NEWS

စက်ရုံအချို့ ဒေးကြေးတိုးမြှင့်ခေါ်ယူလာပေမဲ့ အမှန်တကယ်ရသင်တဲ့နှုန်းထားထက်နည်းပါးနေလို့ စားဝတ်နေရေးဖြေရှင်းဖို့ မဖြစ်နိုင်သေး

CoverLogo
481 Views

ယခုလတ်တလောမှာ ရန်ကုန်မြို့ကစက်မှုဇုန်တွေမှာရှိတဲ့  စက်ရုံတချို့ဟာ အနိမ့်ဆုံးလုပ်ခဒေးကြေးတိုးမြှင့်ပေးလာကြပြီး အလုပ်အကိုင်ခေါ်ယူနေကြပါတယ်။ ဒါပေမဲ့ လည်း လက်ရှိကုန်စျေးနှုန်းအရ အမှန်တကယ်ရသင့်တဲ့နှုန်းထားထက်နည်းနေသေးလို့ တိုးမြှင့်လာတဲ့ပမာဏနဲ့ လုပ်ကိုင်ပေမဲ့လည်း တရက်ကို အလုပ်ချိန် ၁၆ နာရီလောက်လုပ်ကိုင်ပြီး စားဝတ်နေရေးဖြေရှင်းနေရတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။ 

အနည်းဆုံးအခကြေးငွေဥပဒေအရ ပြည်တွင်းမှာ တရားဝင်သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာဟာ ၄၈၀၀ ကျပ်ဖြစ်ပြီး‌ ပြီးခဲ့တဲ့နှစ်ထဲမှာ ထောက်ပံ့ကြေးအဖြစ် တရက်လျင် ကျပ် တစ်ထောင်တိုးပေးဖို့ သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ 

"ဒါကအလုပ်သမားတွေအမှတ်တကယ်ရသင့်တဲ့နှုန်းထားတစ်ခုမဟုတ်သေးပါဘူး။ အချို့စက်ရုံကတော့ ၄၈၀၀ အပေါင်းတစ်ထောင်ပဲပေးနေတာတွေအများကြီးရှိနေသေးတယ်။ ကုန်စျေးနှုန်းကအရင်ကထက်အဆပေါင်းများစွာတက်နေတယ် လုပ်ခလစာကိုလည်း အရင်ကထက်နှစ်ဆတိုးပေးသင့်တယ်။ ခုတိုးပေးတာကလည်း တိုးပေးတာပဲရှိတယ်လောက်ငှဖို့အထိ မဖြစ်လာသေးပါဘူး" လို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။ 

ယခုလမေ ၁ ရက်နေ့ အလွန်ကစလို့ ရန်ကုန်မြို့ကစက်ရုံတွေဟာ အလုပ်သမားခေါ်ယူတာတွေကို ဒေးကြေး ၆၈၀၀၊ ၇၂၀၀၊ ၇၅၀၀ စသဖြင့် သတ်မှတ်ပေးပြီး အနိမ့်ဆုံးလုပ်ခတိုးမြှင့်ပေးခြင်းဖြင့် လုပ်သားခေါ်ယူမှုတွေပြုလုပ်လာကြတာဖြစ်သလို စက်ရုံကအလုပ်သမားတွေကိုလည်း တိုးမြှင့်ပေးလာကြတာဖြစ်ပါတယ်။ 

အဲဒီလိုမျိုးတိုးမြှင့်လာကြပေမဲ့လည်း အလုပ်သမားတွေရဲ့လုပ်ခလစာဟာ ၂၀၁၈ ခုနစ်ကနှုန်းထားကို ယခု၂၀၂၄ခုနစ်ရောက်မှသာ အနည်းငယ်မျှတိုးပေးလာတာဖြစ်လို့ လက်ရှိမြင့်တက်နေတဲ့ကုန်စျေးနှုန်းတွေအရ လုံလောက်မှုမရှိတာကြောင့် အလုပ်သမားတွေရဲ့တစ်နေ့လုပ်ခကို ကုန်စျေးနှုန်းနဲ့ကိုက်ညီတဲ့နှုန်းထားတစ်ခုအဖြစ် ပြင်ဆင်သတ်မှတ်ပေးဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။

ယခုတိုးမြင့်လာတဲ့ကုန်စျေးနှုန်းတွေဟာ အမေရိကန်တစ်ဒေါ်လာလျှင်ကျပ်၄၀၀၀ အထက်ဖြစ်နေသလို မြန်မာ့ အခေါက်ရွှေစျေးဟာလည်း ၁ ကျပ်သားလျင်  ကျပ် ၅၁ သိန်းအထက်အထိရောက်ရှိနေတာကြောင့် အခြေခံကုန်စျေးနှုန်းကလည်း တရိပ်ရိပ်တက်လာနေတာဖြစ်ပါတယ်။ 

အခြေခံကုန်စျေးနှုန်းတွေအရ စားဆီတစ်ပိသာလျှင် ကျပ်၉၀၀၀၊ ဆန်တစ်ပြည်လျှင်ကျပ်၅၀၀၀ ဝန်းကျင်၊ ကြက်သွန်နီ တစ်ပိသာ ကျပ် ၃၀၀၀၊ ပဲသီးတစ်စီး ၁၂၀၀၊ ကြက်ဥတစ်လုံး ၃၅၀ စသည်ဖြင့်အခြေခံစားသောက် ကုန်ရဲ့စျေးနှုန်းတွေကို ကြည့်ခြင်းအားဖြင့်  အလုပ်သမားတွေရဲ့ အနည်းဆုံးအခကြေးငွေကိုလည်း နှုန်းထားပြင်ဆင်သတ်မှတ်ဖို့ပျက်ကွက်ခဲ့တဲ့နှစ်တွေအရ အလုပ်သမားတစ်ဦးဟာ တစ်ရက်ကို အနည်းဆုံးကျပ် ၁၀,၀၀၀ ကနေ ၁၂,၀၀၀ အထိရသင့်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

ယခုလိုလုပ်ခလစာတွေ အင်မတန်နည်းပါးလွန်းတာတွေကြောင့် ပြည်တွင်းကအလုပ်သမားတွေအနေနဲ့ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့တရုတ်သို့ အလွယ်တကူထွက်ခွာမှုတွေပိုမိုများပြားလာကာ ပြည်တွင်းက 
စက်ရုံတွေအနေနဲ့လုပ်သားရှားပါးမှုတွေ ပိုမိုမြင့်တက်လာနိုင်မယ်လို့ ဆိုကြပါတယ်။

ယခုလက်ရှိမှာလည်း  စက်ရုံအသစ်တွေနဲ့ ရုံလိုင်းတိုးချဲ့မယ့်စက်ရုံတွေမှာ ကျွမ်းကျင်လုပ်သားလိုအပ်ချက်မြင့်တက်နေတာကြောင့် အခုလိုမျိုး တစ်နေ့လုပ်အာတိုးပေးတာမျိုးတွေရှိလာတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့၂၀၁၈ ခုနစ် ဒေါ်လာပေါက်စျေးဟာ ကျပ် ၁၂၀၀နဲ့ ၁၃၀၀ စျေးတန်းရှိခဲ့ပြီး အဲ့ဒီအချိန်က သတ်မှတ်ခဲ့တဲ့ အနိမ့်ဆုံးလုပ်ခလစာဟာတရက်လုပ်ခ ၄,၈၀၀ ကျပ်ကို  လက်ရှိ၂၀၂၄ခုနစ် ဒေါ်လာပေါက်စျေး ၄၀၀၀ ကျော်အထိမြင့်တက်နေချိန်အထိ ၆ နှစ်နီးပါးကြာတိုင်တိုင် ၄၈၀၀ နဲ့သာ အလုပ်ရှင်များကပေးချေလာခဲ့ကြတာဖြစ်ပါတယ်။ 

ဓါတ်ပုံ - ပုံဟောင်း ( စစ်တပ်အာဏာမသိမ်းမီက စက်မှုဇုန်လုပ်သားများဖယ်ရီစောင့်နေစဉ်)


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026