NEWS

စက်တင်ဘာလ တတိယတပတ်တာ ရွှေဈေး၊ ငွေဈေးနဲ့ ကုန်ဈေးနှုန်းများစုစည်းမှု

CoverLogo
534 Views

စစ်အာဏာသိမ်းကာလ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုတွေဟာ တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့် ယခုတစ်ပတ်တာရဲ့ စက်တင်ဘာ ၁၆ ရက်ကနေစက်တင်ဘာ ၂၂ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

 

တစ်ပတ်အတွင်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေကတော့ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ စက်တင်ဘာ ၁၆ ရက်မှာ ၉၂ တစ်လီတာလျှင် ၃ဝ၅၀ ကျပ်၊ ၉၅ တစ်လီတာ ၃၁၉၅ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ၂၆၁၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၂၇၅ ကျပ်ဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်မှာတော့ ၉၂တစ်လီတာလျှင် ၃၀၆၀ကျပ် ၉၅ တစ်လီတာ ၃၂၁၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၇၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၂၃၅ ကျပ်ဖြစ်ပြီး အဆိုပါစျေးတန်းနဲ့ စက်တင်ဘာ ၂၂ ရက်အထိရှိခဲ့တာဖြစ်ပါတယ်။ 

 

စက်သုံးဆီ ဝယ်ယူဖို့တန်းစီ၀ယ်ယူရတာတွေဟာ လက်ရှိအချိန်ထိတန်းစီနေရဆဲဖြစ်ကာ ပြင်ပပေါက်ဈေးမှာတော့ ၉၂ တစ်လီတာ ၄၀၀၀ ကျပ် နဲ့ ၉၅ တစ်လီတာလျှင် ကျပ် ၄၅၀၀ ဖြစ်တယ်လို့သိရပါတယ်။ 

 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့ စက်တင်ဘာ၁၆ ရက်နေ့ရဲ့ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၅၇၉ ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက် ရွှေပေါက်ဈေးဟာ ကျပ်သိန်း၅၂သိန်းကျော် ဖြစ်ခဲ့ပါတယ်။ 

 

အဆိုပါစျေးတန်းနဲ့ပင် စက်တင်ဘာ ၂၂ရက်နေ့အထိ စျေးငြိမ်နေခဲ့တာဖြစ်ပါတယ်။ 

 

ပြင်ပရွှေဈေးကွက်မှာတော့စက်တင်ဘာ ၁၆ ရက်နေ့နဲ့ စက်တင်ဘာ ၁၇ရက်နေ့တွေမှာ ၆၈သိန်းကျပ် စက်တင်ဘာ ၁၈ ရက်နေ့နဲ့ ၁၉ရက်နေ့မှာတော့ ပြည်တွင်းအခေါက်ရွှေဈေး ၆၈သိန်းငါးသောင်းဖြစ်ကာ စက်တင်ဘာ ၂၀ရက်၊ ၂၁ရက် နဲ့ ၂၂ရက်နေ့မှာတော့ ၆၈ သိန်းသို့ပြန်လည်ရောက်ရှိပြီး အရောင်း၀ယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ 

 

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ပြင်ပပေါက်ဈေးများမှာ စက်တင်ဘာ ၁၆ ရက်မှာ တစ်ဒေါ်လာ ၅၁၀၀၊ စက်တင်ဘာ ၁၇ ရက်မှာ ၅၂၀၀ ဖြစ်ကာ စက်တင်ဘာ ၁၈ ရက်နဲ့၁၉ရက်နေ့မှာ ၅၃၀၀ ကျပ်ဖြစ်ပြီး စက်တင်ဘာ၂၀ရက် ၂၁ရက်နဲ့ ၂၂ရက်နေ့တွေမှာတော့ ၅၁၀၀ ဖြစ်လို့ အမေရိကန်ဒေါ်လာစျေး တဖြေးဖြေးကျဆင်းလာကာ အရောင်းဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။  

 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။    

 

ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၄၀၀ ဝန်ကျင်လို့သာအတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ် စက်တင်ဘာ၁၆ရက်ကနေ စက်တင်ဘာ၂၂ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၇၂၀ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကထက် အနည်းငယ်စီဆက်လက်မြင့်တက်လာတာတွေ့ရပါတယ်။ 

 

စားဆီ ပြင်ပဈေးကွက်တွင်လည်း တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ အထ်ိ အမြင့်စျေးမှာသာရှိနေတာပဲဖြစ်ပါတယ်။  

 

စစ်ကောင်စီကလည်း စားဆီထုတ်ယူနိုင်မှုကို သမဝါယမစနစ်နဲ့ထုတ်ယူနိုင်ဖို့ ဆီထုတ်ယူနိုင်မဲဲ့ ရပ်ကျေးကနေတစ်ဆင့် စာအုပ်တွေပြုလုပ်ပေးနေပေမဲ့ လူတိုင်းမရရှိတဲ့သတင်းတွေရှိနေပါတယ်။ 

 

အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဆန်ဈေးနှုန်းသတ်မှတ်ရေးနဲ့လက်လီဆိုင်များပါ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့ ဆောင်ရွက်နေပေမဲ့အောက်ခြေမှာတော့ ဆန်ဈေးမကျသေးဘဲ ဆန်ကြမ်းတစ်ပြည် ၄၀၀၀ အထက်ဖြစ်ပြီး ဆန်ချောတစ်ပြည် ၆၈၀၀ အထက်ဖြစ်ကာ ဆန်အရည်အသွေးနိမ့်လာတယ်လို့ သိရပါတယ်။  

 

ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၄၀၀ကျပ်၊ ဘဲဥတစ္လုံး ၅၀၀ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ်၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

 

ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၃၀၀၀ ကျပ် ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၉၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၄၀၀၀၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ 

ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။ 

 

ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၃၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။ 

 

ကြက်သားဈေးဟာလည်း စီပီကြက် တစ်ပိဿာ ၁၈၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၇၀၀၀ ကျပ် အထိဖြစ်လာပြီး အခြေခံကျတဲ့အလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၄၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပါတယ်။ 

 

အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုလျင် ကျပ်၂၅၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၀၀၀၀ ကျပ်ဖြစ်တာကြောင့် အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၆၇၀၀အထိ၊ ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်နေယခု ၁၅၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး ၁၅၀၀ ဖိုး၀ယ်ယူရတဲ့ ဈေးနှုန်းတွေမြင့်တက်နေတာဖြစ်ပါတယ်။ 

 

အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၄၀၀၀ နဲ့အထက်အထိ အမြင့်ဆုံးဈေးတန်းသို့ ရာက်ရှိလာသလို အမျိုသမီးတွေရဲ့ အလှပရေးရာသုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့ အရည်အသွေးနိမ့် ပစ္စည်းတွေ ရွေးချယ်သုံးဆွဲလာနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။  

 

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့ တစ်နေ့တာကုန်ကျစရိတ်ဟာ ကျပ်တစ်သောင်း အထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့် ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့ အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ ကျပ်ဟာလည်း ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။ 

 

၂၀၂၀ ခုနှစ်က အခြေခံလစာနှစ်သိန်းကျပ်ရရှိခဲ့စဉ်က ဒေါ်လာဈေးဖြင့်တွက်ပါက ၁၆၀ ဒေါ်လာရရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၄ လတ်တလောမှာတော့လစာနှစ်သိန်းဟာ ဒေါ်လာပေါက်ဈေးအရ ဒေါ်လာ ၄၀ သာရရှိနေတဲ့အနေအထားမှာ ရုန်းကန် လှုပ်ရှားနေရတာဖြစ်လို့ ဖူလုံမှုမရှိတဲ့လုပ်ခလစာ ၊ လုံခြုံမှုမရှိ၊ ကာကွယ်မှုမရှိတဲ့လုပ်ငန်းခွင်တွေမှာ ရပ်တည်လုပ်ကိုင်နေရတယ်လို့ အခြေခံအလုပ်သမားတွေထံက သိရပါတယ်။ 

 

စက်တင်ဘာလ တတိယအပတ်ရဲ့ ကုန်ဈေးနှုန်းသတင်းတွေကို ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။ 


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026