NEWS

ငလျင်ကြောင့် မန္တလေး တက္ကသိုလ်  ပြိုကျပြီး မီးလောင်မှု ဖြစ်ပွားနေ

CoverLogo
964 Views

မန္တလေးမြို့ရှိ မန္တလေး တက္ကသိုလ် ငလျင်လှုပ် ကြောင့် မီးလောင်မှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေ ထံ ကသိရပါတယ်။

 

ယနေ့ မွန်းတည့် ၁၂နာရီ ၅၀မိနစ်ခန့် က စစ်ကိုင်းမြို့ကို ဗဟိုပြုကာ  ပြင်းအား ၇ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှုကြောင့် မန္တလေးမြို့အတွင်း အဆောက်အဦး ပြိုကျပျက်စီးတာတွေ ဖြစ်ပေါ်သလို မန္တလေး တက္ကသိုလ် အတွင်း မှာလည်း အဆောက်အဦး အချို့ မီးလောင်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

""အထဲ မှာ စာစစ်နေတဲ့ ဆရာ ဆရာမ တွေ ပိတ်မိနေပါတယ် မီးကအတော်များတယ် ""လို့ ဒေသခံတစ်ဦးကပြောပါတယ်။

 

လက်ရှိမှာ မြို့နယ် မီးသတ်တပ်ဖွဲ့ တွေက မီးငြိမ်းသတ် ရန် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

 

မန္တလေး မြို့ အတွင်းမှာလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု တွေ မီးလောင်မှုတွေ  နဲ့ ပိတ်မိနေသူတွေ  အတွက် ကယ်ဆယ်ရေး လုပ်ငန်း များ လုပ်ဆောင်ပေးဖို့ အတွက် အကူညီတွေ များစွာလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

Photo-လူမှုကွန်ယက်


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026