NEWS

ခွင့်တရက်ယူပါက ကျပ် ၇၀၀၀၀ ထိဖြတ်တောက်ခံနေရပြီး ဥပဒေပါခံစားခွင့်ဆုံးရှုံးနေရ

CoverLogo
385 Views
 
လုပ်ငန်းခွင်အတွင်း ကျန်းမာရေးမကောင်းဖြစ်ပြီး အလုပ်တရက်ပျက်ပါက ဒေးကြေး ထောက်ပံ့ကြေး ရက်မှန်ကြေး တွေ ဖြတ်တောက်ခံရလို့ ကျပ် ၇၀၀၀၀ ကျော်ဖြတ်တောက်ခံနေရပြီး ဥပဒေပါ ခွင့်ခံစားခွင့်မရတာကြောင့် ဆုံးရှုံးနစ်နာမှုတွေဖြစ်ပေါ်နေတယ်လို့ Myanmar Guotai Huasheng Glory Fashion Co.,Ltd စက်ရုံအလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းထားပါတယ်။
 
အဆိုပါ စက်ရုံက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၅၀၀ ကျော်နဲ့ Xside Active အထည်တွေ ချုပ်လုပ်နေတာပါ။
 
အဆိုပါ လုပ်ငန်းက တရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်ထဲမှာ အထည်စံချိန် ကို ချုပ်လုပ်နိုင်တာထက်ပိုမိုတောင်းခံနေတာလို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။
 
အလုပ်သမား ၃၂ ဦးရှိတဲ့ စက်လိုင်းတလိုင်းမှာ တနာရီကို လိုင်းပေါက်အထည် ၆၀ သတ်မှတ်ထားပြီး တဦးလျင် နှစ်ပွိုင့်၊ ၃ ပွိုင့်ထိချုပ်လုပ်ရတဲ့အပြင် အထည်မနိုင်တဲ့ စက်လိုင်းတွေအတွက်ပါ ချုပ်လုပ်ပေးရတာကြောင့်လည်း အထည်စံချိန်မပြည့်ပါက ဖိအားပေးခိုင်းစေမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ ဆိုထားပါတယ်။
 
"လိုင်း ၁၆ စူပါဆိုရင် အလုပ်သမားတွေကို အော်ဆဲပြီးတော့ အထည်တောင်းတာ ၊ လူဟောင်းတွေဆိုလည်း အပြစ်မရှိအပြစ်ရှာဖိအားပေးတယ်၊ ခွဲခြားဆက်ဆံတာလုပ်တယ်၊ စက်လိုင်း ၈၊ ၁၄၊ ၁၅၊ ၁၆ စူပါတွေဆိုရင် တခုခုဆိုကြိုက်တဲ့နေရာသွားတိုင် ဂရုမစိုက်ဘူးဆိုပြီးပြောတယ်၊ HR လည်း ငါတို့ဘက်က ဆိုပြီး ပေါ်တင်ပြောတာပါ စစ်အာဏာမသိမ်းခင်က အလုပ်သမားသမဂ္ဂထဲဝင်ဖူးတဲ့ လူတွေအလုပ်လာလျှောက်ရင်လည်း မခေါ်ဘူးလို့ ပြောတယ်၊ လူဟောင်းသမားတွေကို အထည်စံချိန်ပိုတောင်းတာတွေလုပ်တယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။
 
လက်ရှိမှာ လုပ်ငန်းခွင်အတွင်း ဥပဒေပါခွင့်ခံစားခွင့်မရတာကြောင့် ခွင့်မပေးဘဲ အလုပ်တရက်ပါပက ဒေးကြေး ထောက်ပံ့ကြေး ရက်မှန်ကြေး နဲ့ ဂရိတ်ကြေး စုစုပေါင်း ကျပ် ၇၀၀၀၀ ကျော် ဖြတ်တောက်ခံရပြီး နစ်နာဆုံးရှုံးမှုရှိနေတယ်လို့ ဆိုပါတယ်။
 
""ဇူလိုင်လမှာ နှစ်ကြေးပြည့်မယ့် အလုပ်သမား ၁၈ လောက်လောက်ကို ၆ လပိုင်းထဲမှာ ကြိုပြိး ၉၆၀၀ ကျပ်နဲ့ ရှင်းပေးထားတယ်၊ ဒေးကြေးအပြည့်နဲ့ရှင်းပေးတာမဟုတ်လို့ မေးတော့ မန်နေဂျာက ငါတို့ပေးချင်တဲ့အချိန်ပေးမယ်ဆိုပြီး ခေါင်းပုံဖြတ်ထားတယ်"လို့ အလုပ်သမား‌ ကပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်အတွင်း ချိုးဖောက်မှုတွေကြောင့် နစ်နာဆုံးရှုံးမှုတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်အနေနဲ့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကိုခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ မချုပ်လုပ်နိုင်သော အထည်စံချိန်များကို မတရားတောင်းခံနေခြင်း မပြုလုပ်ရန်။
၃။ မန်နေဂျာမှ နှစ်ကြေးပိုက်ဆံကို ဒေးကြေးအပြည့်အဝပြန်ရှင်းပေးရန်။
၄။ စက်လိုင်း၁၆စူပါမှ အလုပ်သမားများကို အော်ဟစ်ဆဲဆိုကာ အထည်တောင်းခံနေခြင်း မပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားနှစ်ပွိုင့်သုံးပွိုင့်ချုပ်လုပ်ရသော်လည်း အခြားစက်လိုင်များကို အထည်မနိုင် လို့ဆိုပြီးလိုက်လံချုပ်ခိုင်းခြင်း မပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ လူဟောင်းအလုပ်သမားတွေကို ခွဲခြားဆက်ဆံခြင်း မပြုလုပ်ရန် စတဲ့အချက်တွေကို ဖြေရှင်းပေးဖို့ Myanmar Guotai Huasheng Glory Fashion Co.,Ltd အလုပ်သမားတွေက လိုလားနေတယ်လို့ ပြောပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026