NEWS

စက်ရုံ၊ အလုပ်ရုံတစ်ချို့တွင် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC) ဝင်များက အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းမှု မရှိကြောင်း ဒုဝန်ကြီးထုတ်ဖော်ပြောဆို

CoverLogo
413 Views
 
အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားတွေကို ဖြေရှင်းပေးဖို့အတွက် စက်ရုံ၊ အလုပ်ရုံတွေမှာ ဖွဲ့စည်းထားတဲ့ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC) ဝင်တစ်ချို့ဟာ အငြင်းပွားမှုတွေကို ဆွေးနွေးညှိနှိုင်းမှု မရှိဘူးလို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဇန်နဝါရီလ (၂၂) ရက်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
 
အလုပ်သမား ရေးရာ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ WCC ဟာ လူဦးရေ အများအပြားနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမှာ အလုပ်သမားရေးရာ အငြင်းပွားမှုတွေကို ညှိနှိုင်းဖြေရှင်းဖို့အတွက် မဖြစ်မနေဖွဲ့စည်းဖို့ အလုပ်သမားဥပဒေမှာ ပြဌာန်းထားတာပါ။
ဒါ့အပြင် အလုပ်သမားသမဂ္ဂ အဖွဲ့တွေပါ ဖွဲ့စည်းနိုင်တယ်လို့ ပြဌာန်းထားပေမယ့် အလုပ်သမားသမဂ္ဂရှိတဲ့ လုပ်ငန်းခွင်တွေ ရှားပါးလာနေပါတယ်။
 
လက်တွေ့မှာတော့ စက်ရုံ၊ အလုပ်ရုံတွေမှာ ဖွဲ့စည်းထားတဲ့ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေး ကော်မတီ (WCC) အဖွဲ့ဝင်တွေဟာ အလုပ်ရှင်အလိုကျသာ ဖွဲ့စည်းထားတာဖြစ်ပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု တွေကိုပါ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
 
“WCC ကို ဘယ်တုန်းက ဘယ်လိုရွေးတာလဲကို မသိပါဘူး။ အဖွဲ့ဝင်တွေကိုလည်း မသိဘူး။ အခွင့်အရေး ချိုးဖောက်တာတွေ လုပ်ဆောင်နေပေမယ့် ရှိတဲ့ WCC က လူတွေကလည်း မဆိုင်သလို နေတယ်။ အခုက ဖွဲ့ပြီးတဲ့ သမဂ္ဂတွေကို အကုန်ဖျက်ဆီးပြီး အလုပ်ရှင်ဘက်က တစ်ဖက်သတ်ရပ်တည်တဲ့ဟာတွေပဲ ဖွဲ့ထားတာပါ” လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
Myanmar Labour News ကို ဆက်သွယ်ပေးပို့လာတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေမှာလည်း WCC အဖွဲ့ဝင်တွေ ဟာ အလုပ်သမားအခွင့်အရေးအတွက် ကာကွယ်ပေးမှု တစ်စုံတစ်ရာ မရှိဘဲ အလုပ်ရှင်ဖက် တစ်ဖက်သတ် ရပ်တည်နေတာကို တွေ့ရှိရပါတယ်။
 
“ကျွန်မတို့ စက်ရုံမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ WCC ကော်မတီက အလုပ်ရှင်အလိုကျ လုပ်ဆောင် ပေးနေပါတယ်။ ဥပဒပါခွင့်ရက်တွေကို မပေးပါဘူး။ ကျန်းမာရေး၊ လူမှု ရေးကိစ္စတွေကြောင့် အလုပ်မဆင်းနိုင်လို့ ခွင့်တိုင်ကြားရင် လက်မခံဘဲ သုံးရက်ဆက်တိုက် အလုပ်ပျက်တယ်ဆိုပြီး ဥပဒေမဲ့ အလုပ်ထုတ်နေတယ်လို့ JOYFUL (Myanmar) Garment က အလုပ်သမားတစ်ဦးက ပြောဆိုထားပါတယ်။
 
လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်တွေကို စွမ်းရည်မြှင့်တင်ရေး သင်တန်းပေးနေတာတွေ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်နေပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026