NEWS

ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း

CoverLogo
244 Views
 
ဂျပန် နိုင်ငံ မှာ အလုပ် လုပ်ကိုင်ဖို့ အတွက် ဂျပန် ကုမ္ပဏီ များ က မြန်မာလုပ်သား ၂၅၀ကျော် ကို ခေါ်ယူ ရန် အလုပ်ကမ်းလှမ်း ထားတယ်လို့ဂျပန် နိုင်ငံ တိုကျို မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
၂၀၂၆ခုနှစ် မတ်လ ၁ရက်မှ မတ်လ ၁၅ရက်အထိ စိစစ်ပြီးတဲ့ အလုပ်ကမ်းလှမ်းစာ ၄၆ခု တွင် မြန်မာလုပ်သား ၂၅၆ဦး ကို ခေါ်ယူရန် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
 
မြန်မာသံရုံး တိုကျိုမြို့ အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ(Demand Letter) များကို စစ်စစ် ဆောင်ရွက် ပေးလျက်ရှိတယ်လို့သိရပါတယ်။
 
ထိုသို့ စိစစ်ရာမှာ ဂျပန် နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံ တွင်တရားဝင်တည်ထောင်ခြင်း ရှိမရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီးစိစစ်တွေ့ရှိချက် များ သဘောထားမှတ်ချက် များ ကို နိုင်ငံခြားရေးဝန်​ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ရတယ်လို့ သိရပါတယ်။
 
ယခု အလုပ်ကမ်းလှမ်းစာ ၄၆ခု မှာ စိစစ်ပြီး ဖြစ်လို့ ၎င်းနဲ့ ပက်သက်တဲ့ အချက်အလက် တွေကို အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်းသိရပါတယ်။

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026