NEWS

ခွင့်ပြန်နှင့် ကျွမ်းကျင် လုပ်သားများ OWIC ကတ် လျှောက်ထား လျှင် အလုပ်ရှင် ၏ ဖုန်းနံပတ်နှင့်အီးမေးလိပ်စာပါ ထည့်ပေးရမည်ဟု ထပ်မံကြေညာ

CoverLogo
198 Views
 
ပြည်ပနိုင်ငံ သို့ ကျွမ်းကျင် လုပ်သားဖြင့် သွားရောက်မယ့်သူတွေနဲ့ ပြည်ပမှ ခွင့် ဖြင့် ပြန်လာ သူတွေ အား ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် OWIC လျှောက်ထားရာမှာ လုပ်ငန်းရှင်ကိုဆက်သွယ်နိုင်မယ့်ဖုန်းနံပတ် နဲ့ အီးမေးလိပ်စာ တို့ကိုပါ ထည့်သွင်း လျှောက်ထားရမယ်လို့စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ရဲ့ Safe Migration တယ်လီဂရမ် ကနေ ဒီကနေ့မှာ ထုတ်ပြန်အသိပေးလာပါတယ်။
 
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား OWIC လျှောက်ထားမှုနဲ့ ပတ်သက် ပြီး ကျွမ်းကျင်ဖြစ်စေ၊ ခွင့်ပြန်ဖြစ်စေ အလုပ်ရှင် သို့မဟုတ် HR တို့ ထံ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်နဲ့ အီးမေး လိပ်စာများ ထည့်ပေးရန်လိုအပ်မယ် လို့ အသိပေးထားပါတယ်။
 
ယခင် တင်ပြထားတဲ့ လျှောက်လွှာတွေမှာ ၎င်း အချက်တွေ မပါရှိပါက ပြန်လည်ပေးပို့ရန်လိုအပ်တယ်လို့ အသိပေးထားပြီး ပေးပို့လာတဲ့ အချက်အလက်များကို ဦးစီးဌာန တွင် ယခင်မှတ်ပုံတင်ထားတဲ့ တန်းစီဇယားအတိုင်း အချက်အလက်များ ဖြည့်၍ စိစစ်ခြင်းများကို ဆောင်ရွက်မှာဖြစ်ကာ စိစစ် လို့ မှန်ကန်မှု ရှိသူများကိုသာ တန်းစီဇယား အလိုက် SOPနဲ့ အညီ ခွင့်ပြု နိုင်ရေး ဆောင်ရွက်ပေးမယ်လို့ အသိပေးထားပါတယ်။
 
" ပြည်ပ ထွက်မယ့် သူတွေ ကို စည်းကမ်းချက် အမျိုးမျိုး ထုတ်ပြန်နေတာ အခု OWICကတ် လျှောက်ထားတာ ကို ထပ်ပြီး လုပ်ပြန်ပြီ OWICကတ် လျှောက်ထားတာ ပြန်တင်ရအုံးမှာပေါ့ နေပြည်တော်အလုပ်သမားရုံးကို ဖုန်းဆက်ကြည့်တေ့ာ အပေါ်စာမှာ သူဌေး ဖုန်းနံပတ်နဲ့ အီးမေးလိပ်စာ ကို လွတ်တဲ့နေရာမှာရေးပြီး အရင်တင်သလို စာရွက်စာတမ်း အကုန်ပြန်တင်ပေးဖို့ ပြောတယ်" ခွင့်ပြန်လုပ်သားတစ်ဦးကပြောပါတယ်။
 
စစ်ကော်မရှင် အနေနဲ့ ပြည်ပ ထွက်မယ့် လုပ်သားတွေကို ကန့်သက်ပိတ်ပင်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပင် ခွင့်ပြန်နဲ့ကျွမ်းကျင် လုပ်သားတွေ ကို ပြည်ပပြန်လည်ထွက်ခွင့် အတွက် အလုပ်သမားဝန်ကြီးဌာန ထံ တင်ပြခိုင်းပြီး ခွင့်ပြုချက်ရမှာသာ ပြည်ပထွက်ခွင့်ရရှိမယ်လို့ သိရပါတယ်။
 
စစ်ကော်မရှင် အနေနဲ့ ခွင့်ပြန် လုပ်သားတွေ အပေါ် တင်းကျပ်မှုတွေလုပ် ပိုမိုလုပ်ဆောင်လာတာကြောင့် ပြည်ပရောက် မြန်မာ လုပ်သားတွေ အနေနဲ့ မိသားစု ထံ အလည်ပြန်လာချင်သော်လည်း အချိန်မှီ ပြန်လည်ထွက်ခွင့် မရမှာ စိုးရိမ်တဲ့ အတွက် ခွင့်ပြန်လာသူ နည်းလာတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026