NEWS

စက်ရုံတွေကတဆင့် လုပ်သားစာရင်းကောက်ယူနေမှုအလုပ်သမားများထံအသိမပေး

CoverLogo
542 Views

စက်မှုဇုန်စက်ရုံတွေကတဆင့် လုပ်သားစာရင်းနဲ့အလုပ်သမားအချက်အလက်တွေကောက်ယူနေမှု အလုပ်သမားများထံအသိပေးခြင်းမရှိဘူးလို့ စက်ရုံအလုပ်ရုံတွေဆီကသိရပါတယ်။

"ကျွန်မတို့အလုပ်သမားတွေဆီကို အသိပေးတာအကြောင်းကြားတာမျိုးမရှိပါဘူး။ အလုပ်သမားတွေဆီကိုတော့ ဘာမှ ရောက်မလာဘူး။ သူတို့ဘာသာ HR နဲ့ပဲ ကြိတ်လုပ်နေကြလားတော့မသိဘူး"လို့  လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားတစ်ဦးကဆိုပါတယ်။  

ရန်ကုန်မြို့အတွင်းက စက်မှုဇုန် စက်ရုံ အလုပ်ရုံလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့စက်ရုံအလုပ်ရုံတွေမှာ  လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်တွေနဲ့ အလုပ်သမားဦးရေစာရင်းတွေကို စာရင်းပြုစုပြီးယခုသြဂုတ်လကုန်နောက်ဆုံးထားပေးပို့ရမှာဖြစ်တာကြောင့် စက်ရုံတွေမှာ စာရင်းကောက်ယူမှုတွေရှိနေတာလို့ သိရပါတယ်။ 
 
"လုပ်သားစာရင်းကောက်ယူဖို့ကသတင်းတော့ကြားနေရတာပဲ။  အခုလိုမျိုးစာရင်းကောက်တာကို  စစ်မှုထမ်းဖို့အသက်အရွယ်အပိုင်းအခြားသိချင်လို့ကောက်တာပဲလား  လူဦးရေသန်ခေါင်စာရင်းကောက်ချင်တာပဲလားပေါ့။  အဲ့ဒီနှစ်ချက်ပဲစဉ်းစားစရာရှိတာပါ။  သတင်းတွေကတော့  စစ်မှုထမ်းဖို့စာရင်းကောက်တယ်လို့ပဲ သတင်းထွက်တော့ တစ်ချို့သိတဲ့အလုပ်သမားတွေကလန့်တာပေါ့။ အများစုကတော့ စာရင်းကောက်တာတောင်မသိကြဘူးဖြစ်နေတယ်။ အသိမပေးဘဲလုပ်နေတဲ့သဘောပေါ့ လို့  ပြည်တွင်းပြည်ပအလုပ်သမားရေးဆောင်ရွက်နေသူတစ်ဦးကဆိုပါတယ်။  

အခုလိုမျိုး အလုပ်သမားစာရင်းကောက်ယူနေမှုဟာ  သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့ဖို့အတွက်လုပ်တာဖြစ်လို့ စက်ရုံတွေစက်မှုဇုန်တွေအလိုက် လုပ်သားစာရင်းကောက်ယူရာမှာလည်း စက်ရုံအလုပ်ရုံတွေမှာ အလုပ်ဝင်တော့မယ်ဆိုပါက  လုပ်သားစာရင်းပေးရသလို လေဘာကတ်လည်းလုပ်ရတာကြောင် စက်ရုံအလုပ်ရုံတွေဟာလုပ်သားစာရင်း အလွယ်တကူရှိနေတယ်လို့လည်း သိရပါတယ်။  

"ညီမတို့စက်ရုံကတော့ကောက်သွားပြီလို့ကြားတယ် ညီမတို့ကိုတော့ ဘာမှမပြောဘူး။ လိုအပ်ရင် အလုပ်သမား ၅၀ တောင်းရင်ပေးရမယ်လို့ပြောတာတွေလည်းကြားတော့ ကြောက်နေကြတယ်"လို့ အထည်ချုပ်အလုပ်သမတစ်ဦးကပြောပါတယ်။ 

ယခုလတ်တလောမှာတော့ လှိုင်သာယာမြို့နယ်က စက်မှုဇုန်တွေအလိုက်  လုပ်ငန်းလည်ပတ်ဆောင်ရွက်နေတဲ့စက်ရုံအလုပ်ရုံတွေက စက်ရုံအလုပ်ရုံတစ်ခုချင်းစီအလိုက် ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့စာရင်းနဲ့ကိုယ်ရေးအချက်အလက်တွေကို ယခုဩဂုတ်လကုန် နောက်ဆုံးထားပြီးသက်ဆိုင်ရာကိုပေးပို့ဖို့  စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီကို ညွှန်ကြားထားသလို အခြားသောမြို့နယ်များကိုလည်း ကောက်ယူဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026