NEWS

စက်သုံးဆီစျေးမြင့်တက်လာချိန် အော်ဒါကြေးနည်းပါးစွာပေးတာကြောင့် မန္တလေးက Food Panda အစားအသောက်ပို့ဆောင်သူများ လုပ်ငန်းခွင်မဝင်ဘဲသပိတ်မှောက်

CoverLogo
1.3K Views

စက်သုံးဆီ ဈေးနှုန်းတွေ တလီတာ ၂၀၀၀ ကျော်အထိ မြင့်တက်နေချိန်မှာ ကုမ္ပဏီဖက်က အော်ဒါကြေးတိုးမြှင့်မပေးတာကြောင့်မန္တလေးက Food Panda သမားတွေဟာ ဒီနေ့ မတ်လ ၁၄ ရက်နေ့ မနက်ကစပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်နေကြတယ်လို့သိရပါတယ်။

ဒီလိုသပိတ်မှောက်ပြီးမကြာခင်မှာပဲကုမ္ပဏီဖက်က
သူတို့လုပ်ငန်းအတွက်လူသစ်ခေါ်ယူတာတွေကိုပြုလုပ်ခဲ့တယ်လို့ Rider တွေဖက်က MLN ကိုပြောပါတယ်။

"Rider အသစ် ဘယ်လောက်ခေါ်ခေါ် အဟောင်းတွေကို ဖြုတ်ပိုင်ခွင့်မရှိဘူး rider တစ်ဦးချင်းဆီမှာ ကိုယ်ပိုင် account ရှိတယ် အဲ့ဒီ account ရှိနေသ၍ ဘယ်ချိန် အလုပ်ဆင်းဆင်း ဆင်းပိုင်ခွင့်ရှိတယ်။ ခုက အသစ်ထပ်ခေါ်တယ်ဆိုတော့ အဟောင်းတွေကို မင်းတို့ဘာသာ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး အသစ်ထပ်ခေါ်ယုံပဲသဘောဗျ"လို့ Food panda rider သမားတဦးက MLNကိုပြောပါတယ်။

မန္တလေးမြို့မှာတော့ ရန်ကုန်လိုစက်ဘီးနဲ့မဟုတ်ပဲ Food Panda Rider သမားတွေဟာ မှာယူတဲ့ အစားအသောက်တွေကို ဆိုင်ကယ်နဲ့ လိုက်ပို့ရတာဖြစ်ပြီး လက်ရှိမှာ စက်သုံးဆီဈေးတွေ မြင့်တက်နေတဲ့အပြင် Food Panda ဖက်က အော်ဒါကြေးကိုတိုးမြှင့်မပေးတဲ့အပြင် စားသုံးသူဖက်ကရော rider တွေဖက်ကိုပါရာခိုင်နှုန်းနဲ့ ခေါင်းပုံဖြတ်နေတယ်လို့အလုပ်သမားတွေဖက်ကဆိုပါတယ်။

"မင်းအောင်လှိုင်လိုပဲ ဘယ်သူတေတေ ငတေမာပြီးရောဗျ ‌မင်းအောင်လှိုင်ကလည်း ပြည်သူအပေါ်ဂရုမစိုက်သလို Foodpanda ကလည်း rider အပေါ် ဂရုမစိုက်ဘူး"လို့ rider သမားတဦးကပြောပါတယ်။

အခုလိုအော်ဒါကြေးမတိုးပေးတာအပြင် Rider သမားတွေကိုဥပဒေမဲ့အလုပ်ဖြုတ်တာနားခိုင်းတာတွေကိုပါလုပ်ဆောင်နေတဲ့အပြင်မန္တလေးက Rider တွေနဲ့စားသုံးသူတွေအသုံးပြုနေတဲ့Food Panda
အက်ပလီကေးရှင်းကိုပါဒီကနေ့မနက်ကစပြီးရပ်နားပစ်လိုက်တယ်လို့သိရပါတယ်။

"Rider တွေကို  သူတို့သဘောနဲ့သူတို့ဖြုတ်ပိုင်
ခွင့်မရှိပါဘူး Rider တွေ အနေနဲ့ နားချင်ရင် နားပိုင်ခွင့်ရှိပါတယ် အရင်က ဆီဈေးနဲ့ဆိုရင်တော့ လောက်ငှပေမယ့် အခုကမလောက်ငှတော့ဘူး အခုအဖြစ်က မချစ်သော်လည်း အောင့်ကာနမ်းဆိုသလိုပဲ order ကြေးနည်းနည်းနဲ့ ဆက်လုပ်နေရတဲ့သဘောဗျလုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် နားပဲအဲ့ နားတဲ့သူတွေနေရာမှာ လူသစ်ထပ်ဖြည့်မယ်သဘောဗျ"လို့ Rider သမားတဦးကMLNကိုပြောပါတယ်။

Food Panda စားသောက်ကုန်ပို့ဆောင်ရေးကုမ္ပဏီဟာမြန်မာနိုင်ငံမှာ ၂၀၁၇ ခု နှစ်ဝန်းကျင်လောက်မှာလုပ်ငန်းစတင်ခဲ့တာဖြစ်ပြီးမ ဂျာမနီနိုင်ငံအခြေစိုက်ကုမ္ပဏီတခုလဲဖြစ်ပါတယ်။

Food Panda ကုမ္ပဏီဟာ   ဟာစားသောက်ကုန်ပို့ဆောင်သူဝန်ထမ်းတွေအပေါ်လုပ်အားခေါင်းပုံဖြတ်တာတွေ၊ ဖိနှိပ်တာတွေ၊တာဝန်ယူတာဝန်ခံမှု့မရှိတာတွေကြောင့်မကြာခဏဆိုသလိုပြဿနာတက်လေ့ရှိတဲ့ကုမ္ပဏီတခုဖြစ်တယ်လို့လဲဝန်ထမ်းတွေဆီကတဆင့်သိရပါတယ်။


 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026