NEWS

စက်ရုံအလုပ်သမားများ ဆဲဆိုကြိမ်းမောင်းခံရမှုနဲ့ အတူလုပ်အားခခေါင်းပုံဖြတ်ခံနေရ

CoverLogo
617 Views
 
လှိုင်သာယာ မြို့နယ် စက်မှုဇုန်(၂)၊ မက္ခရာမင်းသားကြီးလမ်းမောင်ပျိုးလမ်း၊ အမှတ်( - ) မှာ ဖွင့်လှစ်ထားတဲ့ S.H United စက်ရုံ အလုပ်သမားတွေဟာ စူပါတွေရဲ့ ရက်စက်စွာဆဲဆိုကြိမ်းမောင်းပြီး လုပ်အားခတွေခေါင်းပုံဖြတ်ခံနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
"တစ်ကဒ်ကြေးမို့ ကိုယ်ချုပ်မှကိုယ်ရ ပေမယ့် မနက်လင်းထဲက အလုပ်သမားကိုအရမ်း ဆဲဆိုနေပါတယ်၊ ​ေ-ာက် ကောင်မတွေ ၊ ​ေ-ာက်လုံးကန်းနေလား တိရစ္ဆာန်တွေလို ကြိမ်နဲ့အမြဲတို့နေရတာပဲ"ဆိုပြီး စူပါတွေ လီတာတွေက အရမ်းရိုင်းစိုင်းစွားပြောဆို အောဟစ်နေတာ။ အလုပ်သမားတွေ အိမ်သာသွားရင်လဲ ဘယ်သင်္ချိုင်းသွားနေတာလဲ နွားမတွေဆိုပြီး နားမခံနိုင် အောင် ရိုင်းစိုင်းဆိုနေတော့ အလုပ်သမားတွေက အဆဲဆိုမခံချင်တော့ အိမ်သာမ သွားပဲ အောင့်ထားရတော့ ဆီရောဂါတွေခံစားကြရတယ်။ ပြောပြရတာတောင်ရှက်တယ် ဗိုက်ကြီးသည်တွေ ကိုလည်းပိုးစိုပက်စက် ပြောတာတော်တော်ကြမ်းကြမ်း တမ်းတမ်းပြောဆိုနေတာ။ အရှက်သိက္ခာမရှိတော့လောင်အောင် ဆဲဆိုကြိမ်းမောင်းခံနေရတယ်"လို့ အလုပ်သမားတွေက ဆိုပါတယ်။
 
အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီးး အလုပ်သမား ၁၀၀၀ ကျော်ဖြင့် ဂါဝန်ပုံစံအင်္ကျီများ ချုပ်လုပ်နေကာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိတဲ့ စက်ရုံတစ်ရုံဖြစ်တယ်လို့ သိရပါတယ်။
 
၎င်းစက်ရုံဟာ ticket ကြေးဖြင့်ချုပ်လုပ်ခိုင်းသော စက်ရုံဖြစ်ပြီး တစ်ကဒ်ဈေးနူန်းများကို စူပါတွေက ဖြတ်စားလို့ အတိအကျမရဘဲ စူပါတွေနဲ့အဆင်ပြေတဲ့သူကိုသာ ဈေးနူန်းအမှန်ပေးတယ်လို့လည်း ဆိုထားပါတယ်။
 
"ticket ကြေးက ပွိုင့်တစ်ခုကိုချုပ်တယ်ဆို ၂၀ကျပ်နှုန်းအလုပ်ရှင်ကပေးထားရင် ခေါင်းဆောင်တွေက ၁၅ကျပ်ပဲ ပေးပြီးကျန်တာကိုဖြတ်ယူထားတယ်၊ ရုံးပေါ်က ဈေးနှုန်းပေးတဲ့အတိုင်း အလုပ်သမားတွေကို မချမပြတဲ့ အပြင် စူပါတွေကလိမ်ချင်သလိုလိမ် ပေးချင်သလောက်ပေးနေတာတွေကို အလုပ်သမားတွေကခံနေရတယ်" လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားကဆိုပါတယ်။
စက်ရုံမှာ စက်လိုင်း ၁၇ လိုင်း ရှိပြီး အလုပ်သမား ၄၅ ယောက်ထိ အများဆုံးရှိတဲ့စက်လိုင်း ၄လိုင်းသာရှိပြီး ကျန်စက်လိုင်းတွေမှာ တစ်လိုင်းကို လူဦးရေ ၄၁ဦးသာရှိပေမဲ့ ၁နာရီကို အထည်ရေအတွက် ၁၅၀ လောက်ထိပေးရပါတယ်။
 
ချုပ်ရခက်တဲ့စတိုင်ဆိုရင် တနာရီ အထည် ၇၀ /၈၀ လောက်ထိပေးရတာကြောင့် အလုပ်သမား တွေ မချုပ်လုပ်နိုင်တဲ့ အထည်စံချိန်များကိုတောင်းခံ ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမား အများအပြားကိုခိုင်းစေနေပြီး နေ့စားသမားများကို စနေနေ့တွင် ၆၅၀၀ ကျပ်ပဲပေးခြင်း၊ ကြားရက်တွင် ည၇ ခွဲထိဆင်းပေးရပြီး ၈၀၀၀ကျပ်၊ ၈ခွဲအထိဆင်း လျင် ၉၀၀၀ ကျပ်သာရှင်း ပေးပြီးခိုင်းစေနေခြင်း၊ အသက် ၁၄ ၊၁၅အရွယ် ကလေးအလုပ်သမားများကိုလည်း ဆရာဝန် ဆေးထောက်ခံစာ ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံစာမပါဘဲ လူကြီးအလုပ်သမားများနှင့် တန်းတူခိုင်းစေနေတဲ့အပြင် လုပ်အားခများခေါင်းပုံဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။
အလုပ်သမားများကိုလည်း အလုပ်စဝင်စဉ်က ဒေးကြေးက ၅၈၀၀ကျပ်၊ ထောက်ပံ့ကြေး ၂၀၀၀ ကျပ် နဲ့၇၈၀၀ ကျပ်ပေးမယ်လို့ဆိုထားပေမဲ့ ဒေးကြေး ၅၈၀၀ ကျပ်သာရတယ်လို့ ဆိုပါတယ်။
 
"အလုပ်လုပ်ရင် ကိုက်ခဲနေလို့ ပါရာစီတမော့သွားတောင်းလည်း စူပါ၊ အောစူပါ၊ တရုတ်မတွေဆီက လက်မှတ်ယူပြီးမှ ဆေးခန်းသွားရတယ်၊ လက်မှတ်မပါလို့ ဆေးခန်းမသွားရတာ တွေများတယ် အခက်အခဲတွေဖြစ်တာပေါ့" လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေဟာ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM) ထံသို့ အကူညီတောင်းခံထားတယ်လို့လည်း ဆိုပါတယ်။
 
အဲ့ဒီလိုအဖက်ဖက်ကချိုးဖောက်ခံရမှုတွေကြောင့် အဆိုပါစက်ရုံအလုပ်သမားတွေဟာ တောင်းဆိုချက်၅ချက်ဖြစ်တဲ့
၁။ အလုပ်ရှင်ဘက်မှ အသက်မပြည့်သေးသော ၁၄၊ ၁၅၊ အရွယ်လူငယ်၊လူရွယ် လုပ်သားများကို လူကြီးအလုပ်သမားများနှင့်တန်းတူ မခိုင်းစေရန်နှင့် လုပ်ခလစာကိုခေါင်းပုံမဖြတ်ဘဲ မှန်ကန်စွာရှင်းပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုသာတောင်းခံရန်။
၃။ အလုပ်ရှင်ဘက်မှ စူပါ၊ အောစူပါ၊ လီတာများမှ အလုပ်သမားများကို တိရစ္ဆာန်ဖြင့် ခိုင်းနှိုင်းခြင်း၊ ရိုင်းစိုင်းစွာဆဲဆိုခြင်းမပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ စူပါ၊ အောစူပါ၊ လီတာများမှ ကိုယ်ဝန် ဆောင်သည် တွေကိုလည်း ကြမ်းကြမ်းတမ်းတမ်း ပြောဆိုနေပြီး စိတ်ဒုက္ခဖြစ်အောင်လုပ်ဆောင်နေခြင်းကို မပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ဒေးကြေး+ထောက်ပံ့ကြေးပေးမည်ပြောထားပြီး လစာထုတ်မှ မှန်ကန်စွာမပေးခြင်း စတဲ့ချိုးဖောက်မှုတွေမပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026