NEWS

စက်မှုဇုန်အလုပ်သမားတွေထဲက မှတ်ပုံတင် ၅ မျဉ်းစောင်း နှင့် ၈ မျဉ်းစောင်းတွေကို အလုပ်ထုတ်ပယ်ပြီး ပြန်လွှတ်မှုများရှိနေ

CoverLogo
5.5K Views

နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ကိုယ်စားပြု သည့် အမှတ်စဉ်အရ  မှတ်ပုံတင် ၅ / နှင့် ၈ / တို့ကို လစာထုတ်ပြီးပါက အလုပ်မှထုတ်ပယ်နေတယ်လို့ စက်မှုဇုန်လုပ်သားတွေကြားမှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံက သုံးစွဲနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အမှတ်စဉ်ကိုယ်စားပြုနံပတ်တွေထားရှိပြီး ၅ / မှာ စစ်ကိုင်းတိုင်းနှင့် ၈ /မှာ မကွေးတိုင်း ကိုယ်စားပြု အမှတ်စဉ်တွေ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ မင်းဧရာလမ်းမှာဖွင့်လှစ်ထားတဲ့  Myanmar Bestex Garment  စက်ရုံမှာလည်း အဆိုပါ ၅ /နှင့် ၈ / တွေကို ဇူလိုင်လစာထုတ်ပြီးပါက အလုပ်မှထုတ်ပယ်မည်ဖြစ်ကြောင်း လိုင်းတာဝန်ခံတွေက တဆင့် အလုပ်သမားတွေကို အသိပေးထားတယ်လို့ အဆိုပါစက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။

"ဟုတ်တယ် ကျွန်တော်တို့နားမှာခုလေးတင် စက်ရုံက ၅ / အလုပ်သမား ၂ယောက်ကို ပြန်လွှတ်လိုက်တယ်။ ကျွန်တော်တို့လည်း ၅/ တွေပါ ။ ခုကဧည့်စာရင်းတိုင်ဖို့တောင်ခက်နေတယ် ဥက္ကဌ လက်မှတ်ပါမှ ရမယ်လို့လည်းပြောသံကြားတယ် ခုဟာက ၅/  ကိုင်ဆောင်တဲ့လူတွေက ပြည်တွင်းမှာအလုပ်လုပ်တော့လည်း အလုပ်ထုတ်တယ် နိုင်ငံခြားသွားပြန်တော့လည်း ပတ်စပို့ ရုံးမှာ သက်တမ်းတိုးပေးတာတို့ အသစ်လုပ်ပေးတာတို့ မလုပ်ပေးဘူးကြားတယ် အဲ့ဒီတော့ ကျွန်တော်တို့က ဘာဆက်လုပ်ရမှာလဲ " လို့ လှိုင်သာယာမြို့ ၆ ရပ်ကွက် မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

သတင်းများအရ ရွှေပြည်သာနှင့် လှိုင်သာယာ မြို့နယ်များသို့ စစ်ကောင်စီမှ စာထုတ်ညွှန်ကြားထားတယ်လို့ သိရပြီး ယင်းကိစ္စထွက်ပေါ်ပြီးနောက်ပိုင်း အဆောင်တွေမှာလည်း အဆိုပါ ၅/ နှင့် ၈/ များကို လက်ခံဖို့ခက်ခဲနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

MyanmarLabourNews


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026