NEWS

စက်ရုံအလုပ်သမား တစ်ဦးရဲ့ရင်ဖွင့်စာ

CoverLogo
3.8K Views

ကျွန်တော် တို့ Myanmar HaHae စက်ရုံယခင် Myanmar GLogon စက်ရုံသည်ယခင်ကအလုပ်သမားတစ်ယောက်ရဲ့လစာဟာဆိုရင်တစ်လကို ၂၂၀၀၀၀ လောက်ရခဲ့ပါတယ်။

ယခုဆိုရင် ၁၅၀၀၀၀ ပဲရပါတယ်။ တောင်းတဲ့အထည်စံချိန်ဟာဆိုရင်ယခင်ကတစ်နာရီ ကို ၃၀ ဆိုတာထိုင်ကုန်ပါပဲ၊ ယခုဆိုရင်တစ်နာရီကို ၆၀.၇၀ ချုပ်ခိုင်းပါတယ်။

မချုပ်နိုင်တဲ့လိုင်းက တိုးတောင်းတဲ့စံချိန်မမှီလို့တဲ့လစာမကောင်းတာတဲ့ ခေါင်းဆောင်တွေကပြောပါတယ်။

လစာထုတ်ကာနီးပြီဆိုအော်စူပါနဲ့စူပါတွေမီတင်လုပ်ပါတယ်။ ဒီလကတော့လိုင်းကချုပ်တာစံချိန်မမှီလို့လစာကမကောင်းဘူး။

နောက်လလစာလိုချင်ရင်သူတို့တောင်းသလောက်ချုပ်ပေးလို့ပြောပါတယ်၊ ချုပ်နိုင်တဲ့လိုင်းတွေဆိုရင်အဲ့လိုင်းကခေါင်းဆောင်တွေကို စက်ရုံ စံချိန်မှီလို့တဲ့ ပိုက်ဆံခေါ်ပေးတယ်။

တကယ်ဆိုချုပ်ရတာကျွန်တော်တို့ပါ။ ပိုက်ဆံပေးတော့စူပါတွေ လီတာတွေ အောစူပါတွေပဲရကြတယ်။

အဲ့စက်ရုံကလေ အခုဆိုတော်တော်လူပါးဝနေတာပါ
ဒဂုံဆိပ်ကမ်းယုဇနဥယာဥ် ၊ မြို့တော်.အမှတ် 90.91 ဒေါ်ဖွားရှင်လမ်းပါစက်ရုံ သူဌေးနာမည်ကတော့ ---------- နဲ့ဖက်စပ်ရှယ်ယာက ကိုရီးယားကပါ။

စက်ရုံခေါင်း​ဆောင်​တွေက လစာ ၁၀ သိန်းနီးပါးရပြီး တကယ်တမ်းချုပ်လုပ်တဲ့ ကျွန်​တော်တို့​တွေကတွေက အလွန်ဆုံးရ တသိန်းရှစ်​​သောင်းပဲရပါတယ်လို့ အလုပ်သမားတဦးက အခုလိုပဲ Myanmar Labour News ကိုရင်ဖွင့်လာတာဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ မိမိတို့ အခက်အခဲများ၊ စက်ရုံတွင်း အခွင့်အရေးချိုးဖောက်ခံနေရမှုများကို Myanmar Labour News သို့ ရင်ဖွင့်စာပေးပို့နိုင်ပါတယ်။
 


Related posts

Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025
Cover
TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ
Sep 08, 2025
Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
Myanmar Best Fortune အထည်ချုပ် ညနက် အချိန်ပိုအပြင် နားရက်မရှိ အလုပ် ဆင်းခိုင်း
Sep 05, 2025