NEWS

ဂျပန်ကုမ္ပဏီ ၁၀၀ ကျော်မှ မြန်မာလုပ်သား ၁၀၀၀ ခန့်ခေါ်ယူရန် ကမ်းလှမ်း

CoverLogo
349 Views
 
ဂျပန်နိုင်ငံရှိ စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ဂျပန် ကုမ္ပဏီ ၁၀၀ကျော်မှ မြန်မာလုပ်သား ဦးရေ ၁၀၀၀ ခန့် ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့ရှိ မြန်မာသံရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
 
မြန်မာသံရုံးတိုကျို မြို့ အနေနဲ့ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဆင့် ပေးပို့လာတဲ့( Demand Letter) အလုပ်ကမ်းလှမ်းစာကို စိစစ်ဆောင်ရွက် ပေးလျက်ရှိရာ လက်ရှိမှာ စာရွက်စာတမ်း အချက်အလက်တွေ ကို စိစစ် ဖို့ အတွက်ကုမ္ပဏီ ၁၁၈ ခုရဲ့စာရင်းနဲ့ ခေါ်ယူမယ့်လုပ်သားဦးရေ စာရင်းတွေ ကို ထုတ်ပြန်ထားပါတယ်။
 
ထုတ်ပြန်ကြေညာထားတဲ့ စာရင်းထဲပါဝင်တဲ့ ကုမ္ပဏီတွေ အနက် အချို့ ကုမ္ပဏီတွေ ဟာ ကြေညာချက်မထုတ်ပြန်ခင်ကတည်းက သံရုံးသို့ စာရွက်စာတမ်း အချက်အလက်တွေ ကြိုတင်ပေးပို့ထားတာတွေရှိတဲ့အတွက် အခုလို ကြိုတင်ပေးပို့မှုဟာ အကျုံးမဝင်တာကြောင့် ယခုကြေညာချက် မှာ ပါရှိမှသာ စာရွက်စာတမ်းအထောက်အထားတွေကို စာတိုက်ကတစ်ဆင့် ပြန်လည်ပေးပို့ဖို့ မြန်မာသံရုံးက အသိပေးထားပါတယ်။
 
တိုကျိုရှိ မြန်မာသံရုံးအနေနဲ့ ဂျပန်နိုင်ငံမှ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ ခေါ်ယူမယ့် စက်ရုံ/ကုမ္ပဏီများ တရားဝင်တည်ထောင်ထားခြင်းရှိ/မရှိကို စာရွက်စာတမ်းများဖြင့် စိစစ်ကာ သဘောထားမှတ်ချက်များကို အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
 
လက်ရှိတွင် ဂျပန်နိုင်ငံ သို့ ဘိုးဘွားစောင့်ရှောက်ရေး၊ စားသောက်ကုန်၊ ဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အပါအဝင် အခြားလုပ်ငန်းများအတွက် မြန်မာလုပ်သားတွေ ကို လစဉ် ခေါ်ယူလျက်ရှိကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026