NEWS

ငလျင်ဒဏ်ကြောင့် လူ ၃၀၀၀ ကျော် သေဆုံးပြီး ၃၀၀ ကျော်ပျောက်ဆုံးဟု စစ်ကောင်စီ ထုတ်ပြန်

CoverLogo
116 Views
 
မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့တဲအင်အားပြင်း စစ်ကိုင်း ငလျင်ကြောင့် နိုင်ငံတဝန်း သေဆုံးသူ အရေအတွက် မှာ ၃၀၈၅ ဦးရှိပြီး ပျောက်ဆုံးနေသူမှာ ၃၄၁ဦး အထိ ရှိသေးတယ်လို့ စစ်ကောင်စီက ဧပြီ ၃ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၃ ရက် မနက် ၈ နာရီအထိ ကောက်ယူရရှိတဲ့ စာရင်းတွေအရ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၃၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄၇၁၅ ဦးနဲ့ ပျောက်ဆုံးနေသူ ၃၄၁ ဦးရှိပြီလို့ဆိုပါတယ်။
ငလျင်လှုပ်ခတ်တဲ့ရက်မှစကာ လက်ရှိအချိန်ထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လည်း ဆက်လက် လုပ်ဆောင် လျက်ရှိတာတွေ့ရတဲ့ အတွက် သေဆုံးစာရင်းနဲ့ထိခိုက်ဒဏ်ရာ ရရှိသူတွေရဲ့စာရင်းအရေအတွက် တိုးလာမယ့် အနေထားရှိပါတယ်။
ငလျင်လှုပ်ခတ် မှုကြောင့် လူနေအိမ် ၂၁၇၈၃လုံး၊ ရုံးဌာနအဆောက်အဦး ၈၀၅လုံး၊ ဝန်ထမ်းအိမ်ရာ ၁၁၅လုံး ၊စာသင်ကျောင်း ၁၀၄၁ကျောင်း၊ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်း ၉၁၂ကျောင်း၊ဘုရားစေတီ ၁၀၆၉ ဆူ၊ အခြားဘာသာရေးအဆောက်အဦး ၃၁၂လုံးနဲ့ ဆေးရုံ ဆေခန်း ၄၈လုံး ပျက်စီးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
ငလျင်ဘေးဒဏ်သင့် ဒေသတွေမှာ ကယ်ဆယ်ရေးဆောင်ရွက်မှုတွေ အနေနဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘီလာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တရုတ်(ဟောင်ကောင်) စတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လေယာဉ်အစင်းရေ စုစုပေါင်း ၅၉ စီးနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ရှိကာ ကယ်ဆယ်ရေးဝန်ထမ်း ၁၅၆၆ ဦး က ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။
ယခု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံ အတွင်းရှိ မြို့ပေါင်း ၅၀နီးပါး မှာ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကလေးငယ်နဲ့သက်ကြီးရွယ်အိုအပါအဝင် လူဦးရေ ၈ ဒသမ ၈ သန်းထိခိုက်ခံစားရတယ်လို့ သိရပါတယ်။

Related posts

Cover
စစ်ကိုင်း ငလျင်ကြီး တစ်လပြည့်သည်အထိ နောက်ဆက်တွဲ ငလျင်များ ဆက်လှုပ်
Apr 29, 2025
Cover
နေ့စဉ် ငလျင် ၇ ကြိမ်ထက်မနည်းလှုပ်ခတ်နေ
Apr 19, 2025
Cover
ဧပြီ ၁၁ ရက်အထိ နောက်ဆက်တွဲငလျင်ငယ် တွေ လှုပ်ခတ်နိုင်ဟု ခန့်မှန်း
Apr 06, 2025
Cover
ဘန်ကောက်ရှိ စာရင်းစစ်ရုံး ပြိုကျမှုမှ သေဆုံးဒဏ်ရာရသူများကို တပတ်အတွင်း နစ်နာကြေးပေးမည်
Apr 06, 2025
Cover
နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ပြည်သူတွေစိုးရိမ်မှု မြင့်တက်နေရ
Apr 05, 2025
Cover
အန္တရာယ်ရှိ ကျောက်သေတ္တာစေတီခေါ် ကျောက်တုံးကြီးကို ဖောက်ခွဲဖျက်ဆီးပစ်ရန် အရေးပေါ်ပြောင်းရွှေ့ခိုင်း
Apr 03, 2025
Cover
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် မိုးဇလ ထုတ်ပြန်
Apr 03, 2025
Cover
ငလျင်ဒဏ်ကြောင့် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်ပြီး ရန်ကုန်မြို့နေပြည်သူတွေ သုံးရေ အခက်ကြုံနေ
Mar 31, 2025