NEWS

ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ်လုပ်သားများ တောင်းဆိုမှု ပြေလည်မှုရ

CoverLogo
363 Views
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်က ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ်စက်ရုံ အလုပ်သမား‌တွေ တောင်းဆိုထားတဲ့ အချက်‌ တချို့ကို စက်ရုံဘက်က လိုက်လျောလို့ ပြေလည်မှု ရရှိခဲ့တယ် သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် STUM က ထုတ်ပြန်ပါတယ်။
 
တောင်းဆိုချက်တွေထဲက ရက်မှန်ကြေး တိုးမပေးလို့ အလုပ်သမားအများစု ကျေနပ်မှုမရှိ‌ပေမဲ့ နှစ်ဖက် သဘောတူချက် လက်မှတ်ရေးမထိုးပါက အလုပ်ပြုတ်မှာ စိုးရိမ်ကြလို့ လက်မှတ်ထိုးရတာတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ကျန်တဲ့ တယောက်ချင်းစီက မကျေနပ်ကြလို့၊ ထပ်ပြီးဆန္ဒပြတဲ့ သဘောမျိုးလုပ်တယ်။ အဲ့ဒီအခါ သူတို့ စူပါ‌တွေ ခေါ်ပြီး တလိုင်းချင်းစီ အလုပ်လုပ်မယ့်သူတွေကို လတ်မှတ်ထိုးပြီး အလုပ်ဝင်ကြရတယ်။ တချို့က မလုပ်နိုင်ဘူးဆိုပြီး ပြန်သွားသူတွေရှိတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ်စက်ရုံမှ စက်ရုံလုပ်သား ၃၀၀၀ ကျော်က မေ ၃၁ ရက်က စပြီး ဒေးကြေး ၄၈၀၀ ကနေ ၁၂၀၀၀၊ ရက်မှန်ကြေး ကျပ် ၂၀၀၀၀ ကနေ ကျပ် ၆၀၀၀၀ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
 
စက်ရုံဘက်‌ကတော့ ဒေးကြေး၊ အချိန်ပိုကြေး တိုးပေးခဲ့ပြီး ရက်မှန်ကြေးကို တိုးပေးဖို့ ငြင်းဆန် ခဲ့တာပါ။ တောင်းဆိုမှုကို မြို့နယ်အလုပ်သမားရုံး၊ ထွေအုပ်၊ ခရိုင်ရဲ အရာရှိတွေ လာရောက်ညှိနှိုင်းခဲ့ကြပြီး သဘောတူစာချုပ်က်ို အလုပ်သမား ကိုယ်စားလှယ် တွေက လက်မှတ်ရေးထိုးခဲ့ရတယ်လို့ ပြောပါတယ်။
 
ဟွာရှိန်စက်ရုံ သတင်းကို STUM က လူမှုကွန်ရက်မှာ ဖော်ပြပြီးနောက် STUM ရုံးကို ဖုန်းနဲ့ ဆဲဆို ခြိမ်းခြောက်တာ‌တွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025
Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025
Cover
Casico Garment Co.,Ltd အထည်ချုပ် နိုဝင်ဘာလစာ မပေး
Dec 14, 2025