NEWS

ဂျပန် မှ မြန်မာအလုပ်သမား ၁၃၀၀ ကျော် ထပ်မံခေါ်ယူမည်

CoverLogo
677 Views

ဂျပန်နိုင်ငံရှိ စက်ရုံ အလုပ်ရုံတွေ မှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာအလုပ်သမား ၁၃၀၀ ကျော် ကို ထပ်မံခေါ်ယူတယ်လို့ မြန်မာသံရုံး တိုကျိုမြို့ ၏အလုပ်ကမ်းလှမ်းစာ စာရင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဂျပန်နိုင်ငံရှိ ကုမ္ပဏီနဲ့ စက်ရုံအလုပ်ရုံတွေက အလုပ်ကမ်းလှမ်းစာ  ၃၇၆ ခု  ရဲ့ စိစစ်ပြီးစာရင်း‌တွေကို ဂျ ပန်နိုင်ငံ၊ တိုကျိုရှိ မြန်မာသံရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေနဲ့  Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိတဲ့  ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁) ရက်နေ့အထိ လက်ခံရရှိ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့  ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၇၆)ခုနဲ့ ပတ်သက်တဲ့  အချက်အလက်တွေ ကို  အသိပေးထုတ်ပြန်ထားပါတယ်။

"ဂျပန်ကို သွားဖို့ demand ကျတာ စောင့်နေတဲ့သူ တွေ များ တယ် အခု သံရုံးရဲ့ စိစစ်ပြီး demand တွေ ထုတ်ပြန်တဲ့အထဲ ပါတဲ့သူတွေ ရှိသလို အချို့ တွေလည်း မပါသေးတာတွေရှိတယ် "လို့ ဂျပန်ကိုအလုပ်သွားရောက်လုပ်ကိုင်ရန်ဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။

ကိုဗစ်ကာလ နောက်ပိုင်းကစပြီး ဂျပန်နိုင်ငံ မှ အလုပ်ခေါ်ယူမှုဟာ ယခင်ထက်ငါးဆကျော်များလာသလို
သွားရောက် အလုပ်လုပ်ကိုင် လိုသူကလည်း ပိုမိုများပြားလာတဲ့ အတွက် ဂျပန်စကားသင်တန်း တွေ ဖွင့်လှစ် သင်ကြားတာတွေလည်း ပိုမိုများပြားလာပါတယ်။

အခုလိုလုပ်သားခေါ်ယူတာများလာတဲ့ အတွက် မြန်မာသံရုံး အနေနဲ့   အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာတဲ့  အလုပ်ကမ်းလှမ်းစာ ( Demand Letter ) တွေ ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ စိစစ်ဆောင်ရွက်ရာမှာ  ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ/ ကုမ္ပဏီများဟာ ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီး ဌာန မှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကာ မှန်ကန်တဲ့အလုပ်ခေါ်စာတွေကိုသာ လုပ်သားစေလွှတ်နိုင်ရန် ခွင့်ပြုပေးတယ်လို့သိရပါတယ်။

 


Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026