NEWS

ငလျင်ဒဏ်သင့် အာမခံ လုပ်သားများ စက်တင်ဘာ ၆ ရက် နောက်ဆုံးထားပြီး အကျိုးခံစားခွင့်လျှောက်ထားဖို့ကြေညာ

CoverLogo
305 Views
 
ငလျင်ဒဏ်သင့်ဒေသရှိ အာမခံအလုပ်သမားတွေ အနေနဲ့ သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ကို စက်တင်ဘာလ ၆ ရက် နောက်ဆုံးထားလျှောက် ထား ဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ကအသိပေးကြေညာထားပါတယ်။
 
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးပုဒ်မ ၁၀၃(ခ )အရ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ခံစားခဲ့ရတဲ့ ဒေသတွေက လူမှုဖူလုံရေး အာမခံ ထည့်၀င်ထားတဲ့ လုပ်သား တွေကို သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၄၀ရာခိုင်နှုန်း ထုတ်ပေးမှာ ဖြစ်ပါတယ်။
 
ငလျင်ဒဏ်သိသာစွာ ခံစားရတဲ့ နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်အတွင်းက ငလျင်ဒဏ်သင့် အာမခံအလုပ်သမားတွေကို လုပ်ခလစာဝင်ငွေရဲ့ ၄၀ရာခိုင်နူန်း နဲ့ ညီမျှတဲ့ငွေပမာဏ ကို ထုတ်ပေးမယ်လို့ မေလ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၄၀ရာခိုင်နှုန်း ကို ပြီးခဲ့တဲ့ ဇူလိုင် ၄ရက်က နေပြည်တော်ရှိ အာမခံ လုပ်သား ၁၁၀၀၀ ကျော် အတွက် အကျိုးခံစားခွင့် ငွေကျပ်သန်းပေါင်း ၁၀၀၁ ဒသမ ၅၆၃ သန်းထုတ်ပေးခဲ့တယ်လို့ လူမှုဖူလုံရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
 
ဒါကြောင့် ငလျင်ဘေးကျရောက်တဲ့ ဒေသ တွေက အာမခံ လုပ်သားတွေ အနေနဲ့ သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်လွှာ ကို စက်တင်ဘာ ၆ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံးတွေကို ပေးပို့လျှောက်ထားဖို့အသိပေးထားပါတယ်။
 

Related posts

Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026
Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026