NEWS

စက်ရုံ ဖယ်ရီကားမှောက်လို့ အလုပ်သမား ၂ဦး သေဆုံး ၄၀ဦး ဒဏ်ရာရ

CoverLogo
483 Views
 
ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကြက်ဖြူကန် သ​ေန္ဓပင် ကျေးရွာအသုံးလုံးမှတ်တိုင်အနီး ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်မှာ စက်ရုံဖယ်ရီကားတိမ်းမှောက်လို့ အလုပ်သမား၂ဦးသေဆုံးကာ အလုပ်သမား ၄၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၇ရက်ည ၇ နာရီဝန်းကျင်မှာ စက်ရုံကြိုပို့ဖယ်ရီကားတိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ဖယ်ရီကားဟာ Hyundai city bus ဖြစ်ပြီးပျဉ်းမပင် ဒေဝူးမှတ်တိုင်အနီးရှိ EOY အထည်ချုပ်စက်ရုံကကား ဖြစ်ပါတယ်။
 
ဖြစ်စဉ်မှာ ထောက်ကြန့်မှမှော်ဘီဘက်သို့ မောင်းနှင်လာရာ တပတ်လည်ပြီး ဓာတ်တိုင်ကိုတိုက်မိကာ ပြင်းထန်စွာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
 
"EOY စက်ရုံပါ။ ကျွန်မတို့စက်ရုံပါ။ အဲ့ဒီကားက QC တွေအများဆုံးပါတဲ့ကားပါ။ ကျွန်မတို့ကားက လှည်းကူးဘက်ကိုပြန်တာ။ QC ကအစ်မကနေရာမှာကတည်းက ဆုံးတာစိတ်မကောင်းဖြစ်ရတယ်။ ရန်ကုန်အရေးပေါ်လွှဲတာ ကိုက ၁၀ယောက်ကျော်တဲ့။ ထိခိုက်ဒဏ်ရာရတာက ၃၀ ကျော်။ စိတ်မကောင်းဖြစ်ရတယ်"လို့ အဆိုပါစက်ရုံဝန်ထမ်းက ဆိုထားပါတယ်။
 
ကားပေါ်မှာ အထည်ချုပ်စက်ရုံဝန်ထမ်း အများအပြားလိုက်ပါလာတာဖြစ်ပြီး ဖူးယောင်ပေါက်ပြဲ ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး ၊၂ ဦးသေဆုံးခဲ့ပါတယ်။ပြင်းထန်ဒဏ်ရာရရှိသူ ၂၆ ဦးအထိရှိခဲ့လို့ မှော်ဘီဆေးရုံလွှဲစာနှင့်အတူ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကို ၂၂ ဦး ၊ အင်းစိန်ဆေးရုံကြီး အရေးပေါ်ဌာနကို ၄ ဦးတို့ကို ဒေသလူမှုကူညီရေး ပရဟိတအသင်း‌ေတွက အရေးပေါ်လူနာတင်ယာဉ်‌ေတွနဲ့ စုပေါင်းကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါ EOY စက်ရုံဟာဒေဝူးမှတ်တိုင်နားက ကိုရီးယားအထည်ချုပ်စက်ရုံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံမှကုန်ကြမ်းဝယ်ယူကာ မြန်မာနိုင်ငံမှာချုပ်လုပ်ပြီး အမေရိကန်ကိုတင်ပို့နေတဲ့ စက်ရုံဖြစ်တယ်လို့လည်း သိရပါတယ်။
 
စက်ရုံယာဥ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူတွေကိုတော့ မီးသတ်တပ်ဖွဲ့အပါအဝင် မှော်ဘီအခြေစိုက်လူမှုကူညီရေးအသင်းတွေဖြစ်တဲ့ မေတ္တာမြိုင်လူမူအသင်းကား၊ စေတနာမွန်လူမူရေးအသင်းကား၊ မြို့မလူမူရေးအသင်းကား၊ မြင့်မြတ်လူမူရေးအသင်းကား နှင့်မဇ္ဇိုမလှိုင်းလူမူရေးအသင်း‌​တွေရဲ့ ကား‌​တွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ‌​တွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026