကျပ်ဈေးဖြင့် ဈေးတက်ပြီး ပဲပင်ပေါက်တစ်ဆယ်သား ၆၀၀ ကျပ်ဈေးဖြင့် ပုံမှန်အတိုင်း ဈေးဖြစ်နေတယ်လို့ သိရပါတယ်။
 
ဆေးပစ္စည်းဈေးနှုန်းတွေကတော အိမ်သုံးအများဆုံး ဖျားနာပျောက်ဆေးအမျိုးအစားအလိုက် ငွေကျပ်၁၅၀၀ မှ ၃၀၀‌၀ ကျပ်အထိ ဈေးတန်းအစားစားရှိနေသလိုအမူးပြေဆေး ၃၀၀၀ ကျပ်ဝန်းကျင်၊ သွေးပေါင်ကျဆေးတစ်ကတ် ၃၅၀၀ကျပ် ၊ အစာကြေဆေး တစ်ကတ် ၄၀၀၀ အထိ ပေါက်ဈေးရှိနေတယ်လို့ ‌ဆေးဈေးကွက်ထဲကသိရှိရပါတယ်။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026