NEWS

စက်ရုံယာယီပိတ်သိမ်းစဥ် နစ်နာကြေးမရှင်းမပေးတာကြောင့် GTIG-EASTAR အထည်ချုပ်စက်ရုံအလုပ်သမားထောင်နဲ့ချီပြီး အခက်ကြုံနေရ

CoverLogo
3.1K Views

ယခင်၂၀၂၁ခုနှစ်မတ်လပိုင်းအတွင်းမှာစက်ရုံမီးလောင်မှု့ဖြစ်ပြီးနောက် ၇လအကြာစက်ရုံပိတ်သိမ်း ခဲ့ရတဲ့အပေါ် စက်ရုံပိုင်ရှင်တွေအနေနဲ့လုပ်သားတွေအပေါ် စက်ရုံပိတ်သိမ်းတဲ့ကာလအတွက်နစ်နာကြေးမပေးပဲငြင်းဆန်နေလို့ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှု့ဇုန်ထဲမှာလုပ်ကိုင်နေတဲ့ GTIG-EASTAR အထည်ချုပ််စက်ရုံကအလုပ်သမားထောင်နဲ့ချီပြီးအခက်ကြုံနေရတယ်လို့သိရပါတယ်။

"ကျတော်တို့ကသွားညှိတယ် စက်ရုံပိတ်လိုက်တဲ့ကာလမှာအလုပ်သမားတွေအခက်အခဲတွေ့ရတာတွေရှိတယ်အဲ့ဒါတွေအတွက်နစ်နာကြေးပေးဖို့ပြောတော့သူတို့ဖက်က စက်ရုံပိတ်တာမီးလောင်လို့ပိတ်တာလစာမဲ့လို့ အဲ့တုန်းကစာကပ်ထားတယ်ဆိုပြီးငြင်းတယ်"လို့အဆိုပါစက်ရုံမှအလုပ်သမားတဦးကဆိုပါတယ်။

စက်ရုံမှာမီးလောင်ပြီးနောက် ၇ လနီးပါးကြာမြင့်မှသာစက်ရုံအလုပ်သမားတွေကိုပြန်လည်ခေါ်ယူတာဖြစ်ပြီး နယ်ဝေးအနီးသုံးရက်နောက်ဆုံးထားပြီးခေါ်ယူတာဖြစ်တဲ့အတွက်နိုင်ငံရေးခြေအနေကြောင့်ပြန်လာဖို့အဆင်မပြေတဲ့အလုပ်သမားအများစုအလုပ်ပြုတ်သွားခဲ့ရတယ်လို့လဲသိရပါတယ်။

"ပြန်လာတဲ့လူတွေကျတော့လဲတခြားလိုင်းတွေမှာခိုင်းတာတွေရယ် နယ်ဝေးကလူတွေဆိုလဲသုံးရက်ပဲအချိန်ပေးတာဆိုတော့ထွက်ကုန်ကြတာရယ် ပြုတ်ကြတာရယ်ဆိုရင်ခုလူဟောင်းကစက်ရုံမှာ ငါးရာလောက်ပဲကျန်တယ်"လို့စက်ရုံဝန်ထမ်းတဦးကထပ်ပြောပါတယ်။

အဆိုပါစက်ရုံမှာယခင်ကဝန်ထမ်းပေါင်း ၁၉၇၀ နီးပါးရှိပြီးယခုလက်ရှိအချိန်မှာတော့ ဝန်ထမ်း ၁၀၀၀ ဝန်းကျင်နဲ့ဆက်လက်လည်ပတ်လုပ်ကိုင်နေတယ်လို့သိရပါတယ်။

"တခြားလုပ်သားအခွင့်အရေးချိုးဖောက်ခံနေရတာတွေလဲရှိတယ် အရင်ကစူပါတယောက်ဆို စူပါရာထူးကနေအဖြုတ်ခံရပြီးတော့လိုင်းသားတွေနဲ့အတူတူ ရာထူးချလိုက်တယ် ဝမ်တိမ်ထိုးတာ ၃ ခါရှိပီတဲ့ သိရသလောက်ကတော့ သူထိုးထားတဲ့လက်မှတ်မှာတရားဝင်တာဘာတစ်ခုမှမပါဘူး"လို့ GTIG-EASTAR ရဲ့ဝန်ထမ်းတဦးကMLNကိုပြောပါတယ်။

ဒါ့အပြင်အလုပ်သမာတွေတောင်းဆိုတဲ့အလုပ်ပိတ်သိမ်းစဥ်ရရှိရမယ့်ကြားကာလနစ်နာကြေးကိုEUကထောက်ပံ့ကြေးငါးသောင်းကျော်နဲ့နှိမ်လိုက်ကြဖို့စက်ရုံဖက်ကပြောဆိုတယ်လို့လဲသိရပါတယ်။

အဆိုပါစက်ရုံမှာတရုတ်လူမျိုးပိုင်စက်ရုံတခုဖြစ်ပြီးTESCO Brand သား​ရေ အနွေးထည်တွေအပါအဝင် OVS, KIABI, C&A, TESCO, ZARA, House ၊ F&F Brand စတဲ့ အမှတ်တံဆိပ်တွေကိုလဲချုပ်လုပ်ပြီး နိုင်ငံခြားကိုတင်ပို့နေတဲ့ကုမ္ပဏီတခုဖြစ်တယ်လို့သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026