NEWS

စက်သုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်လာ

CoverLogo
2.5K Views

စက်သုံးဆီဈေးနှုန်းတွေဟာ ၅ ရက်ဆက်တိုက်တည်ငြိမ်ခဲ့ပြီး သြဂုတ်၃၀ရက်နေ့မှာတော့ စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင့်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ သတ်မှတ်ဈေးနှုန်းအရ သိရပါတယ်။   
 
"ဒီနေ့ဆီဈေးကအမြင့်ဆုံးအထိတက်လာပြီ။  ဆီထည့်ရတာတော့အရင်ကနဲ့ဆို လွယ်ပါတယ်။ ဒါပေမဲ့တစ်လီတာကိုသုံးထောင်လောက်ဖြစ်လာပြီ။ ကျွန်တော်တို့ကတော့လမ်းဘေးကဆီဆိုင်ကထည့်ရတာများတယ်။တစ်လီတာဗူးတစ်ဗူးကို သုံးထောင်ငါးရာလောက်ပေးရတယ်"လို့ ဆိုင်ကယ်ကယ်ရီပြေးဆွဲသူတစ်ဦးကဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ လူသုံးများတဲ့ ၉၂ အောက်တိန်းစက်သုံးဆီတစ်လီတာလျှင် ၂၄၉၅ကျပ်နဲ့ ၅ရက်ဆက်တိုက်တည်ငြိမ်ခဲ့ပြီး သြဂုတ် ၃၀ရက်နေ့မှာတော့ လူသုံးအများဆုံးဖြစ်တဲ့ ၉၂ အောက်တိန်းက တစ်လီတာကို ကျပ်ငွေ ၂၅၇၀အထိ မြင့်တက်လာခဲ့ပြီး၊ ၉၅ တစ်လီတာကို ကျပ်ငွေ၂၆၃၅၊ ဒီဇယ်တစ်လီတာကျပ်ငွေ ၃၂၅၅၊   Pဒီဇယ် တစ်တာကို ကျပ်ငွေ ၃၃၃၅ ကျပ်သို့လည်းကောင်း အသီးသီးဆက်လက် မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။

ဒါဟာ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးတဲ့ကော်မတီရဲ့ ရန်ကုန်အခြေပြုပြောပြထားတဲ့ ဈေးနှုန်းတွေဖြစ်ပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေက စက်သုံးဆီဈေးနှုန်းတွေဟာ နေရာဒေသအလိုက် ကွာခြားမှုတွေရှိနေရာ တစ်လီတာလျှင် ကျပ် ၄၀၀၀ ခန့်အထိ သတ်မှတ်ထားတာကိုလည်း ဈေးကွက်အရ သိရပါတယ်။

အခုလိုစက်သုံးဆီဈေးနှုန်းမြင့်တက်လာတာဟာ သြဂုတ်လ ၈ ရက်နေ့က လူသုံးအများဆုံးဖြစ်တဲ့  ၉၂အောက်တိန်းတစ်လီတာဟာ ၁,၈၂၀ ကျပ်သာရှိခဲ့ရာကနေ ယနေ့သြဂုတ်၃၀ရက်နေ့မှာတော့ စက်သုံးဆီဈေး ဓါတ်ဆီ၊ ဒီဇယ်အဆမတန်ဈေးဟာ ရန်ကုန်ပေါက်ဈေး စက်သုံးဆီ ၉၂ အောက်တိန်းတစ်လီတာကို ကျပ်၂၅၇၀ အထိ မြင့်တက်လာခဲ့ပြီး ပြင်ပပေါက်ဈေးမှာတော့ ရေသန့်တစ်ဗူးလျှင် ၃၅၀၀ အထိ မြင့်တက်လာတာပဲဖြစ်ပါတယ်။  

ဒါ့အပြင် စက်သုံးဆီတင်သွင်းခွင့်ရပြီး  ခွဲတမ်းရရှိထားသူတွေအနေနဲ့  စစ်ကောင်စီရဲ့ခွင့်ပြုချက်တွေ သတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်ရန်နဲ့ စက်သုံးဆီကိုလည်း စစ်ကောင်စီတပ်နဲ့ ၀န်ကြီးဌာနတွေကိုခွဲဝေပေးရဖို့ အပါအ၀င် စည်းကမ်းချက် ၁၀ ချက်ကိုလည်း မကြာမီရက်ပိုင်းက ထုတ်ပြန်ထားပါသေးတယ်။

MyanmarLabourNews


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026