NEWS

စက်ရုံပိတ်သိမ်းလို့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော် နစ်နာကြေးဘတ် ၁၈ သန်းရရှိ

CoverLogo
300 Views

ထိုင်းနိုင်ငံ မဟာချိုင် တွင်  စက္ကူစက်ရုံ ပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့  မြန်မာလုပ်သားများ အပါအဝင် အလုပ်သမား ၃၈၀ ဦး  အတွက်  နစ်နာကြေး ဘတ် ၁၈ သန်း ရရှိခဲ့တယ်လို့ အလုပ်သမားတွေ နဲ့ ကူညီဆောင်ရွက်ပေးတဲ့  M.H.A.C မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယ အပတ်က အလုပ်ရှင် မှ  ကြိုတင်အကြောင်းကြာမျိုး ခြင်းမရှိဘဲ စက်ရုံပိတ်သိမ်းတယ်လို့ဆိုကာ တရားဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ကျော်ကို အလုပ်မှ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ထုတ်ပယ်ခံရတဲ့ အတွက် အလုပ်သမားတွေက ကျေနပ်မှု မရှိတာကြောင့် ဥပဒေနဲ့အညီ လုပ်သက်အလိုက်  နစ်နာကြေး ရရှိ ဖို့ M.H.A.C မဟာမိတ်အဖွဲ့ ထံ အကူညီ လာရောက် တောင်းရာ မှ အခုလို နစ်နာကြေး ရရှိရန် စွမ်းဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ၂နှစ် အတွင်း နစ်နာကြေး အများဆုံး ရရှိခဲ့ တဲ့ အမှု  ဖြစ်တယ်လို့ လည်း M.H.A.C မဟာမိတ်အဖွဲ့ မှ ကိုရဲမင်းကပြောပါတယ်။

အလုပ်ရှင်က လုပ်သက်(၁)နှစ်မှ (၃)နှစ်မပြည့်သေးတဲ့ အလုပ်သမား  တွေ ကို  နစ်နာကြေးဘတ်(၃၂,၆၇၀)နှင့် လုပ်သက်(၃)နှစ်မှ (၅)နှစ်အထိ အလုပ်သမား တွေကို  နစ်နာကြေး ဘတ် (၆၅,၃၄၀)ကို အလုပ်ရှင်က သဘောတူပေးခဲ့ရာ အလုပ်သမား(၃၈၀)ဦးအတွက် နစ်နာကြေး ဘတ်(၁၈)သန်း (၂) သိန်း(၅)ထောင်(၅)ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

"ပထမ နစ်နာကြေး ကို  အလုပ်ရှင်က တစ်နှစ်လုပ်သက်ရှိရင် ဘတ် ၁၀၀၀၀၊ နှစ်နှစ် လုပ်သက်ရှိရင် ဘတ် ၂၀၀၀၀ နဲ့ ၃နှစ်ကနေ ၅နှစ် အထိကို ၃၀၀၀၀ပဲ ပေးတာ နှစ်ကြီးသမားတွေ က ဒါကို မကျေနပ်ကျတဲ့ အတွက်  သူတို့ပေးတဲ့နစ်နာကြေးကိုမယူသေးဘဲ ကိုရဲမင်း တို့ အဖွဲ့ ကို အကူညီတောင်းတာ အခုတော့ ရသင့်ရထိုက်တဲ့နစ်နာကြေးအပြင် အလုပ်လက်မဲ့ကာလ အတွင်း လူမှုဖူလုံရေး ရန်ပုံငွေရယ် အလုပ်ထွက်စာ ဘိုင်ကျန့်အော် လည်း ရတော့အလုပ်သမားတွေအားလုံး အဆင်ပြေသွားတယ်"" လို့ အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ယခု အလုပ်ရှင်အလုပ်သမား ပြသာနာ ကို M.H.A.C မဟာမိတ်အဖွဲ့အပြင် LPN ဖောင်ဒေးရှင်း၊ (NUG )အလုပ်သမားဝန်ကြီးဌာနက လည်း ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

 


Related posts

Cover
ထိုင်းနိုင်ငံ သို့ ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ ကျော် ထပ်မံအဖမ်းခံရ
Oct 27, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၂၀-၂၆)
Oct 26, 2025
Cover
အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်အသစ်လက်ထက် ဂျပန်ရောက်မြန်မာတို့၏ အနာဂတ်နှင့် စိုးရိမ်မှုများ
Oct 26, 2025
Cover
ထိုင်းဘုရင်ရဲ့မယ်‌တော် နတ်ရွာစံတဲ့အတွက် ထိုင်းအစိုးရက ရက် ၉၀ ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ရန် ကြေညာ
Oct 25, 2025
Cover
ကန်ချနဘူရီ တွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ပြီး ၃ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ
Oct 25, 2025
Cover
လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ချောင်းပြတ်တောက်သွားရသော အလုပ်သမား လျော်ကြေးရရှိ
Oct 25, 2025
Cover
ရုရှားနိုင်ငံသားပိုင် ကားအငှားလုပ်ငန်းကို ဝင်ရောက်စီးနင်းစစ်ဆေးရာ မြန်မာဝန်ထမ်း ၅ ဦးအဖမ်းခံရ
Oct 24, 2025
Cover
မြန်မာသံရုံး အသွင်ယူပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အတွက်ငွေကြေး လိမ်လည်မှုများ ရှိနေဟု စင်္ကာပူရှိမြန်မာသံရုံးကြေညာ
Oct 23, 2025