NEWS

ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာအလုပ်သမား ၁၂၀၀ကျော် ခေါ်ယူရန် ကမ်းလှမ်းစာပို့

CoverLogo
640 Views
 
ဂျပန်နိုင်ငံက ကုမ္ပဏီ ၃၁၀ က မြန်မာအလုပ်သမား ၁၂၀၀ ကျော် ခေါ်ယူမယ်လို့ တိုကျိုမြို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ မြန်မာအလုပ်သမား တွေကို ခေါ်ယူဖို့ ဂျပန်နိုင်ငံ ကုမ္ပဏီနဲ့ စက်ရုံ အလုပ်ရုံတွေက ကမ်းလှမ်းစာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီ ကမ်းလှမ်းစာတွေထဲက မြန်မာလုပ်သား ၁,၂၆၃ဦးကို ခေါ်ယူထားပြီး အမျိုးသားလုပ်သား ၄၀၀ကျော်နဲ့ အမျိုးသမီး လုပ်သား ၈၀၀ ကျော် ပါဝင်ပါတယ် ။
 
"ဂျပန် အလုပ်ခေါ်စာ တွေ က တောက်လျှောက် ခေါ်လာတာ၊ ထောင်ချီတော့ထုတ်ပြန်နေတာပဲ။ ခက်တာက အေဂျင်စီတွေမှာ ပြည်ပလုပ်သားတွေကို အသက်ကန့်သတ်ချက်နဲ့ပိုနေရတော့ ၊ ဝယ်လိုအားရှိပြီး ရောင်းလို အားမရှိတဲ့ ထုတ်ကုန်လိုမျိုး ဖြစ်နေတယ်။ ပြည်ပခေါ်စာတွေကတော့ ခုနောက်ပိုင်းများလာတယ်။ ပြည်တွင်းမှာက အကြောင်းအမျိုးမျိုးနဲ့ သွားရဖို့ အခက်ခဲတွေလည်း ဖြစ်နေတယ်"လို့ ပြည်ပ အလုပ်အကိုင်အေဂျင်စီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံကနေ ပြည်ပထွက် အလုပ်လုပ်နိုင်ဖို့ စစ်မှုထမ်းဥပဒေရဲ့ အသက်ကန့်သတ်ချက်၊ OWIC ကတ် ရရှိဖို့ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ အပြင် ပြည်ပပို့ဆောင်မဲ့ အလုပ်သမားအရေအတွက် ကန့်သတ်ချက်တွေပါ အကျိုးဆောင်အေဂျင်စီတွေ ရင်ဆိုင်နေရတာပါ။ ဒီလို အခက်အခဲတွေကို ဖြေလျှော့ဖို့ အေဂျင်စီတွေ စုပေါင်းတောင်းဆိုထားပေမဲ့ ဝန်ကြီးဌာနက အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။
 
အခု အလုပ်ကမ်းလှမ်းထားတဲ့ ဂျပန်ကုမ္ပဏီ ၃၁၀ ရဲ့ နောက်ကြောင်းအချက်အလက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ကနေ စိစစ်ပြီး အလုပ်သမားဝန်ကြီးဌာနကို ပေးပို့ခဲ့တာလို့လည်း ထုတ်ပြန်ထားတာပါ။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026