NEWS

ငလျင်ဒဏ်သင့် အာမခံ လုပ်သားများ စက်တင်ဘာ ၆ ရက် နောက်ဆုံးထားပြီး အကျိုးခံစားခွင့်လျှောက်ထားဖို့ကြေညာ

CoverLogo
280 Views
 
ငလျင်ဒဏ်သင့်ဒေသရှိ အာမခံအလုပ်သမားတွေ အနေနဲ့ သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ကို စက်တင်ဘာလ ၆ ရက် နောက်ဆုံးထားလျှောက် ထား ဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ကအသိပေးကြေညာထားပါတယ်။
 
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးပုဒ်မ ၁၀၃(ခ )အရ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ခံစားခဲ့ရတဲ့ ဒေသတွေက လူမှုဖူလုံရေး အာမခံ ထည့်၀င်ထားတဲ့ လုပ်သား တွေကို သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၄၀ရာခိုင်နှုန်း ထုတ်ပေးမှာ ဖြစ်ပါတယ်။
 
ငလျင်ဒဏ်သိသာစွာ ခံစားရတဲ့ နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်အတွင်းက ငလျင်ဒဏ်သင့် အာမခံအလုပ်သမားတွေကို လုပ်ခလစာဝင်ငွေရဲ့ ၄၀ရာခိုင်နူန်း နဲ့ ညီမျှတဲ့ငွေပမာဏ ကို ထုတ်ပေးမယ်လို့ မေလ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၄၀ရာခိုင်နှုန်း ကို ပြီးခဲ့တဲ့ ဇူလိုင် ၄ရက်က နေပြည်တော်ရှိ အာမခံ လုပ်သား ၁၁၀၀၀ ကျော် အတွက် အကျိုးခံစားခွင့် ငွေကျပ်သန်းပေါင်း ၁၀၀၁ ဒသမ ၅၆၃ သန်းထုတ်ပေးခဲ့တယ်လို့ လူမှုဖူလုံရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
 
ဒါကြောင့် ငလျင်ဘေးကျရောက်တဲ့ ဒေသ တွေက အာမခံ လုပ်သားတွေ အနေနဲ့ သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်လွှာ ကို စက်တင်ဘာ ၆ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံးတွေကို ပေးပို့လျှောက်ထားဖို့အသိပေးထားပါတယ်။
 

Related posts

Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025
Cover
Myanto Garment လစာအတွက် ဘဏ်ကတ် အတင်းအကျပ် လုပ်ခိုင်း
Dec 18, 2025
Cover
Saifeom International Garment Myanmar အထည်ချုပ်စက်ရုံ ပိတ်ရက်မရှိ လုပ်ကိုင်ခိုင်း
Dec 18, 2025
Cover
Myanmar LNY (2) ဦးထုတ်စက်ရုံက ဌာနပြောင်း လစာလျှော့ချမှုတွေ ပြုလုပ်နေ
Dec 16, 2025
Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025